Friday 7 September 2012

မိခင်တစ်ဦးဟာ သူမ၏ တစ်နှစ်နှင့် ငါးနှစ်သားအရွယ် သားနှစ်ယောက်ကို သတ်ပြီး ဟင်းချက်စား

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နေထိုင်သော မိခင်တစ်ဦးဟာ သူမ၏ တစ်နှစ်နှင့် ငါးနှစ်သားအရွယ် သားနှစ်ယောက်ကို သတ်ပြီး ဟင်းချက်စားခဲ့တဲ့ အတွက် ရဲများက ထိုအမျိုးသမီးအား ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း တနင်္လာနေ့တွင် ထိုင်းရဲများ အပြောအရ သိရသည်။
ရဲတွေက သူမကို သူမနေအိမ်တွင် တွေ့တဲ့အချိန်၌ သူမသတ်ဖြတ်ခဲ့သော သူမသားနှစ်ဦး၏ ကိုယ်လက်အင်္ဂါများဟု ယူဆနိုင်သော အပိုင်းအစအချို့အနီးအနားမှာ ပြန့်ကျဲလျက် အိပ်ပျော်နေခဲ့ကြောင်း သိရသည်။
ရဲများက ထိုအမျိုးသမီးအား မေးခွန်းအချို့ စစ်မေးခဲ့ပေမယ့် ထိုအမျိုးသမီးက ဘယ်မေးခွန်းကိုမှ ပြန်လည်ဖြေဆိုခြင်း မရှိကြောင်းလည်း သိရသည်။
သူမ၏ နောက်ကြောင်းကို လိုက်စုံစမ်းသည့်အခါ သူမဟာ ၂၀၀၇ခုနှစ်က စိတ်မူမမှန်သောကြောင့် ဆေးကုသမှု ခံယူခဲ့ရပြီး သူမဟာ ပြီးခဲ့တဲ့ တစ်လ ၊ နှစ်လလောက်ကတည်းက ဆေးကုသမှု ခံယူနေတာကို ရပ်တန့်ခဲ့တယ်လို့ သူမ၏ ခင်ပွန်းက ဆိုပါတယ်။
အခင်းဖြစ်စဉ်တွင် ကလေးများ၏ဖခင်ဖြစ်သူဟာ မြို့ပြင်ဘက်သို့ သူမအတွက်လိုအပ်သော ဆေးများဝယ်ယူရန် ရက်အနည်းငယ်ကြာ သွားရမည့်အချိန်နှင့် တိုက်ဆိုင်နေခဲ့ပြီး သူ၏ဇနီး ဒီလိုလုပ်လိမ့်မည်ဟု မထင်ခဲ့ကြောင်း ခင်ပွန်းသည်က ပြောဆိုခဲ့သည်။
သူမအား တစ်ဦးတစ်ယောက်က နောက်ကလိုက် အန္တရာယ်ပေးနေသလို စိတ်မူမမှန်သည့်ဝေဒနာ ခံစားနေရသည့်အတွက် သူမအား လူသတ်မှုနဲ့ အမှုစွဲဆိုထားခဲ့ပေမယ့် ထိုအမှုအားရင်ဆိုင်ရန် သူမ စိတ်ကျန်းမာရေး မကောင်းသေးသည်မို့ Suan Prung Hospital သို့ ပို့ဆောင်၍ ကုသစေခဲ့ကြောင်း သိရသည်။
by burmesehearts

0 comments: