Friday 19 March 2010

မြန်မာဒုက္ခသည်များအရေး TBBC တာဝန်ခံနဲ့ ဆွေးနွေး

VOA18 March 2010
ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်များအရေးဟာ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ပွဲဆိုးလာနိုင် တယ်လို့ ထိုင်း-မြန်မာ နယ်စပ်အဖွဲ့ TBBC (Thailand Burma Border Consortium) အ ကြီးအကဲက ပြောဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုကို ခေတ္တရောက်ရှိနေတဲ့ TBBC ဦးဆောင်ညွှန်ကြားရေးမှုး Jack Dun ford ကို ဦးကျော်ဇံသာက တွေ့ဆုံပြီး ထိုင်းနယ်စပ် မြန်မာဒုက္ခသည်များရဲ့ လက်ရှိ အခြေအနေ နဲ့ သူတို့ အနာဂတ် အခြေအနေ အကြောင်းအရာများကို ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။TBBC ကူညီထောက်ပံ့နေတဲ့ မြန်မာတွေဟာ အိုးပစ်အိမ်ပစ် ထွက်လာရသူတွေလား၊ ဒုက္ခသည်တွေလား။ ဒီ နှစ်မျိုးကို ဘယ်လိုခွဲခြား သတ်မှတ်သလဲဆိုတာကို ပထမဦးဆုံး သိပါရစေ။

Jack Dun ford ။ ။ ကျနော်တို့က ဒုက္ခသည်တွေ နဲ့ IDP (Internally displaced person) ပြည် တွင်း အိုးပစ်အိမ်ပစ် ထွက်ပြေးလာ ကြသူများအတွက်ပါ ကူညီလုပ်ကိုင်နေပါတယ်။ ဒီနှစ်မျိုးအတွက် တရား ဥ
ပဒေမှာ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ရှိပါတယ်။ နယ်စပ်ကို ဖြတ်ပြီး တဘက်နိုင်ငံကို ထွက် ခွာလာသူ တွေ ဟာ refugees’ ဒုက္ခသည်တွေ ဖြစ်ပါတယ်။ အိုးအိမ် ပစ်ပြီး မြန်မာပြည် အတွင်းမှာ ရွှေ့ ပြောင် နေထိုင် သူတွေကတော့ IDP (Internally displaced person) တွေဖြစ်ကြပါတယ်။

ဦးကျော်ဇံသာ ။ ။ IDPSတွေအတွက် လုပ်ဆောင်နေတယ်ဆိုတော့ TBBC အဖွဲ့က မြန်မာနိုင်ငံ အတွင်း ကိုဝင်ရောက်ပြီးလုပ်ကိုင်ဆောင်ရွက်နေတဲ့သဘောလား။

Jack Dun ford ။ ။ ကျနော်တို့အဖွဲ့က နယ်စပ်ကို မဖြတ်ပါဘူး။ ကျနော်တို့က ထိုင်းနိုင်ငံမှာဘဲ အ ခြေစိုက်ပါတယ်။ ဒါပေမဲ့ မြန်မာပြည် အရှေ့ ဘက်အခြမ်းမှာ လှုပ်ရှားဆောင်ရွက်နေကြတဲ့ တိုင်းရင်းသား စေတနာဝန်ထမ်းအဖွဲ့တွေကိုကျနော်တို့ကူညီပံ့ပိုးပေးပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာစစ်အစိုးရက အဲဒီအဖွဲ့ အစည်းတွေ အပေါ်မှာ အထူးသဖြင့် TBBC အပေါ် မှာဘယ်လိုသဘောထားတယ်ဆိုတာသိပါသလား။ဘယ်လိုထင်ပါသလဲ။

Jack Dun ford ။ ။ ကျနော်တို့အဖွဲ့နဲ့ မြန်မာစစ်အစိုးရနဲ့ လုံးဝ အဆက်အသွယ် မရှိပါဘူး။ ကျနော်တို့ အခြေစိုက်လုပ်ကိုင်ဖို့ ပေးတာက ထိုင်းနိုင်ငံအတွင်းမှာ ဖြစ်ပြီး ထိုင်းနိုင်ငံ ပြည်ထဲရေးနဲ့ နီးနီးကပ်ကပ် ဆောင်ရွက်ပါတယ်။ ကျနော်တို့အဖွဲ့အပေါ် မြန်မာစစ်အစိုးရရဲ့ တရားဝင် သဘောထားကိုတော့ မသိရ ပါဘူး။ ဒါပေမဲ့ ဒီအစိုးရ လုပ်ရပ်ကြောင့် ပြည်သူတွေ အိုးပစ်အိမ်ပစ် ထွက်ပြေးကြရတဲ့အတွက် ကျနော် တို့အဖွဲ့ကကူညီဆောင်ရွက်ပေးနေတာပါ။

ဦးကျော်ဇံသာ ။ ။ ဒီ အစိုးရကြောင့် ဒုက္ခရောက် ကြသူတွေအရေး ဆောင်ရွက်နေတယ်ဆိုတော့ ဒီအစိုးရ နဲ့ ဆက်သွယ်ဆောင်ရွက် နိုင်မယ်ဆိုရင် ပိုပြီးထိ ရောက်လာ နိုင်စရာ မရှိ ပေဘူးလား။

Jack Dun ford ။ ။ ပိုကောင်းလာနိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျား သိတဲ့အတိုင်း ဒီလို ကိစ္စမျိုးမှာ မြန်မာ စစ်အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် အခက်အခဲတွေ ရှိ နေပါ တယ်။ ကြာတော့ကြာခဲ့ပါပြီ။ ၁၉၉၀ ပြည့်လွန်တုန်းက ကျနော် ဘန်ကောက်မှာရှိတဲ့ မြန်မာသံအမတ်နဲ့ တွေ့ခဲ့ဘူးပါတယ်။ တိုင်းရင်းသားအရေးမှာ ကျနော်တို့ ဝင်ရောက်ညှိနှိုင်းပေးဖို့ ဆွေးနွေးဘူးပါတယ်။ ဒါ ပေမဲ့ဘာမှအကောင်အထည်ပေါ်မလာခဲ့ပါဘူး။

ဦးကျော်ဇံသာ ။ ။ စစ်အစိုးရကတော့ ဒုက္ခသည်တွေဟာ သူပုန်တွေရဲ့ မိသားစုတွေ၊ သူပုန်အားပေး သူတွေ။ ဒုက္ခသည်စခန်းဆိုတာကလည်း သူပုန်တွေ ခိုလှုံတဲ့နေရာတွေလို့ ဆိုပါတယ်။ ဒီအချက်ကို ဘာပြောချင်ပါသလဲ။

Jack Dun ford ။ ။ ဒီ တိုင်းရင်းသားတွေရဲ့  လှုပ်ရှားမှုဟာ နှစ်ပေါင်း (၆၀) ကျော်ကြာခဲ့ပါပြီ။ တိုင်း ရင်း သားတွေအားလုံး နယ်စပ်ဒေသတွေကို တွန်းဖယ်ခံနေရပါတယ်။ တဖြည်းဖြည်း နယ်စပ်ကို ဖြတ် ကျော် လာနေရပါတယ်။ ကရင်၊ ကရင်နီ၊ မွန် အဖွဲ့အစည်းတွေနဲ့ တနည်းနည်း ဆက်စပ်နေကြပါတယ်။ ဒါပေ မဲ့သူတို့ရဲ့စခန်းတွေဟာစစ်ရေး၊နိုင်ငံရေးဆိုင်ရာစခန်းတွေတော့မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီလူတွေ ထိုင်းနိုင်ငံဘက် ရောက်လာကြတာ စစ်ပွဲကြောင့်လား၊ ဆင်းရဲမှု ကြောင့် ကော မပါဘူးလား။ တချို့တွေဟာ ရေကြည်ရာ မြက်နုရာ ရှာဖွေ ထွက်လာကြသူတွေ မပါဘူးလား။

Jack Dun ford ။ ။ အခု ထိုင်းနိုင်ငံမှာ မြန်မာလူမျိုး (၃) သန်းလောက် ရှိပါတယ်။ အဲဒီအထဲက အများ အပြားဟာ စီးပွားရေး အခြေအနေကြောင့် မြန်မာနိုင်ငံက ထွက်ပြေးလာကြတာပါ။ ဒါပေမဲ့ ဒုက္ခ သည် စခန်းမှာ ရှိနေကြ သူအများစုက တော့ စစ်ပွဲတွေကြောင့် တိမ်းရှောင်ထွက်ပြေး လာကြသူတွေပါ။ စီး ပွား ရေးကြောင့် ထွက်ပြေးလာကြသူတွေ မဟုတ်ပါဘူး။ အခု ဖြစ်နေတဲ့ကိစ္စက တိုင်းရင်း သား လူမျိုးစု တွေဟာ သူတို့ ရည်ရွယ် မျှော်မှန်းချက်တွေ အတွက် ရုန်းကန် လှုပ်ရှား နေကြတာပါ။ သူတို့ဟာ အုပ်ချုပ်ရေးမှာ သူတို့အခန်းကဏ္ဍပါရှိတဲ့ ဖဒရယ်ပုံစံ အုပ်ချုပ်ရေးကို လိုချင်ကြပါတယ်။ စစ်အစိုးရက သူတို့ နဲ့ ညှိနှိုင်းဖြေရှင်းမှုမရှိဘဲ သူတို့ဒေသတွေကို တိုက်ခိုက်ထိန်းချုပ်ထားပါတယ်။ ဒါကြောင့်မို့ သူတို့တွေက လက်နက်ကိုင်ကြပါတယ်။ ဒီ စစ်ပွဲတွေမှာ စစ်အစိုးရက အနိုင်ရလာပါတယ်။ နယ်မြေတွေကို သိမ်း ပိုက် လာပါတယ်။ ဒါပေမဲ့ လူမျိုးစုတွေ ရဲ့ ရည်ရွယ် မျှော်လင့်ချက်က ပြောင်းလဲ မသွားပါဘူး။ ဒီတော့ စစ်တပ်ရဲ့ထိန်းချုပ်မှုကို သူတို့ မလိုလားဘူး။ စစ်တပ်က သူတို့ လူ့အခွင့်အရေးတွေကိုထိပါးစော်ကားတယ်။ ဖိနှိပ်ချုပ်ချယ်တယ်။ ခုခံတွန်းလှန်တာကို ချေမှုန်းတယ်။ ဒါကြောင့်မို့ ကျနော် ဒီလုပ်ငန်းကို လုပ်ကိုင်လာတယ့် (၂၆) နှစ်တာ ကာလမှာ နေ့တိုင်းလိုလို ဒုက္ခသည်တွေ ထွက်လာကြတာ တွေ့ နေရပါ တယ်။

ဦးကျော်ဇံသာ ။ ။ ဒုက္ခသည်တွေအရေး ဆောင်ရွက်ရာမှာ ထိုင်းအာဏာပိုင်တွေရဲ့ပူးပေါင်းဆောင်ရွက်မှု အပြည့်အဝရရှိပါသလား။

ကျနော် ဒီမေးခွန်းမေးရတဲ့အကြောင်းက မြန်မာပြည်က ဒုက္ခသည်တွေအပေါ် နှိမ့်ချဆက်ဆံတယ်ဆိုတဲ့ ညီးတွားသံတွေ ဒုက္ခသည်တွေဆီက မကြာခဏ ကြားရပါတယ်။ ဒေသခံ ထိုင်းတွေနဲ့ မြန်မာ ဒုက္ခသည် တွေ အခွင့်အရေး လုံးဝ ခြားနားမှုရှိတယ်။ အလုပ်တမျိုးတည်းကို အတူတူလုပ်ကြရာမှာ မြန်မာ အလုပ် သမားတွေကိုလျှော့ပေးတယ်ဆိုတာတွေကြားနေရပါတယ်။

Jack Dun ford ။ ။ ခင်များ ပြောနေတာ ကမ္ဘာ့အခြေအနေပါ။ တကမ္ဘာလုံးမှာ ဒီလိုဘဲ ဖြစ်နေပါတယ်။ ထိုင်းရဲ့  သဘောထားကို ပြောရရင် realistic approach အတော်လေး လက်တွေ့ကြတဲ့ ချည်းကပ်မှုလို့ ပြောလို့ရပါတယ်။ ထိုင်းက မြန်မာ သုံးသန်းလောက်ကို လက်ခံထားတယ်။ ဒုက္ခသည်စခန်းတွေ ဖွင့် ခွင့် ပေးတယ်။ ဒီ ဒုက္ခသည်တွေဆီ ကျနော်တို့ကို အပြည့်အဝ သွားရောက်ကူညီခွင့် ပေးထားတယ်။ ဒါေ တွအားလုံးဟာ အပေါင်းလက္ခဏာတွေပါ။ ထိုင်းနိုင်ငံအဖို့ သတိထားရတာက မြန်မာနိုင်ငံက လူတွေ ပုံအောပြီး လိမ့်ဝင်လာတဲ့ကိစ္စ ဖြစ်ပါတယ်။ ထိုင်းဘက်မှာ သိပ်ပြီး အနေချောင်အောင် လုပ်ပေးထားရင် မြန်မာနိုင်ငံဘက်က လူတွေဒီထက်မက လိမ့်ဝင်လာနိုင်ပါတယ်။ ဒါကြောင့် ထိုင်းမူဝါဒက ဒီကိစ္စမှာတော့ သိပ် ရက်ရက်ရောရော ရှိတဲ့ မူဝါဒ မဟုတ်ပါဘူး။ ဒါကိုတော့ သံသယရှိစရာ မလိုပါဘူး။ မှတ်ပုံတင်ရှိတဲ့ လူတွေတောင် ခေါင်းပုံဖြတ်ကြရပါတယ်။ ဒီအတွက် ရေးဆွဲထားတဲ့ ဥပဒေတွေလည်း အား မကောင်း လှပါဘူး။ ဒါကြောင့် ဒီမူဝါဒမှာ အပေါင်းလက္ခဏာနဲ့ အနုတ်လက္ခဏာ နှစ်ခုစလုံး တွေ့နေရပါတယ်။

ဦးကျော်ဇံသာ ။ ။ ထိုင်းနိုင်ငံဟာ တချိန်တုန်းက ဒီနယ်စပ်က တိုင်းရင်းသား သူပုန်တွေကို သူတို့နိုင်ငံ အတွက် အကာအကွယ် buffer ကြားခံအဖြစ် မွေးခဲ့ပါတယ်။ အခုတော့ မြန်မာစစ်အစိုးရနဲ့ ပူးပေါင်းပြီး စီးပွားရေးလုပ်ချင်လာတဲ့အခါ သဘောထားပြောင်းလာတယ်။ ဆိုတော့ ဒုက္ခသည်တွေ ဖြစ်ရတဲ့ကိစ္စမှာ ထိုင်းနိုင်ငံအနေနဲ့တစိတ်တဒေသအဖြစ်တာဝန်မရှိပေဘူးလား။

Jack Dun ford ။ ။ ထိုင်းအနေနဲ့က မြန်မာနိုင်ငံပြဿနာကို သူတို့ မဖြေရှင်းနိုင်ဘူးဆိုတာ သဘော ပေါက်တယ်။ မြန်မာပြည် ပြဿနာကလည်း ရေရှည်သွားမယ့် ပြဿနာပါ။ ၂၀၀၃ ခုနှစ်တုန်းက ပုဂံသ ဘောတူညီချက်ဆိုတဲ့ စီးပွားဖွံ့ဖြိုးမှု အစီအစဉ်အရ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး နှစ်ရှည်စီမံကိန်းတွေ လုပ်ခဲ့ ပါတယ်။ နယ်စပ်ဒေသ တည်ငြိမ်ရေးလည်းပါတယ်။ ဒါဟာ ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေးနဲ့လည်း စပ်ဆက်နေပါတယ်။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှစွာနဲ့ဘဲ ဒါဟာ မြန်မာစစ်တပ်ကို တိုင်း ရင်း သားနယ်မြေတွေ ပိုပြီး ထိန်းချုပ်ခွင့် ပေးလိုက်သလို ဖြစ်သွားပြီး ဒုက္ခသည်တွေ၊ ထွက်ပြေးရသူတွေ ပို များလာခဲ့တယ်။ တိုင်းရင်းသား အခွင့်အရေးတွေကိုလည်း အသိအမှတ် မပြုခဲ့ဘူး။ ဒါကြောင့် မှန် ပါ တယ် ဒီလို မူဝါဒမျိုးဟာ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်ဘက်သာ ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ TBBC ရဲ့  ၂၀၀၉ - ၂၀၁၃ မဟာဗျူဟာ မျှော်မှန်းချက်တွေထဲမှာ ပထမအချက်က ဒီ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်တွေ အိုးပစ်အိမ်ပစ် ထွက်ပြေးလာကြသူများအရေးကို ရေရှည် ပြေ လည် နိုင်မယ့် အပြောင်းအလဲ ရှာဖွေရေးလို့ ရေးထားတာကို တွေ့ရပါတယ်။ ဘယ်လိုမျိုး အဖြေ ရှာမလဲ ဆို တာကိုပြောပါအုန်း။

Jack Dun ford ။ ။ သေချာတာပေါ့။ ထိုင်းမှာ မြန်မာဒုက္ခသည်တွေရှိလာခဲ့တာ (၂၆) နှစ် ရှိလာခဲ့ပါပြီ။ စိန်ခေါ်မှုတွေမှာ အလှုရှင်တွေက မကျေနပ်ကြတော့ဘူး၊ စိတ်ကုန်နေကြပြီ။ ကမ္ဘာတဝှမ်းမှာ ဘေးဒုက္ခတွေ လိုအပ်ချက်တွေက အများကြီးဖြစ်နေတာ ဒီကိစ္စမှာ အချိန်အကန့်အသတ်မရှိ ပံ့ပိုးပေးနိုင်နေမှာ မဟုတ်ဘူး။ ကျနော်တို့ ပြောတဲ့ တာရှည်ဖြေရှင်းချက်ကို လူတိုင်းလိုချင်ပါတယ်။ လက်တွေ့မှာတော့ ပြေ လည်မှုဆိုတာ မြန်မာနိုင်ငံမှာ ပြေလည်မှာ ဖြစ်နိုင်မှာပါ။ မြန်မာနိုင်ငံအတွင်းမှာ ပြဿနာတွေ ပြေလည် သွားမှ ဒုက္ခသည်တွေ ထွက်လာတာ ရပ်ဆိုင်းသွားမှာ။ ဒုက္ခသည်တွေလည်း သူတို့ဌာနေ ပြန်သွားနိုင်မှာပါ။ ဒါပေမဲ့ တာရှည်ပြေလည်မှုဆိုတဲ့ အထဲမှာ တခြားနိုင်ငံတွေမှာ အခြေချပေးမှုလည်း ပါပါတယ်။ အပြည့်အဝမဟုတ်တော့ တစိတ်တဒေသ ပြေလည်ဖို့ အထောက်အကူ ဖြစ်ပါတယ်။ တချိန် တည်းမှာ လည်း ထိုင်းနိုင်ငံရဲ့  အခက်အခဲကိုလည်း ထည့်သွင်း စဉ်းစားပြီး ဒုက္ခသည်တွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရေး၊ နေရေးထိုင်ရေး ပြေလည်ရေးတွေကိုလည်း ဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု စစ်အစိုးရက ၂၀၀၈ ခုနှစ်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲခဲ့ပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်ပေးဖို့ ပြင်ဆင်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ရေရှည်ပြေလည်မှု ရနိုင်မယ်လို့ ထင်ပါသလား။

Jack Dun ford ။ ။ ၂၀၁၀ ရွေးကောက်ပွဲက အပြုသဘော ရွေးကောက်ပွဲ ဖြစ်လာနိုင်ဖို့ လူတိုင်း မျှော လင့်ကြပါတယ်။ ဒါပေမဲ့ သိပ် အလားအလာကောင်းပုံ မရပါဘူး။ ပထမအချက်က တိုင်းရင်းသားတွေက ဖဒရယ်ပုံစံကို မျှော်မှန်းနေကြတယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံက တပြည်ထောင်စနစ် Unitary State သာဖြစ်ပြီး တိုင်းရင်းသားတွေ မျှော်မှန်းချက်နဲ့ မကိုက်ညီပါဘူး။ ဒါဟာ လက်ရှိပြဿနာကို မပြေလည် စေပါဘူး။ အခြေအနေက ပိုပြီဆိုးလာနိုင်ပါတယ်။ စစ်အစိုးရကတော့ ဒီပြဿနာကို ရွေးကောက်ပွဲ မတိုင်ခင် လုပ်ချင်တယ်။ ဒါပေမဲ့ တိုင်းရင်းသားအဖွဲ့တွေကို နယ်ခြားစောင့် တပ်အသွင်းပြောင်းရေးဟာ တိုင်းရင်းသားတွေ လက်ခံနိုင်တဲ့ အခြေအနေမဟုတ်ပါဘူး။ ဆိုတော့ ပဋိပက္ခတွေ ပိုများလာပြီး ပြေလည်စရာမမြင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီတော့ TBBC အတွက် စိန်ခေါ်မှုတွေ၊ ပြဿနာတွေ ပိုပြီရင်ဆိုင်လာရမှာပေါ့။ ဒါတွေကိုပြေပြေလည်လည်ရင်ဆိုင်ဖို့အင်အားတွေ၊အရင်းအမြစ်တွေရှိပါသလား။

Jack Dun ford ။ ။ တကယ်တော့ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ့အရေးကို အလေးအနက် ထား ပါတယ်။ လွန်ခဲ့တဲ့ (၂၆) နှစ်လုံးမှာ ရက်ရက်ရောရော ရှိခဲ့ပါတယ်။ ကျနော့် အတွေ့အကြုံအရ အရေး ပေါ် အကူအညီတွေ လိုတဲ့အခါမှာလည်း ထိထိရောက်ရောက် ပေးခဲ့ကြတယ်။ ကျနော် ယုံကြည်မှု ရှိပါ တယ်။လိုအပ်လာရင်တော့နိုင်ငံတကာအသိုင်းအဝိုင်းကကူညီကြမှာပါ။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးခွန်းက မြန်မာနိုင်ငံဟာ နိုင်ငံကြီးတချို့အတွက် မဟာဗျူဟာ မမြောက်လို့၊ အချက်အခြာမကျလို့ နိုင်ငံတကာက ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်ချင်စိတ် မရှိ ဘူး လို့တချို့ကဝေဖန်ကြပါတယ်။ဒီအချက်မှန်ပါသလား။

Jack Dun ford ။ ။ စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းပါ။ တကမ္ဘာလုံး အတိုင်းအတာနဲ့ကြည့်ရင် မြန်မာ့ အရေးဟာ သိပ်အရေးမကြီးပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ တည်နေရာဟာ မဟာဗျူဟာကျပါတယ်။ စိတ်ဝင်စားမှု ရှိကြပါတယ်။ အခုအခါ မြန်မာတွေ တကမ္ဘာလုံး ပြန့်နှံရောက်ရှိနေကြလို့ တကမ္ဘာလုံးရဲ့ စာနာ မှုတွေ ပိုရလာကြပါတယ်။
...

0 comments: