Friday 26 February 2010

အင်တာနက်အသုံးပြုသူများ HIV ကလေးများအတွက်ငွေလှူ

ကမ္ဘာအရပ်ရပ်မှ စာရေးသူ၊ စာဖတ်သူ ၁၁၁ ဦးက အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ဝေဒနာသည် က လေးငယ်များအတွက် ပေးပို့ လှူဒါန်းသော အလှူငွေ ကျပ် ၄၇ သိန်းကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် လက်ခံစုဆောင်းပေးသူ စာရေးဆရာမ မနော်ဟရီက သုခရိပ်မြုံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းငွေများမှာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့မှ စာကြောင်းအချို့ကို ဖတ်မိကြသည့် ကမ္ဘာအရပ်ရပ်မှ အင် တာနက် အသုံးပြုသူများမှ ပေးပို့လှူဒါန်းကြခြင်း ဖြစ်သည်။

သုခရိပ်မြုံတွင် အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ကလေးငယ်ပေါင်း ၄၆ ဦးရှိသည်။

မြန်မာတိုင်းမ် - အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၄)
ref: http://him.civiblog.org/blog/
...

0 comments: