Wednesday 6 June 2012

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့

အကြိမ် (၄၀မြောက် ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ထိုင်နိုင်ငံ မဲဆောက်မြို့ SAW အထက်တန်းကျောင်း၌ ၂၀၁၂ ခုနှစ်ဇွန်လ  ရက်နေ့ နံနက်  နာရီတွင် ကျင်းပခဲ့ပါသည်။ ပျော်ပွဲရွင်ပွဲများ၊ာဏ် စမ်း ပဟေဠိများ၊ ပြခန်းများအား ခင်းကျင်းပြသခဲ့ကြောင်း သိရှိရသည်။ ၎င်းနောက် SAW အထက်တန်းကျောင်းမှ ကျောင်းသား/သူများကစွန့်ပစ်ပစ္စည်းများအား တူရိယာပစ္စည်းများအဖြစ် တီးခတ်ကာ တက်ရောက်လာသည့် ဧည့် ပရိတ်သတ်များကို ကပြဖျော်ဖြေခဲ့ကြသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့  ပြုလုပ်ရခြင်း ရည်ရွယ်ချက်မှာကျောင်းသား/သူများအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းနှင့်စပ်ဆိုင်သည့် အသိပညာများ ရရှိစေရန်၊ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်၊ ပတ်ဝန်းကျင်မှ စွန့်ပစ်ထားသည့်ပစ္စည်းများဖြင့် လူသုံးကုန်ပစ္စည်းများအဖြစ် ပြန်လည်ထုတ်လုပ်တတ်စေ ရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းသည် ကျောင်းပညာရေးနှင့်လူနေမှုဘ၀များအား ဆက်စပ်မှုရှိသည်ဆိုသော အ သိပညာများကိုကျောင်းသား/သူများနှင့် ရွှေ့ပြောင်းအလုပ်သမားမိသားစုများအား သိရှိစေရန်အခမ်းအနားကို ပြုလုပ်ရ ကြောင်း ပညာရေးတာဝန်ခံ ဆရာ ဦးသီဟမောင်မောင်က ပြောကြားခဲ့သည်။

0 comments: