Sunday 24 October 2010

ဘင်္ဂလားပင်လယ်အော် မုန်တိုင်း အိန္ဒိယသို့ ၀င်ရောက်

ဧရာဝတီ / Saturday,October16,2010
စောင့်ကြည့်နေရတဲ့ဘင်္ဂလားပင်လယ်အော်အတွင်းမှမုန်တိုင်းဟာ ဒီနေ့နံနက်ပိုင်းမှာတော့ အိန္ဒိယနိုင်ငံကုန်းတွင်းပိုင်းကိုဝင်ရောက်သွားပြီလို့

ဒေါက်တာထွန်းလွင်က ပြောဆိုပါတယ်။

ဒါပေမယ့် တောင်တရုတ်ပင်လယ်အတွင်းက မုန်တိုင်းတခုဟာလည်း နောက် ၂ ရက်အတွင်း ဖိလစ်ပိုင်ကို ၀င်ဖို့ရှိနေပြီး သူရဲ့အကျိုးဆက်အဖြစ် မြန်မာနိုင်ငံအတွင်းမှာ မိုးပိုလာနိုင်သေးတယ်လို့ ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပြန်တဲ့အတွက် စောင့်ကြည့်ရမယ့် မုန်တိုင်းကတော့ ကျန်ရှိနေဆဲလို့ ဆိုရမှာပါ။

ယခုရက်သတ္တပတ်အတွင်း ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေခဲ့တဲ့ မုန်တိုင်းငယ်ဟာ (၁၅-၁၀-၂၀၁၀)ရက်နေ့ ညသန်းကောင်ယံမှ စတင်ကာ အိန္ဒိယနိုင်ငံရဲ့ အရှေ့ဖက်ကမ်းခြေကို စတင်ဖြတ်ကျော်ဝင်ရောက် နေခဲ့ပါတယ်။ ယနေ့(၁၆-၁၀-၂၀၁၀)န့နက်မျာတော့ ကုန်းတွင်းပိုင်းကို လုံး၀၀င်ရောက် သွားခဲ့ပြီဖြစ်ပါတယ်။ ကုန်းတွင်းပိုင်းကိ ၀င်ရောက်လာတာနဲ့အမျှ အားတွေ လျော့နည်းသွားပါတယ်။ ပင်လယ်ထဲမှာတုံးက Cloud Top Temperature -80°C ရှိနေခဲ့ရာမှ ကုန်းတွင်းပိုင်းရောက်တဲ့အခါ -40°C သာရှိပါတော့တယ်။ ဒီလောက် အပူချိန်တွေ ထက်ဝက်လောက်ကျသွားတဲ့အထိ အားလျော့သွားခဲ့တာကိုကြည့်ရင် ဘယ်လောက် စွမ်းအင်တွေကို မိုးတွေလေတွေအဖြစ် ကူးပြောင်းပေးခဲ့မလည်းဆိုတာ စိုးရိမ်စရာဖြစ်ပါတယ်။ အိန္ဒိယမိတ်ဆွေတွေရဲ့ သတင်းဆိုးတွေမကြားရပါစေနဲ့လို့ ဆုတောင်းမိပါတယ်။

လောလောဆယ် တောင်တရုတ်ပင်လယ်မှာ အပူပိုင်းမုန်တိုင်း MRGI ဖြစ်နေပြီး သူကလည်း တစ်နာရီ မိုင်(၉၀)တန်းလောက်နှုန်းနဲ့ လေပြင်းတွေတိုက်ခတ်နေတဲ့ အဆင့်ရောက်နေပါပြီ။ နောက်(၄၈)နာရီလောက်ကြာရင် တောင်တရုတ်ပင်လယ်ထဲက ဖိလစ်ပိုင်ကိုဖြတ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ သူ့ရဲ့ နောက်ပိုင်းအခြေအနေ အပေါ်မူတည်ပြီး မြန်မာနိုင်ငံကလည်း မိုးတွေရနိုင်တာမို့ MCCW အနေနဲ့ သူ့ကို စောင့်ကြည့်(၁) လို့သတ်မှတ်ထားပါတယ်။

လာမည့် အောက်တိုဘာလအကုန်ပိုင်း နဲ့ နိုဝင်ဘာလတို့မှာ ဘင်္ဂလားပင်လယ် အော်မှာ စာရင်းအင်းလေ့လာမှုအရလည်းကောင်း၊ ပုံသဏ္ဍာန်တူနှစ်များ လေ့လာမှုအဖြေအရ လည်းကောင်း၊ လာနီညာအကျိုးဆက်တွေအရလည်းကောင်း မုန်တိုင်းဖြစ်ရန်အလားအလာများ ရှိနေသေးတဲ့အတွက် MCCW မှ မုန်တိုင်းအခြေအနေသတင်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်သွားမည် ဖြစ်ပါတယ်။

0 comments: