Tuesday, 22 March 2011

မျှော်လင့်ချက်နဲ့ လာခဲ့တဲ့ ခရီးကြမ်း

နယူးဒေလီ (မဇ္ဈိမ)
HIV နဲ့ အတူနေသူ အသက် ၄ဝ နှစ်အရွယ် ဒေါ်မိငယ် (အမည်ရင်းမဟုတ်) က “ဆေးမကုသနိုင်ဘဲ မြန်မာပြည် နေတုန်းက တအား စိတ်ဓာတ်ကျတယ်၊ စိတ်ဆင်းရဲတယ်။ ဒါပေမဲ့ ဒီရောက်ပြီး ဆေးကုသ နိုင်တော့ ကိုယ့်ကိုယ်ကို အားတက်လာတယ်။ မျှော်လင့်ချက်လည်း ရှိလာတယ်’’ လို့ ပြောပါတယ်။

သူဟာ ကလေးနှစ်ယောက် မိခင်ပါ။ စစ်ကိုင်းတိုင်း ကလေးမြို့မှာ နေရင်းကနေ အိန္ဒိယနိုင်ငံ မဏိပူ ပြည်နယ်ထဲက Churachandpur မြို့မှာ အခမဲ့ ပြုစုစောင့်ရှောက်နေတဲ့ Happiness အမည်ရ အိမ် လေးဆီ ရောက်လာသူပါ။

တရက်မှာ ကလေးမြို့ကထွက်၊ တမူးမှာ တညအိပ်ပြီးနောက် နယ်ခြားတဖက် မိုရေးမြို့ကနေ Happi ness ရှိရာ Churachandpur ဆီ ခရီးဆက်ခဲ့ပါတော့တယ်။

“ကျမတို့အတွက် ART ဆေးစားရင်နေကောင်းမယ် ပေါ့နော်။ ကိုယ့်မှာ သားသမီးတွေ ရှိတယ်။ သားသမီးတွေက အသက်ငယ်သေးတယ်ဆိုတော့ သူတို့အတွက် မျှော်လင့်ချက်ရှိအောင် ဒီဆေးက မှန်မှန်စားဖို့လိုတယ်။ ဆရာဝန် တွေကလည်း ညွှန်ကြားထားတယ်။ ဆေးကို မပြတ်အောင်စားပြီးမှ အချိန်နဲ့ မှန်မှန်စားရင် ဒီရောဂါက ဘာမှကြောက် စရာ မလိုဘူးဆိုပြီး ကျမတို့ကို အားပေးတယ်”

မဏိပူပြည်နယ်က စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ကို ထိစပ်နေတာ။ ဒီပြည်နယ်ထဲကမှ Churachan dpur ကို ရောက်ဖို့ မိုရေးကနေ ၆ နာရီလောက် ကားစီးရတာ။ နိုင်ငံခြားသားမို့ အလွယ်တကူ ဖြတ် သန်းသွားလာခွင့် မပြုပါ ဘူး။

“စစ်သားတွေနဲ့ တွေ့ရင် မြန်မာပြည်က လူမှန်းသိရင် ပြန်ခိုင်းတယ်။ ပြန်ရင် လမ်းစရိတ်က ကားလက် မှတ်ဖြတ်ထားတဲ့ ၃၅ဝ က အလကားရှုံးတယ်။ မြန်မာနိုင်ငံသားအတွက် တအားအခက်အခဲရှိတယ်။ နေမကောင်းတဲ့ သူအတွက်တော့ မိုးလေးကနေ စထွက်ကတည်းက နှလုံးခုန်တွေတောင် တအားမြန် လွန်းလို့ တကယ်ကြောက်စရာ ကောင်းတယ်။ မိန်းကလေးအနေနဲ့ တအားပင်ပန်းတယ်။ စစ်သားတွေက မိန်းကလေးတွေကို တကိုယ်လုံး စစ်ဆေး ရှာတာ။ တအား စိတ်ပင်ပန်းတာ”

Happiness မှာ ဒေါ်မိငယ်လိုပဲ HIV နဲ့ အတူနေသူတွေနဲ့ AIDS ဝေဒနာသည် မြန်မာနိုင်ငံသား ၅ဝ လောက်လောက် ရှိပါတယ်။ ဒီထဲကမှ ၁၅ ယောက်က ၁၃ နှစ်အောက် ဝေဒနာသည် ကလေးငယ် တွေပါ။ ဒါ့အပြင် နောက်ထပ် ၁ဝ ယောက်လောက်ကတော့ HIV/AIDS နဲ့ပဲ မိဘတွေက ဆုံးပါးသွား လို့ တွယ်ရာမဲ့ ကလေးတွေ။

ချင်းပြည်နယ် ဒေသတချို့အပြင် စစ်ကိုင်းတိုင်း ကလေးနဲ့ တမူးမြို့နယ်ကနေ ရောက်လာသူက အများ စုပါ။

’’ဒီကိုလာတဲ့ မြန်မာပြည်သား ဝေဒနာသည်တွေက အုတ်ခဲစက်ရုံမှာလည်း အလုပ်လုပ်တယ်။ နန့်ဖာ လုံဈေးကနေ ငါးတို့၊ အဝတ်အထည်တို့ ယူရောင်းကြတဲ့လူလည်း ရှိတယ်။ ကောက်စိုက်တဲ့အချိန် ကောက်ဝင်စိုက်။ စပါးရိတ်ချိန်ကျ တော့ စပါးရိတ်ပေါ့။ ကြုံရာကျပမ်း လုပ်ကြတာပါပဲ’’ လို့ HIV နဲ့ အတူနေသူဖြစ်တဲ့ ကိုစွမ်းမောင် (အမည်ရင်းမဟုတ်) က ရှင်းပြပါတယ်။

ကိုစွမ်းမောင်က စစ်ကိုင်းတိုင်း ကလေးမြို့ တာဟန်းဒေသခံတယောက် ဖြစ်ပါတယ်။

’’ဒီမှာ ဆေးကုတာ တအားကောင်းပါတယ်။ ဆရာဝန်တွေလည်း ပြောစရာမလိုဘူး။ သူနာပြုတွေဆိုလည်း ဂရုစိုက် ကြတယ်။ ကျနော့်မှာ ဒီရောဂါရှိမှန်း သိတာက ၅ နှစ်ကျော်ပြီ’’

Happiness ဂေဟာက စောင့်ရှောက်မှုပေးနေတဲ့ ခရစ်ယာန် တရားဟောဆရာ Rama က “ဒီမှာ ဆေးကုရင် စစ် ဆေးတယ်၊ ဆေးစားတယ်၊ စာထုတ်တာနဲ့ အနည်းဆုံး ၆ လ နေရတယ်။ အခြေအနေ နည်း နည်းကောင်းလာရင် ၁ လ၊ ၂ လခြား ဆေးထုတ်လို့ ရတယ်ဆိုတော့ ပြန်သွားကြတယ်။ သူတို့ရဲ့ ဆေးတွေကို ရတဲ့အချိန်မှာ သွားထုတ်ပေး တယ်၊ သူတို့ရဲ့ နေရပ်ရင်းသို့ ပို့ပေးတယ်” လို့ ရှင်းပြပါတယ်။

Happiness ကို ကူညီနေတဲ့ မြန်မာအမျိုးသမီးသမဂ္ဂ (BWU) အဖွဲ့ဝင် ဒေါ်သီတာဦးက “မြန်မာပြည် ကလာတဲ့သူ တွေက တည်းစရာခိုစရာလည်း မရှိဘူး။ အဲဒါကို တရားဟောဆရာက သူ့ရဲ့နေရာအလွတ်မှာ ဖြစ်သလိုလေး ဆောက်ပေးတယ်။ အခုတော့ မဆိုးပါဘူး၊ Happiness ကို ကူညီသူတွေများလို့ ကောင်းကောင်းမွန်မွန် နေလို့ရ တယ်” လို့ ပြောပါတယ်။

“လူမျိုးတွေကတော့ ချင်းတိုင်းရင်းသားတွေ များတယ်။ ဗမာတွေကတော့ ဒီဘက်လာရတာ စကား လည်း မတတ်၊ ကြောက်တာနဲ့ သိပ်မလာရဲကြသေးဘူး”

ပုဂ္ဂလိက စေတနာရှင်တွေကလည်း လှူတန်းတာတွေရှိပါတယ်။ အလှူငွေ၊ ဆန်၊ ဆီ ရိက္ခာတွေ၊ အဝတ်အစား၊ တခါသုံးအပ်တွေကိုပေါ့။ ၁၃ နှစ်အောက် ကလေးငယ်တွေကို ပညာသင်ပေးတာရှိတော့ စာရေးကိရိယာတွေ ပေးလှူပါသေးတယ်။ ဝေဒနာသည်တချို့ကလည်း လက်မှုလုပ်ငန်းတွေနဲ့ တဖက်တလမ်းကနေ ဝင်ငွေရှာပါသေး တယ်။ ဒါ့အပြင် Churachandpur ဆေးရုံနဲ့ နယ်စည်းမခြား ဆရာဝန် များအသင်း MSF ကလည်း ဆေးဝါးထောက် ပံ့ပါတယ်။

မြန်မာဘက်ခြမ်းကနေ ART ဆေးကို တလတကြိမ်ဆိုသလို လာယူသူတွေရှိသလို၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ လို့ ၂ လ၊ ၃ လ တကြိမ်မျိုး လာထုတ်သူတွေလည်း ရှိပါတယ်။

ဒီကနေ့လို ကမ္ဘာ့ AIDS နေ့မျိုးဆို ဟောပြောပွဲရှိတတ်လို့ မြန်မာနယ်စပ်နေ ဒေသခံတွေ လာနားထောင်တတ်ပါ တယ်။

ရဲဌာန၊ ခရိုင်ကော်မရှင်ရုံးနဲ့ ဥပဒေထိန်းချုပ်ရေး အရာရှိရုံး တာဝန်ရှိသူတွေ၊ ဆရာဝန်တွေနဲ့ ဆေးရုံ ဝန်ထမ်းတွေ၊ အစိုးရမဟုတ်တဲ့ NGO တွေ၊ ခရစ်ယာန်အသင်းတော် လူကြီးတွေ၊ Happiness ဝေဒနာသည်တွေ အပါအဝင်နဲ့ လူပေါင်း ၁ဝဝဝ လောက်ဟာ ကသည်းလူငယ်အသင်း ဌာနချုပ် ခန်းမမှာ ဒီကနေ့ မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအထိ ဟောပြောပွဲနဲ့ ပညာပေး အစီအစဉ်တွေ ကျင်းပ ခဲ့ပါတယ်။

မဏိပူပြည်နယ်မှ မဟုတ်ပါဘူး။ HIV/AIDS ဝေဒနာသည်တွေကို လူသားချင်းစာနာတဲ့ စောင့်ရှောက်မှု ကို မီဇိုရမ် ပြည်နယ်မှာပါ ပေးနေတာပါ။

“အခု အိုက်ဇော (ပြည်နယ်မြို့တော်) ပြည်သူ့ဆေးရုံမှာ (အောအာရ်တီ) ဆေးဝါးတွေကို အခမဲ့ပေးနေ ပါတယ်။ ဗမာပြည်သားတွေလည်း ရတယ်။ လူမျိုးရေး မခွဲခြားဘူး။ ရောဂါရှိရင် ဘယ်လိုဆေးဝါးယူရ မယ်ဆိုတာကို ပြော တယ်” လို့ ကျန်းမာရေးလုပ်သား မမီးမီးက မဇ္ဈိမကို ပြောပြပါတယ်။

ဒါပေမယ့် မြန်မာပြည်သားတွေနဲ့ ဒေသခံတွေကို အခမဲ့ ကုသပေးတဲ့ အသင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ် ထဲမှာတော့ ရန်ပုံငွေ ပြတ်လပ်လာလို့ ရပ်ဆိုင်းလာတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“အရင်ကတော့ အိုင်ဇောမှာ စနေအသင်းရယ်၊ ဒွတ်တလန်း ဆေးရုံနဲ့ ဘာသာရေးအသင်းတွေ ရှိတယ်။ သူတို့ကနေ HIV ကူးစက်ခံရတဲ့ လူနာတွေကို အခမဲ့ ကုပေးတယ်။ စနေအသင်းမှာဆိုရင် လူနာတွေအတွက် သီးသန့်ဆေးခန်း ရှိခဲ့တယ်။ အခု ဘတ်ဂျက်တွေ မရှိတာကြောင့် ရပ်သွားပြီ။ ပညာ ပေး အဖွဲ့တွေလောက်ပဲ ရှိတော့တယ်” ဟု မမီးမီးက ပြောပါတယ်။

မီဇိုရမ်ပြည်နယ် AIDS ထိန်းချုပ်ရေးအဖွဲ့ရဲ့ ဝဘ်ဆိုဒ်မှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ဖော်ပြချက် အရ လူဦးရေ ၃၃၃၃ ကို သွေးစစ်ကြည့်ရာမှာ ၉၄ ယောက်ဟာ HIV နဲ့ နေထိုင်သူ၊ ၁၆ ယောက်က AIDS ရှိသူအဖြစ် တွေ့ရှိ ထားပါတယ်။

’’ပြည်တွင်းထဲမှာ ပိုက်ဆံမရှိလို့ မကုသနိုင်တဲ့လူတွေ အများကြီးရှိနေပါတယ်။ အဲဒီအကြောင်းပြောရင် ဝမ်းနည်းလွန်း လို့ ကြက်သီးတောင် ထမိတယ်။ ပိုက်ဆံမရှိဘဲနဲ့ ဒီကိုလာတာ။ တပတ်နှစ်ပတ်လောက် အလုပ်လုပ်ပြီး ဆေးကုတယ်။ ကိုယ်ထူကိုယ်ထ ဝမ်းစာရှာပြီး ဆေးကုရတာပေါ့နော်။ အခုဆို ဆောင်း တွင်းဝင်ပြီ။ အနွေးထည်တွေ၊ စောင်တွေမရှိ တဲ့ ဝေဒနာသည်တွေ အများကြီးရှိတယ်’’ လို့ ကိုစွမ်းမောင် က လတ်တလော လိုအပ်ချက်ကို ဆိုလာပါတယ်။

ဒေါ်မိငယ်ကတော့ “ကျမတို့လို့ မြန်မာပြည်ထဲမှာ ရောဂါသည်တွေ အများကြီးရှိတယ်။ ကိုယ့်နယ်မှာ ဒီလိုမျိုးရှိရင် ရောဂါသည်တွေအတွက် သိပ်ကောင်းမှာ။ လူဆိုတာ တနေ့နေ့ သေမယ့်လူတွေကြီးပဲ။ ဒီကမ္ဘာမှာ ဘယ်သူမှ မသေ မယ့်လူ မရှိဘူး။ ဒါပေမဲ့ ဒီရောဂါက အချိန်မှန်၊ စနစ်တကျနဲ့ မျှော်လင့်ချက် ရှိအောင် ကုသနိုင်ရင်တော့ သိပ်ကောင်း မှာပဲလို့ မြန်မာပြည်က လူတွေအတွက် တွေးမိတယ်” လို့ ပြောရင်း အသံတိုးဝင်သွားပါတော့တယ်။

HIV/AIDS

HIV ဆိုသည်မှာ Human Immunodeficiency Virus ကို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပြီး AIDS ဆိုသည်မှာ HIV ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော ရောဂါလက္ခဏာစု (Acquired Immuno-Deficiency Syndrome) ကို ခေါ်ဆိုတာဖြစ်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခြင်းရဲ့ အစောပိုင်းရောဂါ လက္ခဏာတွေက ကူးစက်သူ အများစုမှာတော့ ခံစားရလိမ့်မရှိတတ်ပါဘူး။ တချို့တလေမှာတော့ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက် ခံရပြီး ၃ ပတ်ကနေ ၆ ပတ် အတွင်းမှာ တုပ်ကွေးရောဂါနဲ့ ပုံစံတူတဲ့ ရောဂါလက္ခဏာတွေ ခံစားရတတ်ပါတယ်။ အဲဒါကိုတော့ Acute HIV Syndrome လို့ ခေါ်ပါတယ်။

သူရဲ့လက္ခဏာ တွေကတော့
၁)ကိုယ်ပူခြင်း၊
၂) ခေါင်းကိုက်ခြင်း၊
၃) လူနုံးနေတတ်ခြင်း၊
၎) ပျို့အန်ခြင်း
၅) ဝမ်းလျောခြင်း၊
၆) လည်ပင်း ချိုင်း ၊ပေါင်ခြံ တို့တွင် အကျိတ်များ ကြီးခြင်း စသည်တို့ ဖြစ်နိုင်ပါတယ်။

အေအိုင်ဒီအက်စ် ရောဂါရဲ့ အဓိက လက္ခဏာများ
၁) မိမိရှိရင်း ကိုယ်အလေးချိန်ရဲ့ ၁ဝ% ထက်ပိုပြီး လျော့ကျသွားခြင်း (ဥပမာ။ ။ အစက ကိုယ် အလေးချိန် ပေါင် ၁ဝဝ ရှိတဲ့သူက အခု ပေါင် ၉ဝ အောက်ကို လျော့နည်း သွား ခြင်း) ၂) တလထက် ပိုပြီး ဆက်တိုက် ဝမ်းလျှောခြင်း ၃) တလထက်ပိုပြီး အဖျားဆက်တိုက်တက်ခြင်း (ကိုယ်ပူနေခြင်း) တို့ ဖြစ်ပါတယ်။

အေအိုင်ဒီအက်စ် သာမညလက္ခဏာများ
၁) တလထက်ပိုပြီး ချောင်းဆိုးနေခြင်း
၂) ခန္ဓာကိုယ်အနှံ့ ရေယုန်များ (ဆင်ရေယုံများ) ပေါက်နေခြင်း၊
၃) အကျိတ်များ တကိုယ်လုံး အနှံ့အပြား ထွက်နေခြင်း
၎) လျှာ ၊ ပါးစပ် လည်ချောင်း ထဲတွင် မှက္ခရု များ ထွက်နေခြင်း
၅) တကိုယ်လုံး အရေပြား ယားယံ ယောင်ရမ်းခြင်း
၆) အရေပြား ပေါ်နှင့် အရေပြား အောက် ၊ပါးစပ် နှာခေါင်း အတွင်း တို့တွင် အနီရောင် ၊အညိုရောင် ၊ပန်းရောင် ၊ ခရမ်းရောင် စတဲ့ အစက် များ ပေါ်နေခြင်း
၇) မှတ်ဥာဏ် ချို့ယွင်းအားနည်း လာခြင်း ၊ စိတ်ဓာတ် ကျဆင်းခြင်း နှင့် အခြားသော ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ရောဂါများ ခံစားရခြင်း စသည်တို့ တို့ဖြစ်ပါတယ်။



၁။ လိင်မှတဆင့်ကူးဆက်ခြင်း (Sexual Transmission)
- လိင်တူဆက်ဆံခြင်း homosexual
- လိင်ကွဲဆက်ဆံခြင်း heterosexual
- လိင်ဆက်ဆံတဲ့ အဖော်များလေကူးစက်ဖို့ ရာခိုင်နှုန်းပိုများလေ ဖြစ်ပါတယ်။
- တစ်ခြား လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ (Syphilis, Gonorrhoea, Herpes) နဂိုကတည်းက ရှိနေတာက HIV ပိုးကူးစက်ဖို့ အန္တရာယ်ပိုများစေပါတယ်။
- ရောဂါလက္ခဏာမပြသေးတဲ့ HIV positive တွေဆီကလည်း ရောဂါကူးစက်နိုင်ပါတယ်။

၂။ Parenteral Transmission
- မသန့်ရှင်းတဲ့၊ ရောဂါပိုးပါတဲ့ သွေးသွင်းမိခြင်း
- မသန့်ရှင်းတဲ့၊ ပိုးသေချာမသတ်ထားတဲ့ အပ်၊ ခွဲစိတ်ကိရိယာတွေကို သုံးစွဲမိခြင်း (ကျန်းမာရေး ဝန်ထမ်းတွေဖြစ်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ ရောဂါကူးစက်ခံရတာ ဒီအချက်ကြောင့်ပဲ ဖြစ်ပါတယ်)
- ဆေးသမားတွေ ရောဂါကူးကြရတာဟာလည်း ဒီ အပ်တွေကို မျှဝေသုံးကြလို့ပဲဖြစ်ပါတယ်။
- သွားတိုက်တံတွေ ၊ ဘလိတ်ဓားတွေ မျှဝေသုံးစွဲရင်လည်း ကူးနိုင်တာကိုလည်း သတိပြုပါ။

၃။ မိခင်မှ ကလေးကိုကူးစက်ခြင်း (Trans-placental Transmission) (Vertical Transmission)
- အမေမှာရောဂါရှိရင် ၁၃% ကနေ ၄ဝ% အထိကလေးကို ကူးနိုင်ခြေရှိပါတယ်။
- ကလေးမွေးနေတုန်း ဒါမှမဟုတ် နို့တိုက်ရင်းကနေ ကူးနိုင်ပါတယ်။ (ဒါပေမယ့် ချွင်းချက်တော့ ရှိပါတယ်။HIV ပိုးဟာ ဒီလိုနည်းတွေနဲ့ ကူးနိုင်တယ်ဆိုပေမယ့် ကူးစက်ဖို့ဟာ တစ်ခြားရောဂါပိုးတွေလောက် မလွယ်ကူပါဘူး။ ဥပမာ Hepatitis B အသည်းရောင်အသားဝါ B ပိုးဟာ ပိုးအကောင်ရေ နည်းနည်း လေးဝင်သွားတာနဲ့ ကောင်း ကောင်း ဒုက္ခပေးနိုင်ပါတယ်။ ဒါပေမယ့် HIV ပိုးဟာ ကူးစက်ပြီးရောဂါပေးဖို့ ပိုးကောင်ရေအများကြီး လိုအပ်ပါတယ်။ ကိုယ် ခန္ဓာထဲကို ပိုးကောင် ရေ အများအပြားဝင်သွားမှ ရောဂါပေးတာပါ။ သတ်မှတ်ထားတဲ့ ပိုးအရေအတွက် အောက် လျော့ဝင်သွားရင် ရောဂါမကူးဘူးလို့ ဆိုရမှာပေါ့။ ဒါကြောင့် HIV ပိုးဟာ လွယ်လွယ်နဲ့ မကူးစက်နိုင်တဲ့ ပိုးမျိုးဖြစ် ပါတယ်။)

၃။ကာကွယ်ခြင်း နှင့် ကုသခြင်း

ကာကွယ်ဆေးကတော့ မပေါ်ပေါက်သေးပါဘူး။ ဘာလို့လဲဆိုတော့ HIV ပိုးမှာပါတဲ့ gene တွေဟာ mutation (gene တွေ ပုံပြောင်းတာ) ဖြစ်တာမြန်ပါတယ်။ ဆေးတွေကလည်းပြောင်းတဲ့ gene ပေါ် လိုက်ပြီး မတီထွင်နိုင်တဲ့အတွက် ကာကွယ်ဆေးကို အောင်မြင်အောင် မထုတ်နိုင် သေးပါ။ ကိုယ်ဝန် ဆောင်မိခင်ကနေ ကလေးဆီကို မကူးအောင် ကာကွယ်နိုင်တဲ့ ဆေးတွေတော့ ရှိတယ်။ ၁ဝဝ%တော့ မကာကွယ်နိုင်ပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာ ၁၄ ပတ် ကိုယ် ဝန်ကနေ စပြီး မွေးတဲ့ အချိန်အထိ Zidovudine ဆိုတဲ့ ဆေးကို တစ်နေ့ကို 600mg သောက်ပေးရပါမယ်။ မွေးနေတဲ့ အချိန်မှာလည်း ဒီဆေး 2mg/kg ကို အကြောဆေး ထိုးပေးရပါမယ်။ အဲဒီနောက် 1mg/kg ကို မမွေးမချင်း အချိန် အပိုင်းအခြားတစ်ခု ထားပြီး ထိုးပေးရပါမယ်။

မွေးလာတဲ့ ကလေးကိုလည်း ဆေးတွေ ထိုးရ၊ တိုက်ရဦးမှာပါ။ သိပ်တော့မလွယ်လှတဲ့ အလုပ်တစ် ခုပါ။ အမေရော ကလေးပါ ဆေးဒဏ်ခံရမှာပါ။ ဒီလို သောက်ထားတာတောင်မှ ကလေးကို ကူးစက်နိုင် ခြေက ၉% ပဲလျော့တာပါ။ နောက်တစ်ခုက တီဗွီက ကြေညာတဲ့အတိုင်း ပြန်ပြောပါမယ်။ လိင်ကိစ္စကို တတ်နိုင်သမျှ ရှောင်ရပါမယ်။ မရှောင် နိုင်ရင် condom ကို စနစ်တကျသုံးပါ။ ကိုယ့်ရဲ့ ဇနီး/ခင်ပွန်းကို သစ္စာရှိကြပါ။ အားလုံးပဲဒီအချက်တွေကို ရှောင်နိုင် ကြမယ် ထင်ပါတယ်။

0 comments: