Saturday 5 May 2012

အမျိုးသမီးတဦးကို ဝိုင်းနှိပ်စက်နေကြတာပါ


တနသာရီတိုင်းဒေသကြီး၊ မိတ်ခရိုင်၊ ကျွန်းစုမြိုနယ်၊ ပထော်ကျေးရွာ (မြိတ်မြိုအရှေဘက်ကမ်း) တွင် နေထိုင်သူ မသန်းနု၊ အသက် ၃၈ နှစ် အိမ်ထောင်ရှိ၊ အမျိုးသမီးအား ခဲအိုဖြစ်သူက “စုန်း” ဟု ယိုးကာ၊ ကျွန်းစုမိုနယ်၊ ကမ်းကြီးကျေး ရွာသို့ ခေါ်ဆောင်ပြီး ဆရာကြမ်း (ဆရာယောင်ယောင် သမားယောင်ယောင်) ဦးမဲကြီးထံတွင် ၄ ရက်တာ ဆေးကုသမှု (ိုက်ပြီး ကု၊ အရက်တိုက်ကု) ခံယူရင်း သေဆုံးသွားခဲ့ပါသည်။
ဖြစ်စဉ်မှာ မသန်းနု အား (စုန်း) ဟု ယိုးမယ်ဖွဲ့ပြီး ပယောဂဆရာ မဲကြီး၊ သူမ၏ ခဲအို၊ ကျန်အပေါင်းအပါ ၂ဦး။ စုစုပေါင်း အမျိုးသား ၄ ဦးတိုမှ မတရားရိုက်နှက် နှိပ်စက်ကာ၊ ၄ရက်လုံး ထမင်းလဲမကျွေး၊ ဆဲဆို၊ လက်နက်ဖြင့် အမျိုးမျိုးသော ရက်စက်မှုတို့ဖြင့် ကုသရာ ၄ ရက်အကြာတွင် သေဆုံးခဲ့ပါတယ်။ တရားခံများကို ကျွန်းစုမြို့နယ် ရဲစခန်းတွင် အချုပ် ဖြင့်ထားရှိကြောင်း ကြားသိရပါတယ်။ တရားခံများထဲမှတဦးက MP4 ဖြင့် မှတ်တမ်းတင်ထားသော ဗွီဒီယိုမှတ်တမ်းကိုလဲ ရရှိထားကြပါတယ်။

0 comments: