Monday 14 January 2013

ကလေးစစ်သားကို စစ်တပ်က ပြန်ခေါ်သွားပြီ

ကောင်းမြတ်မင်း ~ ကလေးစစ်သားဖြစ်ခဲ့သူ မောင်ဇော်ထက်အောင်ကို မြန်မာ့တပ်မတော်က ဇန်နဝါရီလ ၈ ရက်နေ့တွင် ပြန်လည် ခေါ်ဆောင်သွားသည်ဟု မိသားစုနှင့် ပဲခူးတိုင်းဒေသမှ လူ့အခွင့်အရေး ဆောင်ရွက်သူတဦးက ပြောသည်။ မောင်ဇော်ထက်အောင်

- ပြည်ခရိုင်၊ ပေါင်းတလည်မြို့နယ် ရွာမအုပ်စု အိုင်ကျောင်းကုန်ရွာနေ အဘ ဦးဝင်းရွှေ၏သား

- ကိုယ်ပိုင်နံပါတ် တ/၄၂၀ ၅ရ၎

- လားရှိုးမြို့နယ်ရှိ အမှတ် ၁၉၂ စစ်မြေပြင် အင်ဂျင်နီယာတပ်

- မောင်ဇော်ထက်အောင် အရွယ်မရောက်မီ တပ်မတော်အတွင်းသို့ စုဆောင်းခံခဲ့ရကြောင်း၊ - ILO ကို သွားရောက်တိုင်ကြားခဲ့ပြီး ILO ၏ စုံစမ်းစစ်ဆေးမှု ခံယူနေစဉ်ကာလအတွင်း မောင်ဇော်ထက်အောင် အပါအဝင် မိသားစုဝင်များအပေါ် နှောင့်ယှက်ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီး ချုပ်နှောင်ခြင်း၊ တရားစွဲခြင်း မပြုလုပ်ရန် ဥပဒေပြဌာန်း ထားကြောင်း

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက် (HRDP) ပဲခူးတိုင်းတာဝန်ခံ ကိုဇော်ထွန်းက ပြောသည်။

“ ၂၀၀၇ နားလည်မှုစာချွန်လွှာမှာ ILO နဲ့ လက်ရှိအစိုးရက လက်မှတ်ထိုးထားတယ်။ အဲဒါတွေကို ချိုးဖေါက်ပြီး ဥပဒေမဲ့ လုပ်သွားတယ်။ စစ်တပ်က ဥပဒေကို မလေးစား မလိုက်နာသလို ဖြစ်နေတယ်။ ကျနော်ကတော့ ဥပဒေကိုလေးစားလိုက်နာဖို့ပဲ စစ်တပ်ကိုပြောချင်တယ်”

ဟု ကိုဇော်ထွန်းက ပြောသည်။

မိသားစုဝင်တွေရော မြို့နယ်အုပ်ချုပ်ရေးမှူးရှေ့မှာပဲ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုချိန်အထိ အဆက်အသွယ်မရသဖြင့် စိုးရိမ်ကြောင်း မိသားစုဝင်များက ဧရာဝတီကိုပြောသည်။

“ ILO က Protection Letter ထုတ်ပေးတဲ့နေ့ညမှာပဲ မယကရုံး ယာယီတာဝန်ခံ ဦးဟန်ဇော်ဝင်နဲ့ မိသားစုဝင်တွေ ရှေ့မှာပဲ (ဒကစ) က ဒုဗိုလ်မှူးကြီး ကျော်စွာမောင်က ဒီကောင့်ကိုဖမ်း ဆိုပြီး အမိန့်ပေးပြီး ဖမ်းဆီးသွားတာပဲ။ ILO ကစာတွေလည်းပြတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူး ကိုယ်တိုင်က ဘာမှမပြောဘူး။ ကျနော်ပြောတော့လည်း ဘာပြောပြော ဖမ်းဖို့ လာတာ ဆိုပြီး ဖမ်းသွားတယ်” ဟု မောင်အောင်ဇော်ထက်၏ အစ်ကို ကိုသန်းလင်းအောင်က ဧရာဝတီကို ပြောသည်။

0 comments: