Monday, 1 October 2012

ဟိုတယ်သို့အလုပ်အင်တာဗျူးလာရောက်ဖြေဆိုသည့် အမျိုးသမီးငယ်တစ်ဦး ဓားပြတိုက်အဓမ္မပြုကျင့်ခံရ

ဟိုတယ်တစ်ခုသို့ အလုပ်အင်တာဗျူးဖြေဆိုရန်လာရောက်သည့် အမျိုးသမီးငယ်တစ်ဦးကို လိမ်ညာလှည့်စားကာ ဓားပြတိုက်အဓမ္မပြုကျင့်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ကွာလာလမ်ပူ မှုခင်းစုံစမ်းစစ်ဆေးရေးဌာနတွင် တာဝန်ထမ်းဆောင်နေသော ACB Khairi airasa ၏ပြောကြားချက်အရသိရှိရသည်။ အဆိုပါအမျိုးသမီးငယ်မှာ အသက် ၂၄ နှစ်သာရှိသေးပြီး အင်တာနက်မှတဆင့် အမျိုးသားတစ်ဦး နှင့် သိကျွမ်းခဲ့ကာ လစာကောင်းသည့် အလုပ်တစ်ခုရရှိရန်အတွက် Cheras ရှိ ဟိုတယ်တစ်ခုတွင် အလုပ်အင်တာဗျူးဖြေဆိုရန် ချိန်းဆိုခဲ့ခြင်းဖြစ်သည်။ ဟိုတယ်သို့ ရောက်ရှိသွားချိန်တွင် သူမမှာ အဓမ္မပြုကျင့်ခံခဲ့ရပြီး ပစ္စည်းများလည်း လုယက်ခံခဲ့ရသဖြင့် သက်ဆိုင်ရာရဲဌာနသို့ ဆက်သွယ်တိုင်ကြားခဲ့သည်။ ရဲဌာနမှ တာဝန်ရှိသူများသည် အခင်းဖြစ်ပွားရာ ဟိုတယ်သို့ ချက်ချင်းလာရောက်ခဲ့သော်လည်း တည်းခိုသူများစာရင်းတွင် အမျိုးသမီးငယ်နှင့် ချိန်းဆိုသူ၏ အမည်မှာ တွေ့ရှိရခြင်းမရှိကြောင်း ၄င်းတို့အနေဖြင့် သံသယဖြစ်နေသူမှာ လွန်ခဲ့သော လက၄င်းပြစ်မှုမျိုးကျူးလွန်ခဲ့သည့်အသက် ၂၃ နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်းလည်း သိရှိခဲ့ရသည်။သက်ဆိုင်ရာ ရဲဌာနအနေဖြင့် အမှုဖေါ်ထုတ်နိုင်ရန် သံသယရှိသူများကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိပြီး မကြာမီအချိန်အတွင်း တရားခံကိုဖေါ်ထုတ်နိုင်လိမ့်မည်ဟုလည်း khairi က ပြောကြားခဲ့သည်။ ကြမ်းပိုးလေး(အိမ်မက်နန်းတော်) Rest of your post

0 comments: