Friday 21 September 2012

တရုတ်နိုင်ငံ တောင်ပိုင်းရှိ ဂွမ်ဒေါင်းဒေသတွင် ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို ဖော်ထုတ် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ တရုတ်အစိုးရပိုင် Xinhua သတင်းဌာနက အင်္ဂါနေ့တွင် ကျွမ်းကျင်သူများသည် ဇန်ဂျီအန်းမြို့ရှိ ဘဲများ၌ H5N1 ကူးစက်မှုများ ရှိနေသည်ကို အတည်ပြုခဲ့ကြောင်း ဖော်ပြသွားသည်။ စက်တင်ဘာ (၁၁)ရက်နေ့ ကတည်းက ဘဲအကောင်ရေ (၁၄၀၅၀)ကောင်တွင် ရောဂါပိုး ကူးစက်ခဲ့ပြီး (၆၃၀၀)ကျော် သေဆုံးခဲ့ကြောင်း စိုက်ပျိုးမွေးမြူရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ဆိုသည်။ အဆိုပါ ကူးစက်ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် ကန့်သတ်နယ်မြေ သတ်မှတ်ပြီး ရှင်းလင်းသွားမည်ဟုလည်း သိရသည်။ တရုတ်နိုင်ငံတွင် လယ်သမား အမြောက်အမြားသည် ကြက်ဘဲများ၏ စွန့်ပစ်ပစ္စည်းများနှင့် နီးကပ်သော နေရာတွင် နေထိုင်နေပြီး ယင်းသည် ကြက်ငှက်တုပ်ကွေး ကူးစက်မှုအတွက် စိုးရိမ်ရလောက်သည့် အခြေအနေ တစ်ခုဟု သိရှိရသည်။ Planet Myanmar Network

0 comments: