Tuesday 6 September 2011

မြန်မာ မိန်းခလေးများနှင့် တရုတ်နိုင်ငံ၏ လိုအပ်ချက်

စက်တင်ဘာလ ၅ ရက်နေ့ထုတ် ယူကေမှ Telegraph (တယ်လီဂရပ်) အွန်လိုင်းသတင်းစာက “မြန်မာမိန်းခလေးများ အား တရုတ်သတို့သမီးများအဖြစ် အတင်းအကြပ်စေခိုင်းခံရခြင်း” (Burma’s women forced to be Chinese Brides) အမည်နှင့် သတင်းဆောင်းပါးတပုဒ်ကို ရွှေလီမြို့မှနေ၍ ဒေးဗစ်အီမာ (David Eimer) ဆိုသူ ရေးသားလိုက်သည့် သ တင်းကို ဖတ်ရှုလိုက်ရပါသည်။

သူ့ဆောင်းပါး အတိုချုပ်ကို ကောက်ရလျှင် တရုတ်ပြည်ကြီး၏ “ခလေးတယောက်” ပေါ်လစီအရ တရုတ်မိသားစုများ ကလေးတယောက် ရပြီးလျှင် သားကြောကို ဆရာဝန်မှ အလိုအလျှောက် ဖြတ်ပြီးဖြစ်သဖြင့် တရုတ်မိသားစုများ မိန်းခ လေးထက် ယောက်ကျားလေးကိုသာ ရအောင် ကြိုးစားယူကြသဖြင့် ယောက်ျားဦးရေနှင့် မိန်းမဦးရေ အချိုးအစား ကွာဟ မှု ဖြစ်လာခဲ့သည်။ ခန့်မှန်းချေအရ ယောက်ကျားလေး ၁၂၀ ဖွားမြင်တိုင်း မိန်းခလေး ၁၀၀ ခန့်သာ ဖွားမြင်သည့်အတွက် တရုတ်လူမှုရေးသိပ္ပံ အကယ်ဒမီမှ ထုတ်ပြန်သည့် ခန့်မှန်းချက်အရ ၂၀၂၀ ခုနှစ်တွင် တရုတ်ယောက်ျား ၂၄ သန်းတို့အ တွက် လက်ထပ်ယူနိုင်မည့် မယားမရှိဟူ၍ ဖြစ်သည်။

တရုတ်၏ ထို “ခလေးတယောက်ပေါ်လစီ” အရ ယောက်ကျားမိန်းမ အချိုးအစားမညီမျှမှုကြောင့် မိန်းမရှားပါးမှုဒါဏ်ကို တရုတ်နိုင်ငံသည် ခံစားနေရသည်။ ထိုလိုအပ်ချက်ကို တရားဝင် စေ့စပ်ကြောင်း လမ်းခြင်းဖြင့် လက်ထပ်ယူနိုင်သော သူ များရှိသော်လည်း၊ ထိုနည်းလမ်းဖြင့် မရနိုင်သူများက တရားဥပဒေ ဘောင် အပြင်မှ နည်းလမ်းများကို အသုံးချလာကြ သည်ဟု ယူနက်စကို၊ ဘန်ကောက်ရုံးမှ HIV/ AIDS နှင့် လူကုန်ကူးမှု ပပျောက်ရေးတာဝန်ခံ ဒေးဗစ်ဖင်းဂိုးလ် (David Feingold) က ဆိုသည်။

သူသည် ၂၀၀၃ ခုနှစ်က ထုတ်လုပ်ခဲ့သော မိန်းမရောင်းဝယ်ရေးအကြောင်း ရိုက်ကူးခဲ့သည့် ဒါရိုက်တာဖြစ်သည်။ တရုတ် နိုင်ငံတွင် သတို့သမီး (မယား) အဖြစ် အတင်းအကြပ် လုပ်ခိုင်းခြင်းခံရသူ မိန်းခလေးအများစုလာတဲ့ နိုင်ငံသည် မြန်မာ နိုင်ငံဖြစ်သည်ဟု သူကဆိုသည်။

ဒေးဗစ်က ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ နိုင်ငံလည်းဖြစ် စစ်အာဏာရှင်စံနစ်ဖြင့် အုပ်ချုပ်နေသူများလည်းဖြစ်သော ဂေါက် သီးရိုက်ရာတွင်လည်း အလွန်ဝါသနာပါသော ခပ်ကြောင်ကြောင် မြန်မာစစ်ဗိုလ်ချုပ်များသည့် မြန်မာနိုင်ငံက အမျိုးသမီး များ တရုတ်နိုင်ငံသို့ အရောင်းစားခံရခြင်း၏ အဓိကတရားခံများအဖြစ် ထောက်ပြခဲ့သည်။

လွန်မင်းစွာ ဖိနှိပ်အုပ်ချုပ်မှုကြောင့် ပြည်သူများ ငတ်မွတ်ခေါင်းပါးလာပြီး စီးပွါးရေးလွန်မင်းစွာ နိမ့်ကျလာမှုကြောင့် မြန် မာမိန်းခလေးများ လူအရောင်းအဝယ် ပွဲစားများ၏ ဈေးကွက်တွင်းသို့ ကျရောက်လာရသည်ဟု ထောက်ပြခဲ့သည်။ စီးပွါး ရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ နိမ့်ကျမှုကြောင့် ကုန်ထုတ် လုပ်မှုကျဆင်းလာပြီး အစာရေစာရှား ပါး ပြတ်လတ်မှုကိုပါကြုံတွေ့လာရသည့်အတွက် မြန်မာနိုင်ငံမှ အမျိုးသမီးများ အစာရေစာရှာရန်အတွက်လည်းကောင်း၊ မိသားစု ထောက်ပံ့ရန်အတွက်လည်းကောင်း တရုတ်နိုင်ငံသို့ ထွက်ကြသည့်အခါ လူပွဲစားများ၊ ပြန်ပေးသမားများ လက် တွင်းသို့ သက်ဆင်းကြရကြောင်း ဆိုသည်။ မြန်မာပြည်မှ အမျိုးသမီးအများစုမှာ တရုတ်နိုင်ငံသို့လူကုန်ကူးသူများ၏ ပို့ ခြင်းခံရပြီးနောက် အတင်းအကြပ် မယားအဖြစ် ပေါင်းသင်းခံရခြင်းနှင့် အဆုံးသတ်သွားကြရသည်ဟု သူကဆိုသည်။

တရုတ်ပြည်တွင်ခိုးသွင်းလာသောအမျိုးသမီးတယောက်၏ တန်ဘိုးသည် ယွမ် ၆၀၀၀ နှင့် ၄၀,၀၀၀ အထိ ရှိပြီး သူမ၏ အချိုးအစား၊ အသက်၊ အသားအရည်၊ မျက်နှာသွင်ပြင်ကောင်းလျှင် ကောင်းသလောက် ဈေးပေးခံရသည်။ စတာလင်ပေါင်နှင့် ၅၆၀ မှ ပေါင် ၃၇၅၀ အထိ ဈေးပေါက်သည်။

ယိုးဒယားအခြေစိုက် ကချင် အမျိုးသမီးအဖွဲ့မှ ထုတ်ပြန်ချက်တွင် ရောင်းစားခံရသော မြန်မာမိန်းခလေးများ၏ ၂၅% သည် အသက် ၁၈ နှစ်အောက်ဖြစ်သည်ဟု ဆိုသည်။ “ယောက်ျားတွေက သူတို့အတွက် ခလေးမွေးပေးနိုင်မဲ့ ကျန်းမာ သန်စွမ်းပြီး အသက်အရွယ်ငယ်တဲ့ မိန်းခလေးတွေ လိုလားသည်” ဟု ယူနန်ပြည်နယ်ရှိ ကဝပ်လူကုန်ကူးမှု တိုက်ဖျက် ရေး အဖွဲ့ (Kwat’s anti-trafficking programme in Yunan Province) ခေါင်းဆောင် ဂျူလီယာမရစ် (Julia Marip) ကဆိုသည်။

“မိန်းခလေးတွေကို ခလေးမွေးပေးဘို့ စက်တခုလိုပဲ သဘောထားကြတယ်” ဟု သူမက မှတ်ချက်ပေးခဲ့ပါသည်။

ဤဆောင်းပါးအစကို မြန်မာပြည်မှ ၁၂ နှစ်သမီးအရွယ်တွင် ပြန်ပေးဆွဲခံရသည့် ခလေးမ “အပ” (တိုင်းရင်းသူဖြစ်ပုံရ သည်) နှင့် စပြီး ၎င်းကို တရုတ်မိသားစုတစုထံတွင် ပြန်ပေးဆွဲသူများက ရောင်းစားခဲ့ပြီး ၎င်းတို့၏ အသက် ၂၀ အရွယ် သားနှင့် ပေးစားရန် ကြံစည်ခဲ့သော်လည်း နောက်ဆုံး ၃ နှစ်အကြာ တရုတ်ပုလိပ်များက မှတ်ပုံတင်စစ်ဆေး သည့်အခါ တွင် သူမသည် နိုင်ငံခြားသူဖြစ်ကြောင်း ပေါ်လွင်သွားပြီး မြန်မာပြည်သို့ ပြန်ခွင့်ရခဲ့ခြင်းဖြစ်သည်ဟု အဆုံးသတ်ထား သည်။

မြန်မာမိန်းခလေးများကို ဈေးလယ်တွင် ဝတ်ကောင်းစားလှများကို ဝတ်ဆင်စေပြီး မိတ်ကပ်ခြယ်သလျက် ဗြောင်လေလံ တင် ရောင်းချသည့် နေရာများလည်းရှိကြောင်း ထိုဆောင်းပါးတွင် ရေးသားထားသဖြင့် တုန်လှုပ်ချောက်ခြားစရာ သူတို့ ဘဝကို ကိုယ်ချင်းစာမိခဲ့ပါသည်။ ၂၁ ရာစု ခေတ်မီတိုးတက်နေသော လူ့သမိုင်းသည် တပတ်လည်၍ ကျွန်ရောင်းကျွန် ဝယ်စံနစ်ဆီသို့ ပြန်ရောက်နေပြီလားဟု မေးခွန်းထုတ်ရတော့မလို ဖြစ်နေပါသည်။

ချုပ်၍ ပြောရလျှင် မြန်မာနိုင်ငံသည် အာရှနိုင်ငံများကြားတွင် လွတ်လပ်ရေးရခါစမှ ၁၉၆၂ ခုနှစ် မတိုင်မီအထိ အရှေ့ တောင်အာရှ၏ ကြယ်တပွင့်၊ အာရှတိုက်၏ စပါးကျည် ဝမ်းဗိုက်ဟု တင်စားခေါ်ခံရသည့် ဆန်စပါးအထွက်ဆုံး နိုင်ငံဘဝ။ အိမ်နီးးချင်းနိုင်ငံများ၏ အားကျလေးစားလောက်သော အဆင့်မြင့် တက္ကသိုလ်ပညာတတ်များ မွေးထုတ်ရာ ရန်ကုန်ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ်ကြီးရှိသည့် အရှိန်အဟုန်ကြီးခဲ့သော နိုင်ငံဘဝမှ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘဝသို့ ၁၉၈၇ ခုနှစ်တွင် ကျ ရောက်သွားခဲ့ရခြင်းသည်လည်းကောင်း၊ ယနေ့အထိ ကမ္ဘာက ဖိနှိပ်မှု အပြင်းထန်ဆုံး၊ လူ့အခွင့်အရေး အချိုးဖောက်ဆုံး နိုင်ငံအဖြစ် အပြစ်တင်ခံနေရသည်မှာ စစ်အာဏာရှင်စံနစ်ကြောင့် ဖြစ်သည်။ ယ္ခင်က ယိုဒယားနိုင်ငံကို မြန်မာပြည်သား များက “ဖါနိုင်ငံကြီး” ဟူ၍ အထင်သေးအမြင်သေး ရှုံ့ချကြသည်။ ယနေ့ အိမ်နီးခြင်း ယိုးဒယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ကု လားပြည်တို့တွင်ရှိသော ဖါများသည် မြန်မာအမျိုးသမီး အများစုဖြစ်သလို၊ မြန်မာပြည်တွင်း၌လည်း တရားမဝင် ဖါများ သောင်းနှင့်ချီ၍ မြို့နယ်တိုင်းအလိုက် အနှိပ်ခန်းများ၊ ကာယာအိုကေ နိုက်ကလပ်များတွင် ရှိနေကြပြီ ဖြစ်သည်။ အာ ဏာရူး စစ်ဗိုလ်များ၏ အတ္တစွဲကြီးမားလွန်းမှုကြောင့် ဖါနိုင်ငံဘဝသို့ ရောက်နေခြင်းကို မြန်မာပြည်ရှိ မည်သူကမျှ မတား ဆီးနိုင်ပါ။

တရုတ်ပြည်ရှိ မယားလိုအပ်မှုအရ ရောင်းစားခံရသော မိန်းခလေးများတွင် လူချမ်းသာ ပညာတတ်တရုတ်များ၏ မယား ဖြစ်ဘို့ထက် တရုတ်လယ်သမားများ၏ အဖြည့်ခံ အလုပ်ကျွန်မယားဖြစ်ဖို့က များပါသည်။ ထိုမိန်းခလေးများသည် ထိုသူ ၏ သွေးသားဖြည့်ဆည်းပေးရာ မယားအဖြစ်လည်းကောင်း၊ မိမိကာမကို ဝယ်ယူထားသူ၏ မိဘဖြစ်သူ၏ အစေခံအဖြစ် လည်းကောင်း အလုပ်အကျွေးပြုရင်း အနှိပ်စက်ခံပြီးနေထိုင်ရသည်၊ မိမိ ဘယ်နေရာရောက်နေသည်၊ ဘယ်သူ့ကို အကူ အညီတောင်းရမည်ကိုမသိကြချေ။ တရုတ်မိသားစု၏ အိမ်ကျွန်လုပ်ရင်း လွတ်လမ်းမမြင်သည့်အခါ မိမိကိုယ်ကိုယ် အဆုံး စီရင်သွားတတ်ကြသည်။ လယ်ယာသုံး ပိုးသတ်ဆေး သောက်၍အဆုံးစီရင်ခြင်းကို အများဆုံးအသုံးပြုခြင်းဖြင့် ကြေကွဲ စွာ ဘဝအဆုံးသတ် သွားကြရသည်။

တရုတ်ပြည်သည် မြန်မာပြည်ကို လူမျိုးအရ ဝါးမြိုမည်ဆိုသည်မှာ စိတ်ကူးယဉ် မဟုတ်ချေ။ မြန်မာပြည်ရှိ ဝနယ်မြေ၊ က ချင်နယ်မြေ၊ ရှမ်းနယ်မြေတို့တွင် တရုတ်ပြည်မှ တရွေ့ရွေ့ ပြောင်းလာသူများ ၁၉၈၈ ခုနှစ်နောက်ပိုင်းသက်သက် အနေ နှင့်ပင် သန်းချီ၍ရှိနေပြီ ဖြစ်သည်။

ထို့အပြင် တရုတ်ပြည်၏ မိန်းခလေးလိုအပ်ချက်သည် တနှစ်ထက်တနှစ် တိုးပွားများပြားလာမည်မှာ မြေကြီးလက်ခတ်မ လွဲ ဖြစ်သည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆီးပေးရမည့် အဓိကနိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်နေပြန်သည်။ အဘယ်ကြောင့်ဆို သော် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံကို မှီခိုနေရသည့် အဆင့်သို့ တရွေ့ရွေ့ကျရောက်လျက် ရှိသည်။

(၁) တရုတ်ကို အားကိုး၍ ကုလသမဂ္ဂမှ အရေးယူမခံရအောင် တရုတ်အလိုကျ ဧရာဝတီ မြစ်ဆုံ ရေကာတာတည် ဆောက်ရေးကို ပြည်သူများ တားနေသည့်ကြားမှ အတင်းအကြပ်လုပ်ဆောင်ရန် စိုင်းပြင်းလျက်ရှိခြင်း။

(၂) ဆင်းရဲမွဲတေနေသော နိုင်ငံဖြစ်သဖြင့် မိမိထက် ချမ်းသာသော တရုတ်နိုင်ငံက သစ်လိုလျှင်သစ်၊ ကျောက်လိုလျှင် ကျောက်၊ ဓါတ်ငွေ့လိုလျှင် ဓါတ်ငွေ့နောက်ဆုံး မိန်းမလိုလျှင် မိန်းမပေးကို ပေးရတော့မည် ဖြစ်သည်။

လာမည့် ၂၀၂၀ ခုနှစ်တွင် လူပျိုလူလွတ်တရုတ် ယောက်ကျား ၂၄ သန်းသည် ၎င်းတို့၏ သွေးသား ကာမဖြေဖျောက်ရန် အတွက်လည်းကောင်း၊ မျိုးပွားရန်အတွက်လည်းကောင်း၊ ဈေးချိုချိုနှင့်ရနိုင်သော မြန်မာပြည်မှ အမျိုးသမီးလေးများကို ဦးလှည့်လာပေလိမ့်မည်။ လူပွဲစားများအတွက် အလွန်ကြီးမားသော “သတိုးသမီးဈေးကွက်” သည် တားဆီးနေသည့် ကြားမှ မလွဲမသွေ ပိုမိုကြီးမားလာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။ တရုတ်ပြည်ကြီးတွင် ပြည့်တန်ဆာများကို အစိုးရမှ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ရပ်ကွက်ဖွင့်၍ တိုးပွားလာသော လူလွတ်ယောက်ျားများ အာသာဆန္ဒကို မပေါက်ကွဲစေရန်ထိန်းချုပ်ဖို့ လုပ်ဆောင်ကောင်းလုပ်ဆောင်လာနိုင်ဖွယ် ရှိသည်။ ထိုသို့လုပ်လာပါက ယိုးဒယားနိုင်ငံတွင် မြန်မာတိုင်းရင်းသူများ အများစု “ဖါ” ဖြစ်နေသည့်နည်းတူ၊ ၎င်းတရုတ်ဖါခန်းများတွင်လည်း မြန်မာအမျိုးသမီးများသာ အများစုအဖြစ် တွေ့မြင်ရနိုင်ဖွယ်ရှိပေသည်။ 


ထိုအဖြစ်ကို ကာကွယ်ရန်မှာ မြန်မာနိုင်ငံသည် တရုတ်၏ အမှီအခိုကင်းသော နိုင်ငံဖြစ်ရန် လိုအပ်ပေသည်။ ဒီမိုကရေစီ နည်းကျ လွတ်လပ်သော နိုင်ငံအဖြစ် မထူထောင်နိုင်လျှင် စစ်ကျွန်ဘဝမှနေ၍ တိုင်းတပါးအိမ်နီးချင်း တရုတ်ကျွန်ဖြစ်ရန် လက်တကမ်းသာလိုတော့ကြောင်း မျိုးချစ်မြန်မာများ၊ အထူးသဖြင့် တိုင်းချစ်ပြည်ချစ်စိတ် ရှိသော တပ်မတော် ဗိုလ်ချုပ်၊ အကြပ်တပ်သားများကို သတိပေး နှိုးဆော်လိုက်ပါသည်။ ယနေ့မြန်မာပြည်ကြီးကို ကယ်တင်ရန် မျိုးချစ်စိတ်ရှိသော ဗိုလ်ချုပ်၊ ဗိုလ်မှူး၊ဗိုလ်ကြီး၊ အကြပ်တပ်သားများ ပူးပေါင်းပါဝင်မှုရှိဖို့ အထူးလိုပါသည်။

ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်။

အားလုံးကိုလေးစားလျှက်

ထွန်းအောင်ကျော်
စက်တင်ဘာလ ၅ ရက်။

မှတ်ချက်။ ပြည့်တန်ဆာဟုမသုံးဘဲ “ဖါ” ဟု သုံးနှုန်းရခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းအရ “ဖါသည်နိုင်ငံကြီး ဖြစ်သွားမှာပဲ” ဆိုသည့်စကားကို အမှတ်ရစေလို၍ ဖြစ်ပါသည်။ ဖါနိုင်ငံကြီးဖြစ်အောင် ဘယ်သူတွေက လုပ်နေကြသနည်း။ 

photo by : http://pikapvs.wordpress.com/2011/06/20/china-p-r-c-is-a-source-transit-and-destination-country-for-human-trafficking/

0 comments: