Wednesday 7 September 2011

ဒန့်ဒလွန်ပင်ရဲ့ အာနိသင်များ

ဒန့်ဒလွန်ရွက် အသီးတွေက အေအိုင်ဒီအက်စ်ကို ကာကွယ်တယ်။ အဟာရရှိတယ်။ အာဖရိကမှာ လူတွေစိုက်ပျိုး စား သောက်လာတာကို တွေ့ရပါတယ်။ ဒန့်ဒလွန်မှာ ဗီတာမင်အေနဲ့ သံဓါတ်တွေပါတယ်လို့ ဆိုတယ်။ အမေရိကန်မှာ က လေး မွေးကင်စအရွယ်တွေကို အစိုးရက အိုင်းယွန်းနဲ့ ကယ်လဆီယမ်ကို မထိုးမနေရ ထိုးပေးတဲ့ ဓါတ်တမျိုး ဖြစ်ပါတယ်။ သံဓါတ်က ဦးနှောက်ဖွံ့ဖြိုးစေဖို့၊ ကယ်လဆီယံက လူကိုထွားကြိုင်းစေဖို့ဖြစ်တယ်။ ဒန့်ဒလွန်မှာ သံဓါတ်အလွန်များတယ်။ ဒါအပြင် ပိုတက်ဆီယက်ပါ ပါနေတယ်လို့ ဆိုတယ်။ ပိုတက်ဆီယံက ဓါတ်ကို ငှက်ပျော်သီးတမျိုးကပဲ ရနိင်တာ ဖြစ်ပါ တယ်။

အဟာရအလွန်ရှိတာကိုတွေ့ ရှိလာတဲ့နောက်ပိုင်းမှာ ဟာဝိုင်ယီ ကျွန်းသားတွေလည်း ဒန့်ဒလွန်ကို အကြီးအကျယ် စား သုံးလာကြတယ်။ မြန်မာ ပြည်မှာဒန့်ဒလွန်ပင်ကိုနေရာအနှံမှာစိုက်ပျိုးလို့ရတယ်။မိခင်တွေကိုယ်ဝန်ဆောင်ချိန်မှာ အရွက် ကို ဟင်းချိုလုပ်ကြတယ်။ဒန့်ဒလွန်က အဖြစ်မြန်တယ်။ ၂ နစ်အတွင်းမှာ ပေ ၂၀ အထိတက်တယ်။ အာဖရိကနဲ့ ဟာဝိုင် ယီ ကျွန်းသားတွေကတော့ ဒန့်ဒလွန်ပင်ကို အပင်အမြင်ကြီး မဖြစ်စေဘဲ။ ၃ ပေ ၄ ပေ လောက်ပဲထားပြီး ဖြတ်ပေးတယ်။ အရွက်တွေ လှိုင်လှိုင်တက်လာတာကို အားပါးတရခူးစားတယ်။ ဒန့်ဒလွန်ရွက်ကို အမှုန့်လုပ်ပြီး ဟန်ဘာကာ ထဲပါ ဖြူး စားကြတယ်။ အစာလည်းဆေးလးအစာ သဘောဖြစ်လာတယ်။

မြန်မာနိုင်ငံလို အဟာရပြတ်တောက်နေတဲ့ နိုင်ငံမှာ ဒန့်ဒလွန်ပင်ကို ပိုမိုစိုက်ပျိုးတာ စားသုံးတာခြင်းဟာ အကျိုးများမယ်။ သွေးတိုးသမားတွေအတွက်လည်း သင့်တော်တယ်။ သွေးကျတတ်တဲ့ ဝေဒနာရှင်တွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ အိန္ဒိယလူမျိုးတွေကတော့ ဒန့်ဒလွန်သီးဟာ ယောက်ကျားတွေအတွက် တယ်ကောင်းဆိုပဲ။ အိန္ဒိယက အိမ်ရှင်မတွေ ဈေး အပြန် ဒန့်ဒလွန်သီးကို ဈေးခြင်းထဲမှာ ထဲ့ပြီး ပြန်လာရင် အိမ်နီးချင်းတွေက ပြုံစိစိနဲ့တောင် ကြည့်ကြတယ်ဆိုပဲ။ ကိုဒန့့် ဒလွန်သီးရဲ့ အာနိသင်ကြောင့်ပေါ့။
wfww

0 comments: