Sunday 7 February 2010

သာစည်ဘူတာမှာ အဓမ္မ စစ်သားစုဆောင်းနေ

RFA 2010-02-07
ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်က သာစည်ဘူတာမှာ အသက် ၂ဝ ဝန်းကျင် လူငယ်တွေကို သာ စည်အခြေစိုက် အမှတ် ၂ စစ်သားစုဆောင်းရေးတပ်၊ အမြောက်တပ် ၃၂ဝ၊ ခမရ ၄၁၉ နဲ့ ၄၂ဝ တို့က အ တင်းအဓမ္မ စစ်သားစုဆောင်းနေတယ်လို့ အာအက်ဖ်အေက စုံစမ်းသိရှိရပါတယ်။

ဇန်နဝါရီလကုန်ပိုင်းက သာစည်ဘူတာကို ရထားစီးဖို့ လာတဲ့ ဆင်သေရွာက လူငယ် ၄ ဦးထဲက ၂ ဦးကို စစ်သားအဖြစ် အတင်းစုဆောင်းရာမှာ လူငယ်တွေက မခံပဲ တွန်းထိုးထွက်ပြေးတဲ့အတွက် စစ်သားတွေ က အုပ်စုဖွဲ့ပြီး လောက်လေးခွနဲ့ ပစ်ခတ်ခဲ့တယ်လို့ သာစည်ဒေသခံတဦးက အာအက်ဖ်အေကို ပြောပြပါ တယ်။

ဒေသခံတဦး။ ။“ဝင်းကို ၊ဘုတ်ပွ၊ ထွန်းရွှေနဲ့ မောင်စိုးဆိုတဲ့ ကောင်လေးတွေက သာစည်လယ်ပြင် ရွှေတောကို သွားဖို့၊ အလုပ်လုပ်ဖို့၊ ရွာမှာ အဆင်မပြေလို့ သွားဖို့ ဘူတာကို လာပါတယ်။ ထမင်းစားနေ တဲ့ ဝင်းကိုနဲ့ ဘုတ်ပွကို ၄၁၉ က စစ်သားတွေက မင်းတို့ကို စစ်ဆေးစရာရှိတယ်။ မင်းတို့ ကောင်တွေကို မရဘူး ဒို့ ဖမ်းစရာရှိတယ်၊ မေးစရာရှိတယ် ဆိုပြီးတော့ မင်းတို့ စစ်ထဲဝင်ရမယ်။ ဟာ ကျုပ်တို့ မဝင်နိုင် ဘူး၊ ကျုပ်တို့မှာ မှတ်ပုံတင် ရှိတယ်၊ ဘာညာ သူတို့ သာစည်သားတွေလို့ ပြောတာကို ပြောမရပဲနဲ့ဆို တော့ အဲ့ဒီမှာ ကောင်လေးတွေက ထွက်ပြေးတာ။ အဲ့ဒီအခါမှာ ၄၁၉ က ကောင်တွေက လူစုပြီးတော့ ကလေးတွေ လေးယောက်ကို လှမ်းပြီး လောက်လေးတွေနဲ့ ပစ်တာ။ တွဲပြင်ရုံနား ရောက်တဲ့အခါ လူ တွေက ဝိုင်းပြီး ပြန်လိုက်တော့မှ ၄၁၉ က စစ်သားတွေက ရပ်သွားပြီးတော့မှ အဲ့လိုလုပ်လိုက်တဲ့ အ တွက် ထွန်းရွှေဆိုတဲ့ ကောင်လေး ခေါင်းကို ထိသွားတယ်။ ခေါင်းမှာ ၃ ချက် ချုပ်ယူရတယ်”

စစ်သားအဖြစ် စုဆောင်းလို့ရတဲ့ အရွယ်တွေဆိုရင် သာစည်ဘူတာမှာ စစ်သားအဖြစ် စုဆောင်းတဲ့ပုံစံ တချို့ကို အဲဒီဒေသခံက ဆက်ပြောပါတယ်။

ဒေသခံတဦး။ ။“သာစည်ဘူတာမှာ စစ်သားစုဆောင်းမှုက အရမ်းကားဆုံး အမိုက်ရိုင်းဆုံး ဖြစ်ပါ တယ်။ ကြီးတာရော ငယ်တာရော နားမလည်ဘူး။ မလာဖူးလို့ မျက်စိသူငယ် နားသူငယ်နဲ့ ယောင်ကန်း ကန်းလုပ်နေရင် တန်းဆွဲတော့တာပဲ။ စစ်သားဘားတိုက်ထဲကို ခေါ်သွားပြီးတော့ မင်း သူပုန်နဲ့ အဆက် အသွယ်ရှိလား၊ ဘယ်သူ့သိလား ဘယ်ဝါ့သိလားလို့ မေးပြီး ပါးနား ပိတ်ရိုက်ပြီးတော့ ချက်ခြင်း မှတ် တမ်းမှတ်ပုံတင် ယူတယ်။ ပါလာတဲ့ ပိုက်ဆံတွေ ယူတယ်။ မိသားစုက မသိရင် လုံးဝ စစ်ထဲ ပါသွားပြီ။ မိသားစုသိလို့ လိုက်လာလို့ရှိရင် ပါလာတဲ့ ပိုက်ဆံ ပြန်မရဘူး။ မှတ်ပုံတင် ပြန်မရဘူး၊ စဉ်းစား မနေနဲ့။ ထွက်ပြေးနိုင်ရင် ပြေးလို့ရတယ်”

အခုလို စစ်သားစုဆောင်းရုံသာမက လွန်ခဲ့တဲ့ ၆ လလောက်က ခမရ ၄၂ဝ က စစ်သားတွေရဲ့ တာဝန် မဲ့မှုကြောင့် အသက် ၅၅ နှစ်အရွယ် ကြာဖက်ကုန်းရွာက ဦးမြတ်စံ ပေါင်နှစ်ဖက်လုံး ကျိုးသွားတာကို ခု ချိန်ထိ တာဝန်မယူပဲ ပစ်ထားပုံကိုလည်း ပြောပြပါတယ်။

ဒေသခံတဦး။ ။“ကုက္ကိုပင် တပင်ကို သာစည်အခြေစိုက် ခမရ ၄၂ဝ က စစ်သားတွေက ခုတ်လှဲနေ တာ ထိထိရောက်ရောက် မတားတဲ့အတွက် အဲ့ဒီ ဦးမြစံနဲ့ သူ့တူ ဇော်နိုင်တို့ ဖြတ်သွားတဲ့ အချိန်မှာ အဲ့ဒီ ကိုင်းတကိုင်းက ဦးမြစံတို့ စီးလာတဲ့ ဆိုင်ကယ်ပေါ်ကို ကျတယ်။ အသက် ၅၅ နှစ်ရှိတဲ့ ဦးမြစံကကျ တော့ အခု ပေါင်နှစ်ဖက်လုံး ကျိုးသွားပါတယ်။ အဲ့တုန်းကတော့ သူတို့ကပဲ တာဝန်ယူမလိုလို ဘာလို လိုနဲ့၊ ဒီနေ့အထိ တပြားတချပ်မှလည်း မပေးဘူး။ အကူအညီလည်း မပေးဘူး။ လာလည်း မပေးဘူး၊ မနက်ဖြန် သဘက်ခါဆိုရင်ပဲ ၆ လ ရှိပါတော့မယ်။ အဘိုးကြီးက အခု တော်တော် အခြေအနေဆိုးနေ ပြီ။ ငွေလည်း ကုန်နေပြီ”

ဦးမြတ်စံဟာ မန္တလေး အရိုးအကြောဆေးရုံကိုနှစ်ပတ်တခါ သွားပြီး ဆေးကုသမှု ခံနေရတဲ့အတွက် ငွေကုန်ကြေးကျ များနေပေမယ့် တဖက်က တာဝန်မဲ့မှုကို ဘယ်ကိုတိုင်လို့ တိုင်ရမှန်းမသိ ဖြစ်နေတယ် လို့ သိရပါတယ်။
...

0 comments: