Saturday 23 October 2010

ဂီရိ မုန်တိုင်းကြောင့် ဘင်္ဂလားဒေရှ့်တံငါသည် ၁၀၀ ကျော် ပျောက်ဆုံးနေ

naytthit October 23rd, 2010
မြန်မာပြည်နဲ့ဘင်္ဂလားဒေရှ်ကိုဦးတည်တိုက်ခဲ့တဲ့ ဂီရိမုန်တိုင်းကြောင့်ဘင်္ဂလားပင်လယ်အော်ရဲ့အရှေ့မြောက်ဘက်တွင် ရောက်ရှိနေကြသောဘင်္ဂလားဒေရှ်တံငါသည်(၁၀၀)ကျော်နဲ့ လှေ(၂၁) စီးပျောက်ဆုံးနေကြောင်း
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တို့က ယနေ့ပြောဆိုလိုက်သည်။

ဂီရိမုန်တိုင်းဟာ မြန်မာပြည် စစ်တွေကမ်းရိုးတမ်း တလျှောက်ကို ယမန်နေ့ည (၈) နာရီ မှာ ၀င်ရောက်တိုက်ခဲ့သည်။ မိုးသက်မုန်တိုင်းတိုက်လာပြီး (၈) မီတာအမြင့် ရှိတဲ့ လှိုင်း လုံးတွေ စတင်လာတာကြောင့် စိန့်မာတင် ကျွန်းတ၀ိုက်နေထိုင်ဒေသခံတွေနဲ့ ကော့ဘ ဇားဝန်းကျင်က ဒေသခံ ဘင်္ဂလားပြည်သူတွေကို လုံခြုံဘေးကင်းရာအရပ်ကို တာဝန်ရှိ သူတွေက ပြောင်းရွှေ့ပေးခဲ့ကြောင်းကို စနေနေ့ထုတ် ဒေလီစတားသတင်းစာမှာ ဖေါ်ပြ ထားသည်။

မြန်မာ့ ရုပ်မြင်သံကြားအစီိအစဉ်မှာလည်း ပြင်းထန်သော ဂီရီမုန်တိုင်းဟာ ဗဟိုချက် တ နာရီ ၁၇၇ ကီလိုမီတာကနေ မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်ကာ တနာရီ ၁၉၃ ကီလိုမီတာထိ ရောက်ရှိနိုင်ကြောင်း၊ ပင်လယ်ရေပြင် ၃.၇ မီတာ မြင့်တက်နိုင်ကြောင်း မြန်မာ့ မိုးလေ၀သဌာနထုတ် ပြန်ချက်ကြောင့် ရခိုင်ခိုင်ရိုးတန်းဒေသမှ နေထိုင်သူများ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြဖို့ကြေညာခဲ့ကြောင်း အဆိုပါသတင်းမှာ ဖေါ်ပြထား သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မုန်တိုင်းကြောင့် ပျောက်ဆုံးသူဦးရေကို မုန်တိုင်းဖြစ်ပြီးချင်ခြင်း သတင်းထုတ်ပြန်သော်လည်း။ မြန်မာနိုင်ငံသားများ မည်မျှပျောက်ဆုံးနေကြောင်းကို သ တင်းထုတ်ပြန်ကြေငြာခြင်း မရှိပေ။ ၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းကြောင့် လူပေါင်း (၁၄၀၀၀၀) ကျော် သေဆုံးခဲ့ရခြင်းကိုလည်း တိကျမှန်ကန်စွာ သတင်းထုတ်ပြန်မှု မရှိခဲ့ သောကြောင့် ယခု ဂီရိမုန်တိုင်းကြောင့် ဆုံးရှုံးမှုမည်မျှရှိမည်မခန့် မှန်းနိုင်ဘဲ ရှိနေကြ သည်။ အင်တာနက်သတင်းများအရ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အပါဝင် မုန်တိုင်း တိုက်ခတ်ရာဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေးအကူအညီများ အမြန်လိုအပ်နေ ကြေင်း သိရှိရသည်။

0 comments: