ကျမသည် ထန်းသုံးပင်ရွာတွင် နေထိုင်ပါသည်၊ ကျမကို ၅-၁-၁၉၉၄ တွင် မွေးဖွားခဲ့ပါသည်၊ ကျမတို့မိ သားစုသည် ပျော်ပျော်ရွှင်ရွှင်နှင့် နေထိုင်ရပါသည်၊ တနေ့ရောက်သော် ကျမတို့မိသားစု အလုပ်အဆင် မပြေသဖြင့် ရန်ကုန်မြို့သို့ပြောင်းရွှေ့နေထိုင်ခဲ့ရပါသည်။ ကျမ ရန်ကုန်သို့ ပြောင်းရွှေ့လာပြီး (၂) ရက် (၃) ရက် လည်းရောက်ရော ကျမ ရန်ကုန်အထက်တန်းကျောင်းမှာ ပညာဆက်သင်ကြားခဲ့ရပါသည်။ ကျမ ရန်ကုန်မှာ ကျောင်းတက်ရတာ ပျော်ရွှင်ပြီး သူငယ်ချင်းများစွာဖြင့် ပျော်ပျော်ရွှင်ရွှင် တက်ခဲ့ရပါ သည်။ သူငယ်ချင်းများကလည်း ကျမကို အလွန်ချစ်ခင်ခဲ့ပါသည်။ ကျမသည် သူငယ်ချင်းများနှင့် ဆရာ ဆရာမများ၏ အားပေးနှက်သက်မှုကို ခံခဲ့ရပါသည်။
တကျောင်းလုံးမှာ ကျမအချစ်ဆုံး သူငယ်ချင်းမိန်းကလေးမှာ စံပယ် ဖြစ်သည်။ သူ၏မိဘများမှာ အဖဦး သိန်းနှင့် အမိဒေါ်စံသင်း ဖြစ်သည်။ သူမမှာ မောင်နှမ (၃) ယောက်ရှိပါသည်၊ သူမသည် ဒုတိယသမီး ဖြစ်သည်၊ သူမ၏အသက်မှာ (၁၄) နှစ်ဖြစ်ပါသည်။ တနေ့ကျတော့ ကျမတို့ကျောင်းသွားချိန်မှာ ကျမသူ ငယ်ချင်းအဖေ ရုတ်တရက်ဆုံးသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ကျောင်းမသွားခင်မှာ ကျ မ သူငယ်ချင်း၏အမေက သူမ၏အဖေကိုအလုပ်သွားဖို့နိုးရာာ သူမ၏အဖေပါးစပ်မှာ အမြှုပ်တွေထွက် နေတာကို တွေ့ခဲ့ရပါသည်။ သူမ၏အမေမှာ ခပ်ကြောက်ကြောက်ဖြင့် ဆရာဝန်ကို အမြန်ပြေးခေါ်ရပါ သည်။ ဆရာဝန်အိမ်ကို ရောက်တဲ့အချိန်မှာ ဆရာဝန်က သူမ၏အဖေကို စမ်းစစ်ခဲ့ပါသည်။ သူမ၏ အဖေကို ဆရာဝန်က စမ်းစစ်ပြီးတဲ့အချိန်မှာ ဆရာဝန်က သူမ၏အမေကို ပြောပြလိုက်ပါသည်။
“မင်းယောက်ျား ဆုံးသွားပြီ” တဲ့
ပြောလိုက်တဲ့အချိန်မှာ သူမ၏မိခင်နှင့် သူမ၏မောင်နှမတွေ ဝမ်းနည်းစွာငိုးကြွေးခဲ့ရပါသည်။ ကျမလည်း ကျမ အရမ်းချစ်ခဲ့ရတဲ့ ကျမသူငယ်ချင်းရဲ့ အဖေဆုံးသွားတာကို ကျမစိတ်မကောင်း ဖြစ်မိပါတယ်။ နောက်တရက်လည်းကျရော သူမ၏အဖေကို အသုဘချဖို့လည်းလုပ်ရော သူမ၏အမေမှာ ပိုက်ဆံမရှိ ဘူး ဖြစ်နေတယ်။ သူမ၏အဖေအသုဘချဖို့အတွက် သူမ၏အမေမှာ ဒေါ်ကြွယ်ဆီသို့ ပိုက်ဆံသွားချေးခဲ့ ပါသည်။ ဒေါ်ကြွယ်ဆိုသူမှာ ကျမတို့ နေထိုင်တဲ့ ရွာမှာအချမ်းသာဆုံး အပျိုကြီးတယောက်ဖြစ်သည်။
ဒေါ်ကြွယ်ကလည်း သူမ၏ အမေကို ပိုက်ဆံချေးခဲ့ပါသည်၊ သူမ၏ အဖေမသာချပြီးနောက်တရက် ကြတော့ သူမ၏အဖေဆွမ်းကျွေးဖို့အတွက် ပိုက်ဆံမရှိပြန်ဘူး။ ဒီလိုနဲ့ သူမ၏အမေချေးပေးနေကြ ဒေါ်ကြွယ်ဆီသွားပြန်ပါတယ်၊ သူမ၏အမေပြန်ပေးခဲ့ပါသည်။ နောက်နှစ်ကျတော့ သူမတို့ကျောင်းမှ ပိုက်ဆံတောင်းခိုင်းလိုက်ပါတယ်။ သူမ၏အမေမှာလည်း ပိုက်ဆံမရှိပြန်ဘူး။ ထုံးစံအတိုင်း သူမ၏ အမေ က ဒေါ်ကြွယ်ဆီမှာ သွားချေးပြန်သည်။ ဒီလိုနဲ့ အကြွေးတွေထပ်ကာထပ်ကာ တင်လာပါတယ်။ အ ကြွေးပြန် မဆပ်နိုင်သဖြင့် သူမ၏အမေမှာ စိတ်ညစ်လာသည်။
ဒေါ်ကြွယ်ကလည်း အကြွေးကိုခဏခဏလာ တောင်းတယ်။ သူမကအလုပ်လည်း မရှိဘူး၊ တနေ့ ကျ တော့ ဒေါ်ကြွယ်က သူမ၏အမေဆီမှာ ပိုက်ဆံလာတောင်းခဲ့တယ်၊ ဒေါ်ကြွယ်က အကြွေးလာတောင်း ရင်းနဲ့ သူမ၏အမေကို အကြံတခုပေးခဲ့တယ်။ အဲဒါက “ရှင်အကြွေး မဆပ်နိုင်ရင် ရှင့်မှာရှိတဲ့ အလတ် သ မီးလေးကို ကျမကို မွေးစားဖို့ပေးပါလား”လို့ သူမ၏အမေကို ပြောလိုက်ပါတယ်။ သူမ၏အမေကလည်း ပြောလိုက်ပါတယ်။ “နေအုံး ကျမ စဉ်းစားအုံးမယ်”ဆိုပြီး ပြောလိုက်တယ်၊ ဒေါ်ကြွယ်က “အေး” ဆိုသူရဲ့ အိမ်ကိုပြန်သွားပါတယ်။ တနေ့ကျတော့ သူ့အမေက သူ့သမီးကိုခေါ်ပြီး၊ “သမီး အမေနဲ့ခဏ လိုက်ခဲ့ လာ”ဆိုပြီး သူမကိုပြောလိုက်တယ်။ သူမကပြောလိုက်တယ် “အမေ ဘယ်ကိုသွားမလို့လဲ” ဆိုပြီးပြော တဲ့အချိန် သူမ၏အမေက “အော်၊ ဒေါ်ကြွယ်တို့အိမ်ကိုပါ သမီး” လို့ပြောလိုက်သည်။ သူမက “ဘာ သွား လုပ်မလို့လဲ” အမေဆိုပြီး သူမအမေက စိတ်တိုတိုနဲ့ပြန်ပြီးပြောလိုက်သည် “ညီးကလေ တော်တော် ရှည်တာပဲ” ဆိုပြီး ပြောလိုက်တဲ့ အချိန်မှာ သူမမှာ ဘာမှပြန်မပြောရဲဘဲ ငြိမ်ငြိမ်နဲ့ လိုက်သွားခဲ့ပါတယ်။
မနက် (၁ဝ) နာရီလည်း ရောက်ရော ဒေါ်ကြွယ်အိမ်သို့ ရောက်ရှိခဲ့ပါသည်။ သူမ၏အမေက သူမကိုဒေါ် ကြွယ်လက်ထဲထည့်ပြီး အိမ်ကိုပြန်ခဲ့ပါသည်။ သူမမှာ ခပ်ကြောက်ကြောက်နဲ့ မျက်ရည်ဝဲဝဲနဲ့ ဒေါ်ကြွယ် အိမ်မှာနေခဲ့ရပါသည်။ နောက်နေ့ကြရော ဒေါ်ကြွယ်ကသူမကို အဆက်မပြတ်ခိုင်းခဲ့ပါသည်။ ဒါပေမယ့် သူမကခေတ်ဆန်ဆန် မဝတ်တတ်ပါဘူး ခက်ဆန်ဆန်မဝတ်ရမလားဆိုပြီး သူမကိုရိုက်နှက်တယ် ဒီလိုနဲ့ အဆက်အသွယ်ရှိခဲ့တဲ့ လူတယောက်ရှိခဲ့ပါတယ်။
အဲဒီလူက ဒေါ်ကြွယ်ကိုပြောခဲ့ပါတယ် “ငါမှာ လူတယောက်လိုတယ်”ဆိုပြီး ပြောလိုက်တယ်၊ အဲဒီတော့ ဒေါ်ကြွယ်က ပြောလိုက်ပါတယ်၊ ငါမှာလူတယောက်ရှိတယ်၊ နင်ယူမလား အဲသလို့ပြောလိုက်တဲ့အချိန် မှာ အဲဒီလူက ယူမယ်လို့ပြောလိုက်တယ်။ ဒေါ်ကြွယ်က သူမကို အဲဒီလူဆီကို ပို့လိုက်တယ်။ နောက် တနေ့လည်းကြရော အဲဒီလူက သူမကိုပြောလိုက်ပါတယ် “ဟေ့သူမ မနက်ဖြန်ကစပြီး အလုပ် ဆင်းရ မယ်ကြားလား” ဆိုပြီး သူမကကြောက်ကြောက်ဖြင့် “ဟုတ်ကဲ့ပါ ရှင့်” ဆိုပြီးပြောလိုက်တယ် (၂) လ (၃) လ ကြာတော့ သူမမှာ AIDS ဆိုတဲ့ရောဂါကြီးကူးစက်ခံခဲ့ရတယ်။ AIDS ဖြစ်ပြီး ကူးစက်ခံရပြီးနောက် နွမ်းပန်းစွာဖြင့် အိပ်ရာထဲမှာလဲလျောင်းနေခဲ့ပါတယ် အဒီအချိန်မှာ အလုပ်ရုံကသူဋ္ဌေးက သူမကို မောင်း ထုတ်ခဲ့ပါတယ် သူမကမျက်နှာငယ်လေးဖြင့် အဲဒီအလုပ်ရုံက ဆင်းလာခဲ့ပါတယ်။
သူမမှာ ဘယ်သွားလို့ သွားရမယ်မသိဘူးဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သူမဟာငိုးကြွေးပြီး သူ့ရဲ့အထုပ် လေးကိုကိုင်ပြီး အိမ်စုတ်လေးနားကို ရောက်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ တဲလေးမှာနေတဲ့ လူနှစ် ယောက် ထွက်ခဲ့ပါတယ်၊ အဲဒီလူနှစ်ယောက်က သူမကိုကြည့်ပြီး သနားလာခဲ့ပါတယ်။ အဲဒီလိုနဲ့နေရင်း နေရင်း သူမရဲ့ရောဂါက ပြင်းထန်သထက်ပြင်းထန်လာပါသည်။ အဲဒီလိုနဲ့ပဲ သူမ ဘဝ အမှောင်ထဲကျ နောက်ဆုံးနေ့တနေ့ကို ရောက်ရှိလာပြီး သူ့အတွက် လောကခါးခါးကြီးထဲက ထွက်ခွာသွားခဲ့ပါသည်။
မလွင်မာဝေ
SAW ကျောင်း
ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်
...
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
0 comments:
Post a Comment