Tuesday 2 March 2010

ကလေးငယ်များကို လိမ်လည်ဖြားယောင်းပြီး စစ်သားစုဆောင်း

ခေတ်ပြိုင်/စိုးမိုး/ ၁ မတ် ၂ဝ၁ဝ
စစ်သားစုဆောင်းရေးတပ်မှ စစ်သားများအပါအ၀င် တပ်ကြပ်အဆင့်အထက်တို့က နယ်ဒေသသို့ဆင်း ပြီး ကလေးများအား လိမ်လည်ကာ စစ်သားအဖြစ် စုဆောင်းနေကြောင်း ကလေးစစ်သားတဦးထံမှ သိရ သည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို) မှ ကလေးစစ်သားစုဆောင်းခံရမှု တိုင် ကြားချက်များကို လက်ခံဆောင်ရွက်ပေးနေသော်လည်း ဆင်းရဲချို့တဲ့သည့် ကလေးငယ်များကို စစ်တပ် က လစာဝင်ငွေ ကောင်းစွာရရှိပြီး မိသားစုကို ထောက်ပံ့နိုင်သည်ဟုဆိုကာ လိမ်လည်ဖြားယောင်းပြီး စစ်သားအဖြစ် စုဆောင်းနေကြောင်း သိရသည်။

“သားကျောင်းတက်နေတဲ့အချိန်မှာ မိဘတွေလည်း သိပ်အဆင်မပြေတာလည်း ပါတာပေါ့။ တပ်ထဲကို လိုက်သွားရင် အဆင်ပြေသွားမယ်ထင်လို့။ သူတို့ပြောတဲ့ပုံစံက အဆင်ပြေသွားမယ့် ပုံစံကြီးဗျ” ဟု စစ် သားစုဆောင်းရေးတပ်မှ အိုင်အယ်လ်အို အကူအညီဖြင့် လတ်တလော လွတ်မြောက်လာသည့် ကလေး စစ်သားက ပြောကြားသည်။

အဆိုပါ ကလေးစစ်သားဖြစ်သူမှာ ဧရာဝတီတိုင်း အမာမြို့မှ (၁၀) တန်း တက်နေဆဲ (၁၆) နှစ်အရွယ် ကျောင်းသားတဦးဖြစ်ပြီး ၎င်းအား အမှတ် (၆၀၅) ခြေမြန်တပ်ရင်းမှ တပ်ကြပ်ကြီးတဦးက လေ့ကျင့်ရေး တပ်တွင် နေထိုင်လေ့ကျင့်ပြီးနောက် စစ်သား၊ ထို့နောက် တပ်ကြပ်ကြီးအဆင့်အထိ လစာဝင်ငွေ ခံ စားခွင့် တလလျှင် ကျပ် (၁) သိန်းခွဲခန့် ရရှိပြီး နေစရာ အိမ်ရာလည်းရမည် ဖြစ်သဖြင့် မိသားစုကို ခေါ် ယူထားနိုင်မည်ဟုဆိုကာ သိမ်းသွင်းခေါ်ယူ စုဆောင်းခဲ့ခြင်းဖြစ်သည်။

“တပ်ထဲမှာ (၂) လကြာတာပေါ့။ ပထမတော့ ကျနော့်ကို ခေါ်သွားတဲ့ အမှတ် (၆၀၅) ခြေမြန်တပ်ရင်းမှာ (၁) လ နေရတယ်။ နောက်တော့ ရေနီ လေ့ကျင့်ရေးတပ်မှာ (၁) လ။ နောက် ရေဒီယိုမှာ ကျနော် ပျောက်ကြောင်း ပါလာပြီးတော့ တပ်က လေ့ကျင့်ရေး သိပ်မလုပ်ခိုင်းတော့ဘူး” ဟု အဆိုပါ ကလေး စစ် သားက ဆက်ပြောသည်။

နာဂစ်မုန်တိုင်း နောက်ပိုင်း မိဘမဲ့ဖြစ်သွားသော ကလေးငယ်များနှင့် မိသားစု ဆင်းရဲချို့တဲ့သော က လေးငယ်များကို စစ်သားများက နယ်လှည့်ပြီး စစ်သားအဖြစ် စုဆောင်းလာခြင်းဖြစ်သည်။

“တပ်ထဲမှာ ကျနော့်လို လူငယ်တွေ ရှိနေပါသေးတယ်။ ကျနော် ရှိနေတုန်းတောင် ထွက်ပြေးတာတွေ ရှိ နေတယ်။ အုပ်စုဖွဲ့ပြီး ထွက်ပြေးတာတွေ။ ကျနော် တပ်ထဲရှိနေတုန်းတောင် ကျနော့်လို ကလေးတွေ (၆) ယောက် တခါ ထွက်ပြေးတယ်။ ပြန်မိတယ်” ဟု လွတ်မြောက်လာသူ အဆိုပါကလေးစစ်သားက တပ် တွင်းအတွေ့အကြုံကို ပြောကြားသည်။

ကလေးစစ်သားအရေး ဆောင်ရွက်နေသူများ အကူအညီဖြင့် မိဘရှိသူများက စစ်သားစုဆောင်းရေး တပ်တွင်း ရောက်ရှိသွားသည့် ကလေးငယ်များကို အိုင်အယ်လ်အို အကူအညီဖြင့် ပြန်လည်ကယ်တင် နိုင်ခဲ့သည်။

မိဘမဲ့ဖြစ်နေသော ကလေးစစ်သားများနှင့် ဆင်းရဲနွမ်းပါး မိဘများ၏ ကလေးငယ်များကိုမူ စစ်တပ်မှ မ ကယ်တင်နိုင်သေးကြောင်း ကလေးစစ်သားအရေး ကူညီဆောင်ရွက်ပေးနေသော လမ်းပြကြယ်အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က ပြောကြားသည်။
...

0 comments: