Wednesday 20 January 2010

မြန်မာလှေစီး ဒုက္ခသည် ၅၀ ခန့် ပါပူဝါ နယူးဂီနီကျွန်းမှာ သောင်တင်နေ

RFA 2010-01-13
သြစတေလနိုင်ငံမှာ ဒုက္ခသည်အဖြစ်နိုင်ငံရေးခိုလှုံခြင်းတောင်းခံဖို့ ရည်႟ရွယ်ချက်နဲ့ မလေးရှာနိုင်ငံက ထွက်ခွာသွားတဲ့ မြန်မာဒုက္ခသည် ၅၀ ခန့်ဟာ ပါပူဝါ နယူးဂီနီကျွန်းမှာ သောင်တင်နေပြီး အတိဒုက္ခ ရောက်နေကြတယ်လို့ RFA က စုံစမ်းသိရပါတယ်။

ဒီအထဲက မြန်မာဒုက္ခသည် ၂၀ ခန့်ဟာ အင်ဒိုနီးရှား၊ ပါပူဝါ နယူးဂီနီနဲ့ သြစတြေလျနယ်စပ် ကျွန်းစုတွေ အကြား လုံခြုံရေးကင်းတွေကို ရှောင်တိမ်းရင်း၊ ရေနစ်သေဆုံးသွားတယ်လို့လည်း ဒီအဖွဲ့ထဲက မြန်မာ တချို့နဲ့ အဆက်အသွယ်ရခဲ့တဲ့ မလေးရှားအခြေစိုက် NLD LA မလေးရှားဌာနခွဲက ကိုကျော်ကျော်က ပြောပြပါတယ်။

ကိုကျော်ကျော်
“အခု ကျွန်တော်တို့ ပါပူဝါ နယူးဂီနီမှာက အယောက် ၆၀ ရှိတယ်လို့ကြားတယ်။ အော်ဆီ (သြစတြေး လျား) နဲ့ နီးနေပြီ အခု။ သူတို့ အဲဒီမှာက ဟို အယောက် ၃၀ နဲ့ ၅၀ ကြားမှာ ရှိတယ်လို့ ကြားတယ်။ အခု မနက်ကပဲ ကျွန်တော့ကို ဖုန်းဆက်တယ်။ လူ ၂၀ သေဆုံးသွားတယ်လို့ ကြားတယ်။ အခု ကျွန်တော်တို့ ရေကြီးတာလေ။ သူတို့ရဲ့ နယ်စပ်မှာ။ ပါပူဝါ နယူးဂီနီကနေပြီးတော့ သူက နောက်တဆင့် ထပ်တိုးကြည့် တယ်။ တိုးကြည့်လို့မရလို့ သူတို့ ပြန်ဆုတ်လာရတယ်။ အခု ပါပူဝါ နယူးဂီနီ ပြန်ရောက်တယ်။ အ ယောက် ၃၀ နဲ့ အယောက် ၅၀ ကြားမှာ အစ်ကို။ ၆၀ က ပါပူဝါ နယူးဂီနီမှာ ရှိတယ်၊ ၃၀ နဲ့ ၅၀ ကြားက ကျွန်တော်တို့ ဟိုဖက် အော်ဆီနယ်စပ်ကို သူတို့က ထပ်တိုးသွားတယ်။ အဲဒီလူတွေက အဲဒီမှာ ရေကြီး လို့ သူက ဒီ ပါပူဝါ နယူးဂီနီကို ပြန်လာတယ်။ ပြန်လာပြီးတော့ သူတို့က အဲဒီမှာ မနေပဲ သူတို့က ဂျာကာ တာကို ပြန်ချင်တယ်ဆိုပြီးတော့ ကျွန်တော့ကို ဟို ငွေလှမ်းတောင်းတယ်။”

ဒီမြန်မာ ဒုက္ခသည်တွေထဲမှာ ရဟန်း ၄ ပါး အပါအဝင် အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ သိရပါ တယ်။ သူတို့ဟာ မနှစ်က ဧပြီလခန့်က မလေးရှားနိုင်ငံ ပီနန်နဲ့ ဘာဒါဝပ်ပြည်နယ်တွေက ထွက်ခွာသွား ကြတဲ့ မြန်မာဒုက္ခသည်တွေလို့ နီးစပ်သူတွေက ပြောပါတယ်။ ထူးခြားတာက ဒီလှေစီးဒုက္ခသည်တွေ ဟာ အရင်က သိရှိပြီးသား ဒုက္ခသည်တွေလို ႟ရိုဟင်ဂျာတွေ မဟုတ်ပဲ၊ ဗုဒ္ဓဘာသာ မြန်မာတွေလို့ သိရပါ တယ်။

ဒီမြန်မာဒုက္ခသည်အများစုဟာ သြစတေလျနိုင်ငံမှာ ဒုက္ခသည်အဖြစ် အခြေချဖို့ ရည်႟ရွယ်ချက်နဲ့ ထွက် သွားသူတွေလို့လည်း ကိုကျော်ကျော်က ပြောပါတယ်။

သူတို့ဟာ မလေးရှာနိုင်ငံက ပွဲစားတွေကို မလေးရှား ရင်းဂစ်ငွေ ၁၅၀၀ (ဒေါ်လာ ၄၅၀) ခန့်ပေးပြီး သြ စတေလျနိုင်ငံဖက်ကို စက်လှေနဲ့ ထွက်လာခဲ့သူတွေလို့လည်း သူတို့နဲ့ အဆက်အသွယ်ရခဲ့တဲ့ မလေး ရှားရောက် မြန်မာတွေက တဆင့်သိရပါတယ်။
မလေးရှားကနေ လှေစီးပြီး သြစတေလျနိုင်ငံ ခိုလှုံခွင့်တောင်းခံလာသူ အများစုကို သြစတေလနိုင်ငံက ငြင်းပယ်ခဲ့သလို နိုင်ငံထဲ မဝင်ရောက်နိုင်အောင်လည်း အင်ဒိုနီးရှား၊ မလေးရှား အစိုးရတွေနဲ့ ပြီးခဲ့တဲ့ နှစ် လယ်ကစပြီး ပူးပေါင်း ဆောင်ရွက်နေပါတယ်။
...

1 comments:

okn said...

ဒီသတင်းဖတ်မိတာတကယ်စိတ်မကောင်းဖြစ်မိပါတယ်။ ပုံမှန်အားဖြင့် အရှေ့အလယ်ပိုင်းသားများ၊ သိရီလင်္ကာ နှင့် ဗမာ ရိုးဟင်းဂျာတွေ ဟိုတလောကတွေ့ရတယ်။ ဒီနိုင်ငံမှာ အဲဒီလိုကိစ္စအမြဲတမ်း ကြားနေရတယ်။ သူတို့ခေါ်တာ boat people ပေါ့ဗျာ။ အခက်ခဲအမျိုးမျိုးကြောင့် လာခဲ့ကြပေမဲ့ သူတို့နိုင်ငံရဲ့ 0ff shore policy ကို လက်ရှိအစိုးရရဲ့ ဆုံးဖြတ်မူနဲ့ ဆိုင်တယ်ထင်ပါတယ်။ ဟိုတလောက အရှေ့အလယ်ပိုင်းသားတယောက်( နိုင်ငံသားခံယူပြီသာ) လူကုန်ကူးမူနဲ့ ရုံးတက်နေရတယ်
ဆိုတာနားထောင်လိုက်ရတယ်။ ဒါတွေဟာ မလေးအစိုးရမှာ တာဝန်ရှိတယ်လို့လဲ မီဒီယာ တချို့မှာတွေ့ရတယ်။ အင်မတန်အန္တရာယ်များတဲ့ ကြိုးစားမူတခုလို့ ကျနော် ရိုးသားစွာမြင်ပါတယ်။ မိမိအသက်ကို အရင်းပြုပြီး ဒီလိုစွန့်လွှတ်မူတွေ အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ တကယ်ရောက်ခဲ့ကြရင်.. လူမူရေးအကူအညီပေးတဲ့ အဖွဲ့စည်းကောင်းများ၊ ရှေ့နေကောင်းများနဲ့ တွေ့ပါစေလို့ ဆုတောင်းပါတယ်ဗျာ....