Sunday 24 October 2010

ဂီရိ အရှိန်မြင့်နေ၊ မနက်ဖြန် ညနေအထိ ရှိနေမည်

Irrawaddy/Friday, October 22, 2010ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ စစ်တွေအကြားက ဖြတ်သန်းဝင်ရောက်နေတဲ့ ဂီရိ ဆိုင်ကလုန်းမုန်တိုင်းဟာ
အခုဆိုရင် တနာရီ ၉၀ နဲ့ ၉၅ မိုင်နှုန်းအကြား တိုက်ခတ်နေပြီး မန္တလေး ၊ စစ်ကိုင်း ၊ မကွေးတိုင်းတွေကို ဦးတည်နေတယ်လို့ ညနေ ၅ နာရီခွဲမှာ ဒေါက်တာထွန်းလွင်က ဧရာဝတီကို ပြောပါတယ်။

ယနေ့ညပိုင်းမှာ မုန်တိုင်းဟာ ပိုမိုအားကောင်းလာနိုင်ပြီး မနက်ဖြန်ညပိုင်းအထိ တည်ရှိနေနိုင်တယ်လို့ သိရပါတယ်။

ကျောက်ဖြူဖုန်းလိုင်းတွေကတော့ ညနေ ၃ နာရီကျော်ချိန်ကစလို့ ဆက်သွယ်လို့ မရတော့ပါဘူး။

0 comments: