Monday 15 March 2010

ကလေးစစ်သား စုဆောင်းခံရသူ မိဘရင်ခွင်ပြန်ရောက်

2010-03-14
ဧရာဝတီတိုင်း ဘိုကလေးမြို့အမှတ် ၆ ရပ်ကွက်က ၁၀ တန်းကျောင်းသား မောင်ဇော်မင်းပိုင်ဟာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က စစ်သားအဖြစ်စုဆောင်းခံရပြီး အခုအခါမှာ အိုင်အယ်အိုနဲ့ ကလေးစစ် သား အရေးဆောင်ရွက်ပေးနေသူတွေရဲ့ ကူညီမူကြောင့် မတ်လ ၁၀ ရက်နေ့က နေအိမ်ကို ပြန်ရောက် ခဲ့ပါတယ်။ ပြန်ရောက်လာတဲ့ မောင်ဇော်မင်းပိုင်ကို စစ်သားအဖြစ်စုဆောင်းခံခဲ့ရပုံနဲ နောက်ပိုင်းဘာ တွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာ မေးကြည့်တဲ့အခါမှာ…

“ဆရာသောင်းရွှေက မော်ကျွန်ကို ခေါ်သွားတာ။ မော်ကျွှန် ၅၃၄ တပ်ကနေ ဆရာမြင့်သွင်က ပုသိမ် ၉ ထဲကို လိုက်ပို့ပါတယ်။ ၂၉ ရက်နေ့မှာ ဒညင်းကုန်းကိုပို့ပါတယ်။ ဖောင်ကြီး-မင်းကုန်း လေ့ကျင့်ရေးတပ် ကို ပို့ပါတယ်။ သူတို့ စစ်နည်းဗျူဟာတွေ အကုန်သင်ရပါတယ်။ အဆင့်ဆင့်အလိုက် သင်ရတယ်။ စစ် ရေး၏ပြပြီးတော့မှ လက်နက်ငယ်ဝင်တာပါ။ အုတ်ခဲတွေတောထဲမှာ ကျားသစ်ချောင်းတွေဘာတွေတက် ရပါတယ်။ တပ်ထဲက ပြန်ချင်တယ်ဆိုရင် နှိပ်စက်ပါတယ်။ ပြန်ချင်ပေမယ့် ကိုယ့်ရှေ့ကလူတွေကို နှိပ် စက်တဲ့အတွက် ကျနော်မပြန်ရပါဘူး သူတို့က ပါးရိုက်ပါတယ်။ တယောက်တချက်စီရိုက်ခိုင်းပါတယ်”

တပ်ထဲက ထွက်ခွင်ရတဲ့အခါ သူ့ကို နောင်စစ်ထဲဝင်လို့မရအောင် မှတ်ချက်ရေးပေးလိုက်ကြောင်းနဲ့ ဒါ့အ တွက် အားမငယ်တဲ့အပြင် စစ်ထဲကိုဝင်ချင်တဲ့ ရွယ်တူလူငယ်တွေကို ဘယ်တော့မှ စစ်ထဲမဝင်အောင် ပြောဆို ပညာပေးသွားမယ်လို့ မောင်ဇော်မင်းပိုင်က ဆက်ပြောပါတယ်။ ကိုယ်ပိုင် အမှတ် ၄၂၈၀၈၉ နဲ့ တပ်တွင်းက ထွက်ခွင့်ရလာတဲ့ မောင်ဇော်မင်းပိုင်ရဲ့ ဖခင်ဖြစ်သူ ဦးငွေစိုးကိုယ်တိုင် ၁၉၉၁ ခုနှစ်က ရှေ့ တန်းတိုက်ပွဲမှာ ဦးခေါင်းကို လက်နက်ကြီးထိမှန်တဲ့ဒဏ်ရာကြောင့် အခုအခါမှာ အငြိမ်းစားစစ်မူထမ်း ဟောင်းတဦး ဖြစ်တယ်လို့ သိရပါတယ်။ မောင်ဇော်မင်းပိုင် လွတ်မြောက်အောင် ဘယ်လိုတွေ လုပ်ကိုင် ခဲ့ရသလဲလို့ ဦးငွေစိုးကို အာာအက်ဖ်အေက မေးကြည့်တဲ့ခါမှာ…

“စုဆောင်းရေး အဆင့်ဆင့် လိုက်ရပါတယ်အကို။ သုံးသိန်းခွဲကျော်ကျော် တော့ကုန်သွားတယ်။ ကလေး က ကျောင်းစာမေးပွဲကို မဖြေရတဲ့အတွက် တော်တော်ကိုဝမ်းနည်းပါတယ်။ ကလေးအသက်ကိုလိမ်ထည့်ထားတယ်။ ၁၁ ရက် ၅ လ ၁၉၉၁ ခုနှစ်လို့ လိမ်ထည့်ထားတယ်။ အမှန်အကန်က ၂၆ ရက် ၁၀ လ ၁၉၉၃ ပါ။ သူတို့က ကလေးကို လွတ်တယ်ဆိုတဲ့အကြောင်းကို လက်မှတ်ထိုးရတယ်။ သူတို့ကံကျနော့်ဆီကပိုက်ဆံတွေကိုတောင်းလိုက်ကြသေးတယ်။ ကလေးရဲ့စုဆောင်းထားတဲ့ ငွေတသောင်းကို ပေးထားခဲ့ရတယ်” မောင်ဇော်မင်းပိုင် လွတ်မြောက်လာအောင် အိုင်အယ်လ်အိုနဲ့ အတူအကူအညီ ပေး ခဲ့တဲ့ လူ့အခွင့်အရေး မြှင့်တင်သူများကွန်ယက်က ဦးမောင်မောင်လေးကတော့ ကလေးပြန်လွတ်လာ ပေမယ့် ကလေးကို နစ်နာအောင်ပြုမူဆောင်ရွက်လိုက်တယ်လို့ ပြောပါတယ်။

ဦးမောင်မောင်လေး။ ။“ကလေးရဲ့ တနှစ်တာ စာသင်နှစ်ဟာ အချည်းနှီး ဖြစ်သွားပါတယ်။ နောက်တ ချက်က ကလေးကို လွတ်ပေးလိုက်တဲ့အခါမှာ စစ်သည်ကောင်းတယောက် ဖြစ်လာနိုင်တဲ့ အရည်အ ချင်း ကင်းမဲ့တဲ့အတွက် စစ်တပ်ကနေ နှုတ်ထွက်ခွင့်ြ့ပုလိုက်တယ်လို့ သူတို့က ရေးလိုက်တာ။ ဒီကလေး ရဲ ဂုဏ်သိက္ခာ အင်မတန် ညှိုးနွမ်းစေပါတယ်။ ဒီကလေးကို စော်ကားလိုက်တာပါ။ အဲဒီတော့ အရွယ်မ ရောက်သေးတဲ့ ကလေးသူငယ်တယောက်ဟာ ဘယ်လိုလုပ်စစ်အရည်အချင်း ပြည့်ဝသူတယောက်ဖြစ် နိုင်မတုန်းဗျ။ ဒါကိုလည်း သိသိကြီးနဲ့ လိမ်ညာပြီးတော့ ခေါ်သွားတယ်”

၂၀၁၀ နှစ်ဆန်းပိုင်းမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ရုံးခွဲ ရန်ကုန် အိုင်အယ်လ်အိုက တိုင် ကြားခဲ့တဲ့အတွက် မောင်ဇော်မင်းပိုင်အပြင် ပဲခူးမြို့က မောင်ဝေဦးချိုး၏ မကွေးတိုင်း တောင်တွင်း ကြီးမြို့က မောင်ကျော်မင်းထွန်း၊ ဧရာဝတီတိုင်း ဖျာပုံခရိုင်အမာမြို့နယ် မောင်အောင်မင်းသူနဲ့ ပဲခူးမြို့ အင်းဝင်ရပ်ကွက်ထဲက ၉ တန်းကျောင်းသား မောင်တင်မျိုးတင်တို့ကလည်း မိဘရင်ခွင်ကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။
ှ
...

0 comments: