Wednesday 9 January 2013

ကော့သောင်းလူကုန်ကူးအထူးအဖွဲ့နှင့်‌ရနောင်းလူကုန်ကူး နယ်စပ်ဆက်ဆံရေးရုံးပူးပေါင်း၍ မြန်မာ အမျိုး သမီး (၆) ဦးအား ကယ်တင်

၂၉-၁၂-၂၀၁၂ ရက်နေ့ ၂၀၁၀ အချိန်တွင် တာဝန်သိပြည်သူတစ်ဦးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် (လူကုန်ကူး) တိုင်တန်း ချက်ဖုန်းသို့ ၎င်း၏တူမဖြစ်သူ မ xxxxxx ပါ ၆ ဦးအား မခင်သီတာနိုင်(ခ) မသံဇဉ်၊ ၃၀ နှစ်၊( ဘ) ဦးကျော်မင်းထွန်း၊ ဥက္ကာ ၂ လမ်း၊ မြောက်ဥက္ကလာပနေသူ အမျိုးသမီးက ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ ဘန်ဒေါရပ်ကွက်၊ အနှိပ်ခန်းသို့ ပို့ဆောင်ရန် ခေါ်ဆောင်သွားကြောင်း တိုင်တန်းခဲ့သဖြင့် စုံစမ်းေ ဖ်ာထုတ် ကယ်တင်ရန် ကော့သောင်းလူကုန်ကူးအထူးအဖွဲ့သို့ ညွှန်ကြားခဲ့ပါသည်။ ၂။ ကော့သောင်းအထူးအဖွဲ့သည် ထိုင်းနိုင်ငံ၊ ရနောင်းမြို့လူကုန်ကူးနယ်စပ်ဆက်ဆံရေးရုံးနှင့် ဆက်သွယ် ၍ အဖွဲ့နှစ်ဖွဲ့ပေါင်း ပူးပေါင်းဆောင်ရွက်လိုကြောင်း ညှိုနှိုင်းခဲ့ပါသည်။ ထို့နောက် ကော့သောင်းအထူးအဖွဲ့မှ ရဲအုပ် ၀င်းနိုင်ဦးနှင့် ဒုရဲအုပ် သန့်ဇင်တို့သည် ၃၀-၁၂-၂၀၁၂ ရက်နေ့ ၁၄၃၀ အချိန်တွင် ရနောင်းမြို့သို့ သွားရောက်၍ နယ်ခြားစောင့်တပ် အမှတ် (၂၅) မှ ဗိုလ်မှူး ဌာနဖတ် ဦးဆောင်သော အဖွဲ့နှင့်အတူ ရနောင်းမြို့၊ဘန်ဒေါရပ်ကွက်ရှိ ချဘားဖိုင်အနှိပ်ခန်းအား ၀င်ရောက်စီးနင်းခဲ့ရာ အောက်ပါအမျိုးသမီး ၆ ဦးအား ကယ်တင် နိုင်ခဲ့ပါသည်- (က) မ xxxxxx ၃၀ နှစ်၊ မြောက်ဥက္ကလာပ၊ ( ခ ) မxxxxxxx(ခ) မxxxxxx ၊ ၁၇နှစ်၊ လှိုင်သာယာ၊ ( ဂ ) မ xxxxxx(ခ)မxxxxx ၊ ၂၄ နှစ်၊ လှိုင်သာယာ၊ (ဃ) မxxxxxxx ၊ ၂၈ နှစ်၊ လှိုင်သာယာ၊ ( င ) မxxxxxx(ခ) မ xxxxxxx ၊ ၁၇ နှစ် ၊ လှိုင်သာယာ၊ ( စ ) မxxxxxxx (ခ) မxxxxxxxx၊ ၂၉ နှစ်၊ လှိုင်သာယာ၊ ၃။ ယင်းအနှိပ်ခန်းပိုင်ရှင်မှာ မသီသီချို၊ ၄၃ နှစ် (ဘ) ဦးတင်နု၊ သကျက်ကန်းရွှာ၊ ပုလောမြို့နယ် နေထိုင်သူဖြစ်၍ ထိုင်းနိုင်ငံသား ကျာဖိုဆိုသူနှင့် အိမ်ထောင်ပြုထားသူ ဖြစ်ရာ ရနောင်းရဲစခန်းမှ စစ်ဆေး မေးမြန်းလျှက်ရှိပြီး ကယ်တင်ရရှိသူ အမျိုးသမီး ၆ ဦးအား ရနောင်းမြို့၊ ကလေးနှင့် အမျိုးသမီးဂေဟာ၌ ယာယီစောင့်ရှောက်ထားရှိခဲ့ပါသည်။ ၄။ ဖော်ပြပါ အမျိုးသမီး ၆ ဦးအား ပို့ဆောင်သူများဖြစ်ကြသည့် မခင်သီတာနိုင် (ခ) မသံဇဉ်၊ (ဖမ်းမိ) နှင့် သူမ၏ အစ်ကိုဖြစ်သူ မောင်မောင်နိုင် (တိမ်းရှောင်) တို့အား ရန်ကုန်လူကုန်ကူးအထူးအဖွဲ့မှ ဖော်ထုတ် ဖမ်း ဆီး ခဲ့ရာ မခင်သီတာနိုင် (ခ) မသံဇဉ် ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏အစ်ကိုဖြစ်သူ မောင်မောင်နိုင် မှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် လှိုင်သာ ယာ ရဲစခန်း (ပ) ၁၄၆၉/ ၂၀၁၂၊ လူကုန်ကူး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း နှင့် အဆိုပါပုဒ်မအရ အမျိုးသမီးများနှင့် ကလေးသူငယ်များအား လူကုန်ကူးမှု ကျုးလွန်ပါက ထောင်ဒဏ် ၁၀ နှစ် မှ ထောင်ဒဏ် တစ်သက်အထိချမှတ်နိုင်ကြောင်း သိရသည်။ ကယ်တင်ထားသည့် အမျိုးသမီးများ လွှဲပြောင်းပေးေ ရး၊ အနှိပ်ခန်းပိုင်ရှင် မသီသီချိုအား အရေးယူနိုင်ရေးတို့အတွက် ရနောင်း လူကုန်ကူး နယ်စပ်ဆက်ဆံရေးရုံးနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။ ရဲဇာနည် By shwemyanmar media

0 comments: