Tuesday 4 September 2012

လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြော


မြစ်ကြီးနား ခရိုင်  ဝိုင်းမော်မြို့နယ် နောင်းချိန်း ကျေးရွာ ကက်သလစ် ဘုရားကျောင်းဝင်း မြက်ခင်းပြင်၌ သြဂုတ်  ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲက လူကုန်ကူးမှု ဆိုင်ရာ အသိ ပညာ ပေးဟောပြောပွဲကို ကျင်းပခဲ့ရာ မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့ မှူးရုံးမှ ရဲမှူးလှသန်းက ကျေးရွာအတွင်း လူကုန်ကူးမှု ဆိုင်ရာ ကြိုတင် စောင့်ကြည့်အဖွဲ့ ဖွဲ့စည်းတာဝန် ပေးအပ်၍တာဝန် ဝတ္တရားများကို ရှင်းလင်း လူကုန်ကူးမှု နှိမ် နင်းရေး အထူးအဖွဲ့ တာဝန်ခံ အရာရှိ ဒုတိယရဲမှူး မြင့်ကြူက လူကုန် ကူးမှုနှင့် လူမှောင်ခိုမှု အဓိပ္ပာယ်၊ ဒေသခံ တိုင်းရင်းသားတို့၏ ရိုးသားမှု၊ ပွင့်လင်းမှုကို အခွင့်ကောင်း ယူ၍ လူကုန်ကူး၊လူမှောင်ခို ကူးသူတို့၏အခွင့်ကောင်းယူ ပြစ်မှုကျူးလွန် ခဲ့ပုံများ၊ မြန်မာနိုင်ငံ အတွင်း လူမှောင်ခို၊ လူကုန် ကူးခံရ သည့် ဖြစ်စဉ် ပြစ်မှုများနှင့် ကချင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် ပြစ်မှုများ၊ လူကုန်ကူး၊ လူမှောင်ခိုကူးနှင့် ပတ်သက်သည့် ဥပဒေနှင့်ပြစ်မှုပြစ်ဒဏ်များ၊ ဖြစ်စဉ်ဖြစ်ရပ် မှန်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြသကာ ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ ပေးခဲ့သည်။

ထို့နောက် ဝိုင်းမော်မြို့နယ် ရဲတပ်ဖွဲ့ မှူး ဒုတိယရဲမှူး ဉာဏ်ကီးရှိန်က မြို့နယ်အတွင်း မှုခင်းကျဆင်းရေး ဆိုင်ရာများ ပညာပေး ဟောပြောကာ အခမ်းအနားကို ညနေ ၃ နာရီခွဲက ရုပ်သိမ်းခဲ့သည်။ ဟောပြော ပွဲသို့ ဒေသခံ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား ၃၅ဝ ဦးကျော် တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

0 comments: