နေ့သစ် Sunday, June 20, 2010
မေလ ၂၉ ရက်နေ့က သီရိမင်္ဂလာဈေးမှာ ကုန်သွားထမ်းရာမှ အိမ်ပြန်ရောက်မလာတော့ပဲ သားဖြစ်သူ မောင်သက်ပိုင် ပျောက်ဆုံးနေလို့ မိဘများက စုံစမ်းတော့မှ သားဖြစ်သူကို အဓမ္မ စစ်သားစုဆောင်းခံ လိုက်ရပြီဖြစ်ကြောင်းသိခဲ့ရပါတယ်။
မောင်သက်ပိုင် ရဲ့ ဖခင် ဦးလှမြင့် နဲ့ မိသားစုဟာ ဧရာဝတီတိုင်း အိမ်မဲမြို့နယ် တောင်ယာစုလူကောင်း ကျေးရွာမှ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရှမ်းကျောင်းတပ်ထိပ်ကို ခေတ္တရွေ့ပြောင်းနေထိုင်ပြီး လုပ် ကိုင်စားသောက်နေခဲ့ကြပါတယ်။ မေလ ၂၉ ရက်နေ့မှာတော့ သားဖြစ်သူ မောင်သက်ပိုင် သိရိမင်္ဂလာ ဈေးမှာ ကုန်သွားထမ်းရင်း အိမ်ပြန်ရောက်မလာတော့အတွက် လိုက်လံစုံစမ်းရာ အသိမိတ်ဆွေကဦးက မောင်သက်ပိုင်ကို ကြည်မြင်တိုင်ရဲစခန်းက ရဲသားနှစ်ဦး ဖမ်းဆီးခေါ်ဆောင်သွားပြီး သီရိမင်္ဂလာဈေး မီး သတ်အချုပ်ခန်းထဲမှာတွေ့ခဲ့ကြောင်းပြောသဖြင့် သွားရောက်စုံစမ်းရာ ကြည်မြင်တိုင်ရဲစခန်းမှ ဖမ်းဆီး ထားခြင်းမရှိဘူးလို့ ပြောလိုက်ပါတယ်။
ဆက်လက်ပြီးစုံစမ်းကြည့်တော့ တညင်းကုန်း စစ်သားစုဆောင်းရေးတွင်ရောက်နေကြာင်း သိခဲ့ရတယ်။ ဂျွန်လ ၉ ရက်နေမှာ မိဘများ လိုက်သွားတဲ့အတွက် သားဖြစ်သူကို တွေ့ခဲ့ရပါတယ်။ မောင်သက်ပိုင် ပြောပြတာကတော့ …
သီရိမင်္ဂလာဈေးမှ ကုန်ထမ်းနေတုန်း ကြည်မြင်တိုင်ရဲစခန်းမှ ရဲသားနှစ်ဦးက ဘာအကြောင်းပြချက်မှမရှိ ဘဲ အတင်းဖမ်းဆီးပြီး မင်းကို ထောင်တနှစ်ချပစ်မယ်၊ ထောင်အကျမခံခြင်ရင် စစ်ထဲဝင်ရမယ်လို့ပြောပြီး သီရိမင်္ဂလာဈေး မီးသတ်အချုပ်ခန်းထဲမှာ ခေတ္တချုပ်နှောင် ထားလိုက်ပါတယ်။ ပြီးတော့ တညင်းကုန်း စစ်သားစုဆောင်းရေးက တပ်ကြပ်ကြီး ဥာဏ်လင်း ဆီက ငွေယူပြီး အဲဒီ တပ်ကြပ်လက်ထဲ အပ်လိုက် ပါတယ်။
တညင်းကုန်းစုဆောင်းရေးက သားဖြစ်သူကိုပြန်လိုချင်ရင် လာအပ်တဲ့ တပ်ကြပ်ကြီး ဥာဏ်လင်း လက် မှတ်ထိုးမှသာ ပြန်ခေါ်ခွင့်ပြု မယ်ဆိုတဲ့အတွက် တပ်ကြပ်ဥာဏ်လင်း ကို ရှာဖွေပြီး ဂျွန်လ ၁၀ ရက်နေ့ က စုဆောင်းရေးသို့ သွားရောက်ခေါ်ယူရာ ဖောင်ကြီးစစ်လေ့ ကျင့်ရေးသင်တန်းကျောင်းကို ပို့လိုက်ပြီ လို့ ပြောလိုက်ပါတယ်။ ကျန်ခဲ့တဲ့ မိဘတွေဟာ မိသားစု စားဝတ်နေရေးအတွက် မောင်သက်ပိုင်ကို မှီခို အားထားနေရတာ ဖြစ်ပါတယ်။
မောင်သက်ပိုင်ရဲ့ ဖခင်ဖြစ်တဲ့ ဦးလှမြင့်ဟာ အခုလို သားဖြစ်သူ စိတ်ဆန္ဒမပါဘဲ လုပ်ကြံဖန်တီး ရောင်း စားပြီး စစ်တပ်ထဲ အဓမ္မသွတ် သွင်းခဲ့သူများကို အရေးယူပေးဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေး ရာအဖွဲ့ကို တိုင်ကြားထားပါတယ်။
ပြီးခဲ့နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြိုင်သာယာ စံပြရပ်ကွက်က အသက် ၁၄ နှစ်သာရှိသေးတဲ့ မောင် ပြည့်ဖြိုးအောင် ဆိုရင်လည်း ရောင်းစားခံရပြီး လူကုန်ကူးတဲ့ပုံစံမျိုးနဲ့ စစ် သားစုဆောင်ရေးထဲ ရောက်ရှိခဲ့ရပါတယ်။
....
ကိုယ်ကျင့်တဲ့တရား ကိုယ့်တရား
3 months ago

0 comments:
Post a Comment