Monday 1 October 2012

Chatting ထိုင်နေလို့ ကလေးသေနေမှန်းမသိရှာတဲ့မိခင်

မိခင်ဖြစ်သူက အင်တာနက်ဖိုရမ်တွင် Chat နေသည်။ အိပ်ရာထဲတွင် သူမ၏ ၁၉ လ အရွယ် ကလေး သေဆုံးနေသည်ကို မသိပဲ chat နေသော အမျိုးသမီး တစ်ယောက်ကို ဂျပန်နိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း AP သတင်းမီဒီယာတွင်ဖေါ်ပြထားသည်။ ဖြစ်ရပ်မျာ လွန်ခဲ့သော နှစ် ဇွန်လက ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်သာဖြစ်သည်။ ကလေးငယ် အပြင်းဖျားနေသည်ကို သိလျှက်နဲ့ ပြုစုကုသပေးမှုမရှိပဲ ဥပေက္ခာပြုကာ အင်တာနက်တွင် chatting လုပ်နေမှုကြောင့် ကလေး ငယ်မှာသေဆုံးခဲ့ရသည်။ အဆိုပါ ၁၉ လသား ကလေးငယ် နီအို သေဆုံးနေကြောင်းကို မိခင်ဖြစ်သူ အသက် ၂၉ နှစ် အရွယ် ရှီတာကာဟာရှိက နောက်တစ်နေ့မနက်ကျမှ သိရှိခဲ့ခြင်းဖြစ်သည်။ မစ္စတာကာဟာရှီ၏ ပထမ ကလေးငယ်မှာလည်း မွေးဖွားပြီး ရက်ပိုင်းအတွင်းမှာပင် သေဆုံးခဲ့ပြီး အခြားသားငယ်တစ်ယောက်မှာလည်း တိုက်ခန်း၏ လေဟာဆောင်မှ ကျပြီးသေဆုံးခဲ့ရဖူးသည်။ မစ္စတာကာဟာရှီသည် အင်တာနက် chatroom ကို စွဲစွဲမြဲမြဲအသုံးပြုနေသူ တစ်ဦးဖြစ်ကြောင်း သူမက ၀န်ခံပြောကြားခဲ့သည်။ " ကျွန်မ သားလေး မတော်တဆ သေဆုံးခဲ့ရတဲ့အချိန်ကစပြီး စိတ်ပြေလက်ပျောက် အင်တာနက် chatting လုပ်ပြီး တခြားသူတွေနှင့် စကားစမြည်ပြောလာတာ ၃ နှစ်လောက်ရှိပါပြီ..ကလေးမွေးပြုစုရတာ အရမ်းကို ကသီလင်တနိုင်ပါတယ်ရှင်" ဟု အန်အိတ်ခ်ျကေ သတင်းဌာန နှင့် တွေ့ဆုံရာတွင် မစ္စတာကာဟာရှီက ပြောခဲ့သည်။ သူမကို လူသေမှုဖြင့်လည်း အရေးယူထားသည်ဟုသိရှိရသည်။ မြန်မာအမျိုးသမီးများလည်း chatting ထဲတွင် မျောပါမနေဖို့ မိသားစုကို ဂရုတစိုက်ရှိဖို့ သတိပေးတဲ့အနေနဲ့ ကြမ်းပိုးလေး ရေးသားတင်ပြလိုက်ခြင်းသာဖြစ်ပါတယ်။ by အိမ်မက်နန်းတော် Rest of your post

0 comments: