Monday 17 January 2011

အင်တာနက်လိုင်းပေါ်မှာ စကားပြောပြီးနောက် မိန်းခလေး ၅၀ ကျော် ပျောက်ဆုံးနေ

မနှစ်က ၃ နှစ်အရွယ်ကလေးတယောက် မတော်မတရားအလုပ်ခံရပြီး အင်တာနက်လိုင်းပေါ်မှာ တွေ့ဆုံစ ကားပြောပြီး နောက်ပိုင်းမှာ မိန်းခလေးငယ် ၅၆ ယောက် ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါဟာ ၁၁ နှစ်အတွင်း အများဆုံးဖြစ်ပါတယ်။ ဒါတွေက မနေ့က ပါဝီးနဟုန်ဆကူးလ်ဖောင်ဒေးရှင်းကထုတ်ပြန်တဲ့ အစီရင်ခံစာထဲက တချို့သာ ဖြစ်ပါတယ်။

ဖောင်ဒေးရှင်းကို တိုင်တန်းလာသူပေါင်း ၇၈၅၅ ယောက်မှာ အသက် ၆၀ အမျိုးသမီးတွေအထိ မုဒိမ်းကျင့်ခံ ရသူနဲ့ လိင်ပိုင်းဆိုင်ရာ အတိုက်ခိုက်ခံရသူပေါင်း ၆၃၅ ယောက် ပါဝင်ပါတယ်။

မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့တဲ့ ကျူးလွန်သူအများစုဟာ ကျူးလွန်ခံရသူတွေနဲ့ နီး စပ်မှု ရှိနေကြတယ် ဆိုတာတွေ့ရပါတယ်။ ကျူးလွန်ခံရသူ ပေါင်း ၁၇၂ ယောက်ဟာ ပြည့်တန်ဆာလုပ်ငန်း ထဲကို သူတို့ဆန္ဒမပါဘဲ အဓမ္မတွန်းပို့တာ ခံခဲ့ရပါတယ်။ ဒါဟာ ၁၁ နှစ် အတွင်းမှာ အများဆုံးဖြစ်ပါတယ်။ ရုပ် ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့ ၅၅၈ မှုမှာ လူသတ်မှု၊ အက်ဆစ်နဲ့ပက်မှုတွေ ပါတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါ တယ်။ ဒီအထဲမှာ အငယ်ဆုံးက ၃ ရက်သားကနေ အကြီးဆုံး ၇၆ နှစ်ထိ ပါဝင်ပါတယ်။

လူပျောက်မှုက ၂၆၉ မှုရှိပြီး ၁၁ နှစ်အတွင်းမှာ အမြင့်ဆုံးဖြစ်ပါတယ်။ ဒီအထဲမှာ အငယ်ဆုံးက ၁၄ လသားနဲ့ အကြီးဆုံး က ၆၈ နှစ်တို့ ပါဝင်နေပါတယ်။ လူပျောက်မှု ၂၆၉ မှုထဲက ၅၆ မှုက အင်တာနက်ပေါ်မှာ လူစိမ်း တွေနဲ့ တွေ့ဆုံစကားပြောအပြီး ပျောက်ဆုံးသွားတာဖြစ်ပြီး၊ ဒီအထဲမှာ အငယ်ဆုံးက ၁၃ နှစ်ဖြစ်ပြီး အကြီး ဆုံးက ၂၉ နှစ် အရွယ်တွေ ဖြစ်ပါတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ တိုင်း တန်းတာတွေ၊ အကြံပေးတာတွေလုပ်ဖို့ ဖောင်ဒေးရှင်းက အရေးပေါ်လိုင်း ၁၁၃၄ နဲ့ မိုဘိုင်းဖုန်းနံပတ် (၀၈၁) ၈၁၄ ၀၂၄၄ ဒါမှမဟုတ် စာတိုက်သေတ္တာအမှတ် ၂၂၂၊ ထန်ယဘူရီ (P.O.Box 222, Thanya Buri) က တ ဆင့် ဆက်သွယ်ပေးပို့နိုင်ကြောင်း တရားဝင် ထုတ်ပြန်ထားပါတယ်။

ဆာခွန်းပြည်နယ်က ကျောင်းတကျောင်းက ဆရာတယောက်က အသက် ၇ နှစ် ကျော်လောက်ရှိတဲ့ သူတို့ သမီးတွေကို မူကြိုတက်နေစဉ်ကတည်းက မုဒိမ်းကျင့်ခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ပြီး ဒီကိစ္စကို အမျိုးသမီးကြီး ၂ ဦးက ဖောင်ဒေးရှင်းကို တိုင်တန်းထားပါတယ်။ မနှစ်နိုဝင်ဘာလက ခလုံနမ်ဆိုင်ရဲစခန်းကို တိုင်ချက်ဖွင့်ပြီး နောက်မှာတော့ ဒီကျောင်းဆရာကို ဒီခရိုင်ထဲက တခြားကျောင်းတကျောင်းကို ပြောင်းရုံပဲပြောင်းလိုက်တယ်။ လို့ အမည်မဖော်လိုသူအမျိုးသမီး၂ ဦးနဲ့ သူတို့သမီးတွေက ပြောပါတယ်။

ဇန်န၀ါရီ ၁၈၊ ၂၀၁၁ (The Nation)

နေ့သစ် မှ ...

0 comments: