Tuesday 16 November 2010

ထပ်မံရောက်ရှိလာတဲ့ စစ်ပြေးဒုက္ခသည်တွေကို နယ်စပ်မှာပဲ နေရာချထား

Posted by admin on November 15th, 2010


 myawaddy
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဝေါ်လေရွာအနီးတဝိုက်က ဒုက္ခသည်တွေဟာ ကျည်လွတ်ရာ ဘေးကင်းရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်ရင်းဒီကနေ့မှာ ထိုင်းနိုင်ငံဘက်ခြမ်းကို ရောက်ရှိခိုလှုံလာကြပါတယ်။
ဒီကေဘီအေ တပ်တွေရှိနေတဲ့ လောခေါ်ဘက်မှာတော့ ရာဂဏန်းအထက် ရောက်ရှိနေ ပြီ်း။ နောက်ထပ် စစ်ပြေး ဒုက္ခသည် ၆၀၀ ကျော်မှာ ထိုင်းနိုင်ငံဘက်ခြမ်းက မော်လီချိုင်း မှာ ရောက်ရှိနေကြပါတယ်။ ထပ်မံလည်း ရောက်ရှိနေဆဲဖြစ်သည်။
     ထိုင်းအစိုးရဘက်မှ လက်ခံစောင့်ရှောက်ထားပါတယ်။ UN နဲ့ ဆွေးနွေးလို့ ထောက်ပံ့ မယ်ဆိုရင် ဒုက္ခသည်တွေကို လုံခြုံတဲ့နေရာမှာ နေရာချထားပေးမယ်လို့ သိရှိရပါတယ်။
    အခု လောလောဆယ်တော့ ထိုင်းအစိုးရက ဒုက္ခသည်တွေကို နယ်စပ်မှာပဲ နေရာချထား ပေးတယ်လို့ သိရှိရပါတယ်။

(နေသစ်)မှ

0 comments: