Saturday 23 October 2010

မုန်တိုင်းကယ်ဆယ်ရေး စတင်ဆောင်ရွက်

RFA/2010-10-22ရခိုင်ပြည်နယ်က မုန်တိုင်းဘေး ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး ရန်ကုန်အခြေစိုက် ကုလသမဂ္ဂအဖွဲ့တွေနဲ့ NGO အဖွဲ့တွေ အောက်တိုဘာ ၂၁ ရက် ညနေပိုင်းမှာ အစည်းအဝေးတရပ် ကျင်းပခဲ့ကြောင်း သိရပါတယ် ။
(Photo: Mingalar Myanmar)

နာဂစ် မုန်တိုင်းကျရောက်ပြီးနောက် မြန်မာနိုင်ငံသို့ လာရောက်သော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (ဝဲ) နှင့် မင်္ဂလာ မြန်မာ လူမှုကူညီရေးအဖွဲ့ တာဝန်ခံ ဒေါက်တာ ဖုန်းဝင်းတို့ ၂၀၀၈ မေလ ၂၃ ရက်က တွေ့ဆုံ နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: Mingalar Myanmar)
လတ်တလောမှာတော့ ဂီရိမုန်တိုင်းဒဏ် ခံရတဲ့ ဒေသခံတွေကို လေဘေး၊ ရေဘေးနဲ့ ဝေးနိုင်မဲ့ ကုန်းမြင့်နေရာတွေကို ပြောင်းရွှေ့ နေရာချပေးရေး စတင် ဆောင်ရွက်နေကြောင်း သိရပါတယ် ။

မင်္ဂလာမြန်မာ လူမှုကူညီရေးအဖွဲ့ တာဝန်ခံ ဒေါက်တာဖုန်းဝင်းကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင် မေးမြန်းထားပါတယ်။

0 comments: