Thursday 18 March 2010

ILO ကို တိုင်ကြာခဲ့လို့ကလေးစစ်သားတဦး မိဘထံ ပြန်ရောက်

RFA 2010-03-16
သပိတ်ကျင်းမြို့နယ် ကိုးပင်ရွာနေ ဦးဘုန်းကျော်ရဲ့သား၊ စစ်သားလုပ်ဖို့စုဆောင်းခံခဲ့ရတဲ့ အသက် ၁၄ နှစ်အရွယ်မောင်ဝင်းနောင်ဟာ ၄ လကျော် စစ်တပ်ထဲမှာ နေခဲ့ရပြီးတဲ့နောက် အိုင်အယ်လ်အိုနဲ့ ကလေး စစ်သားအရေး ကူညီဖြေရှင်းပေးနေတဲ့ လူမှုရေးအဖွဲ့တွေကြောင့် စစ်တပ်ကထွက်ခွင့်ရပြီး မိဘရပ်ထံကို မတ်လ ၁၅ ရက်နေ့ညက ပြန်ရောက်လာတယ်လို့ သိရပါတယ်။

သပိတ်ကျင်မြို့နယ် ၇ မိုင်လေ့ကျင့်ရေးတပ်ရင်း အမှတ် ၂ ကနေ သားဖြစ်သူကို ပြန်ခေါ်ခွင့်ရခဲ့တဲ့ ဖခင်ဖြစ်သူက စစ်တပ်ကို ပိုက်ဆံ ၃ သောင်းခွဲပေးလိုက်ကြောင်း RFA ကို ခုလိုပြောပါတယ်။ ဘမောင် ဝင်းနောင်ရဲ့ဖခင် ဦးဘုန်းကျော်က ခုလိုပြောပြပါတယ်။

“လက်မှတ်တွေ ထိုးခဲ့ရတာကို အစောင်ပေါင်း ၃၀ လောက် ထိုးခဲ့ရတယ်။ မိဘတွေမှတ်ပုံတင် တွေသားရဲ့ မှတ်ပုံတင်တွေရော အကုန်စစ်တယ်တို့က။ မယက တွေရောမိခင်နဲ့ ကလေး စောင့်ရှောက်ရေး၏ တွေရောတိုင်းက ဗိုလ်ကြီးတွေရောဓာတ်ပုံ တွေကိုပြီး လုပ်ပေး လိုက်တာပဲ။ ကျနော်ကို ဘာမှ နှိပ်စက်တော့မခံရဘူးတဲ့ ပြန်ခေါ်ခဲ့ တော့သူတို့က ဘာပြောလဲဆိုတော့ ခင်ဗျားလုံးဝကို မတရားဘူးတဲ့ ပြော တယ်။ မတရားသဖြင့် တိုင်တာလို့ ပြောတယ်။ ခင်ဗျားတို့သားတွေကို ကျနော်တို့က မတရားသဖြင့် ခေါ်တာမဟုတ်ဘူလို့ ပြောတယ်ဗျ။ ၃ သောင်းခွဲရတယ်ဗျ။ မနေ့က ဓာတ်ပုံရိုက်တာတွေ ၅ ထောင် ပေးထားခဲ့ရတယ်။ ကျနော်ကို ၃ သောင်း ပေးလိုက်တယ်။ မောင်ဝင်းနောင်ကို ခေါ်သွာား ကတည်းက သပိတ်ကျင်း လေ့ကျင့် ရေးတပ်မှာထားတာ ဖြစ်ပေမဲ့ အစ ပိုင်း လိုက်ရှာတုန်းကတော့ အဲဒီတပ်က မရှိဘူးပြောလတ်လိုက်ပြီး အခုအိုင်အယ်လ် အကိုတိုင်လိုက် တော့မှ လွတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ကလေးပြန်ရဖို့ ကိစ္စ္စဆောင်ရွက်ခဲ့ရပုံကို အကူအညီပေးခဲ့တဲ့ သပိတ်ကျင်းမြို့က အန်အယ်လ်ဒီအဖွဲ့ဝင် ဦးအေးသိန်းက ခုလို ရှင်းပြပါတယ်။

“ကလေးပြန်ရဖို့ ကြီးစားတာကတော့ ကျနော်တို့ပဲခူး မြို့က အဘ ဦးအေးမြင့်နဲ့ ဆက်သွယ်ပြီးတော့ကာ မှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကို အကြောင်းကြားစာတွေ ပို့တာပေါ့နော။ အိုင်အယ်လ်အိုရဲ့ ဆက်သွယ်ရေး ညှိနှိုင်းရေးအရာရှိ စတိဗ်မာရွယ်ဆီကို ကျနော်တို့က အကြောင်းကြားစာ ရောက်အောင် ပို့ရတာပေါ့။ ရန်ကုန်ရောက်အောင်လေ ၊ လူကြီးချင်း လူကြီးချင်း ပြောတဲ့သဘောမှာ ရှိပါတယ်။ အဲဒီမှာ ပထမတပ်ကနေ ဗိုလ်ကြီးမြင့်ဆွေ ရောက်လာတယ် ခင်ဗျားသားက ဒီတိုင်းဆို ကွန်ဖန်းဖြစ်တယ်၊ ကျနော်လွတ်ပေးရ မှာပါပေါ့၊ လွန်ခဲ့တဲ့ ၂ လ လောက်က ဒါက မနေ့က လွတ်လာတာပဲ၊ ကလေးက သပိတ်ကျင်းမြို့နယ် အရွယ်မရောက်သေးတဲ့ ကလေးစစ်သားကိစစ္စ ပထမဦးဆုံးအကြိမ် ကျနော်တို့ရဲ့ ကြိုးပမ်းမှု အောင်မြင်တယ် ပြောရမှာပေါ့နော်။”

၂၀၁၀ နှစ်ဆန်းပိုင်း အတွင်း အိုင်အယ်လ်အို ရန်ကုန်ရုံးခွဲကို တိုင်ကြားခဲ့တဲ့အတွက် မောင်ဝင်းနောင် အပြင် ဧရာဝတီတိုင်း၊ ဘိုကလေးမြို့က မောင်ဇော်မင်းပိုင်၊ ပဲခူးမြို့က မောင်ဝေဦးချို၊ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့က မောင်ကျော်မင်းထွန်း၊ ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ အမာမြို့နယ် မောင်အောင်မင်း သူနဲ့ပဲခူးမြို့အင်း ဝင်ရပ်ကွက်က ၉ တန်း ကျောင်းသား မောင်တင်မျိုးတင် တို့ဟာလည်း သူတို့ ရဲ့ မိဘရင်ခွင်ကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။
...

0 comments: