Friday 7 September 2012

နားမကြားတဲ့ကလေး(၃)ဦးကို အဓမ္မပြုကျင့်ခဲ့သည်ဟူသော စွပ်စွပ်ချက်ဖြင့် တရားဆိုင်နေရသူ

BurmeseHearts 

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားက Yogyakarta မြို့ကြီးတွင် စိတ်ဖိစီးဒဏ်ခံနေရသော ကလေးသူငယ်များ အကူအညီပေးရေး NGO အလုပ်၌ နှစ်ရှည် လူမှုရေးလုပ်ကိုင်ခဲ့သည့် အသက်(၇၅)နှစ်အရွယ် ပြင်သစ်အမျိုးသားတစ်ဦးဟာ ၁၉၉၇ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အတွင်း နားမကြားတဲ့ ယောက်ျားလေးသုံးဦးအား အဓမ္မပြုကျင့်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် တရားရင်ဆိုင်နေရကြောင်း သိရသည်။၂၀၀၄ ခုနှစ်တွင် ထိုပြင်သစ်အမျိုးသားအား ၎င်း၏အိမ်နှင့် ဟိုတယ်တွင် ကလေးသူငယ်များကို လိင်ပိုင်ဆိုင်ရာ မဖွယ်မရာ ပြုလုပ်ခဲ့သည်ဟု အင်ဒိုနီးရှားရဲများက သံသယရှိခဲ့တာပါ။အဓမ္မပြုကျင့်ခံခဲ့ရသည့် ယောက်ျားလေးများက သူတို့တွေဟာ ထိုပြင်သစ်အမျိုးသား၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ကြရပြီး တခါတရံ ထိုအမျိုးသားက ကလေးများကို ငွေနှင့် လိင် အလဲအလှယ် ပြုလုပ်ခဲ့သည်ဟု ၎င်းတို့၏ ဆရာမအား ပြန်ပြောခဲ့သည်ဟု သိရသည်။ထိုသူကတော့ ၎င်းအပေါ် စွပ်စွဲချက်များအား ငြင်းဆိုထားကြောင်း သိရသည်။

0 comments: