Sunday 9 September 2012

မွေးကင်းစ ကလေးငယ်တစ်ဦးအား တူးမြောင်းအတွင်း စွန့်ပစ်ထားမှုဖြစ်ပွား

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်းနှင့် ၄၂ လမ်းကြားနှင့် ၇၈ လမ်းနှင့် ၇၉ လမ်းကြားရှိ မင်္ဂလာတူးမြောင်းအတွင်း စွန့်ပစ်ထားခဲ့သည့် ကလေးငယ်တစ်ဦးကို ယခုလ ၄ ရက်နေ့က တွေ့ရှိခဲ့ကြောင်း သိရသည်။ စွန့်ပစ်ထားသော ကလေးငယ်မှာ ယောက်ျားလေးဖြစ်ပြီး လေးပေါင်ရှိကြောင်း သိရသည်။ “ကလေးကို တူးမြောင်းထဲမှာ အရင်တွေ့တာ။ တူးမြောင်းဆိုပေမယ့် ရေက ခြောက်လက်မလောက်ရှိတယ်။ အဲဒီကမှ ချောင်းကြီးထဲကို စီးဝင်တာ နည်းနည်းပဲလိုတော့တယ်။ ပထမအရုပ်လေးပဲထင်ကြတာ။ ကလေးအသံကြားမှ သိရတယ်။ ကလေးက မျက်နှာတွေ ပြာနေပြီ။ ကလေးကိုဆယ်ပြီး မြို့နယ် ဒေသန္တရ ဆေးခန်းကိုသွားတော့ နေ့လယ်ပိုင်း ရောက်နေပြီ။ ဆရာဝန်က တစ်ယောက်မှ မရှိဘူး။ ဒါနဲ့ ဆေးရုံကြီးမွေးကင်းစဆောင်ကို သွားပြီး အောက်ဆီဂျင် ပေးတော့မှကလေးက အသံတွေထွက်လာတယ်” ဟု ကလေးငယ်အား ဆေးရုံသို့ လိုက်ပါပို့ဆောင်ပေးခဲ့သော ဦးအောင်အောင်နိုင်(ခ) ဘကြီးအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။ အဆိုပါ ကလေးငယ် ဆေးကုသရန်အတွက် နီးစပ်ရာမှ အလှူငွေများ ထည့်ဝင်ပေးခဲ့ကြသည်။ စည်သူလွင် - မြန်မာတိုင်းမ် အတွဲ ၃၀၊ အမှတ် ၅၈၅ (၇ - ၁၃၊ ၉၊ ၂၀၁၂) Rest of your post

0 comments: