Children of Conflict BBC World service (Human right issues)
ကလေး အိမ်ထောင် ဦးစီးတွေ
လွန်ခဲ့သော ငါးနှစ်တာကာလက လူမျိုးတုန်း သတ်ဖြတ်မှု ကြောင့် မိဘဆုံးရှုံးခဲ့ရတဲ့ ကလေးငယ် အနည်းဆုံး ၆၀,၀၀၀ ၀န်းကျင်ဟာ ခုနေအခါ ရ၀မ်ဒါနိုင်ငံရဲ့ အိမ်ထောင်ဦးစီးတာဝန် ကို ပခုံးပြောင်း တာဝန်ယူနေကြရတယ်။ ဒီလူမျိုးတုန်း သတ် ဖြတ်မှုကြောင့် မိသားစုဘ၀တွေကို ပြန်လည်တည်ဆောက်ယူ နေရတယ်ဆိုတဲ့ သူတို့ရဲ့ ခံစားချက် တွေကိုနားထောင်ကြည့်ကြရအောင်။
အထီးကျန် ဘဝ
၁၉၉၄ ခုနှစ် ရ၀မ်ဒါနိုင်ငံမှာ ဟူးတပ်စ်နဲ့ တူးစစ်လူမျိုးစု နှစ်စုကြား လူမျိုးတုန်းတိုက်ခိုက်မှုကြောင့် လူဦး ရေ တသန်းနီးပါးခန့် သေကြေပျက်စီးခဲ့ရတယ်။ သက်ရှင်ကျန်ရစ်တဲ့ ကလေးငယ် တချို့ဟာလည်း ရ၀မ်ဒါနိုင်ငံ နယ်စပ်မျဉ်းတလျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေဆီ ထွက်ပြေးတိမ်းရှောင် ခဲ့ကြရတယ်။ သေဆုံးမှုတွေကတော့ လူကြီးရောကလေးပါမကျန် ဒုက္ခသည်စခန်းမှာတင်မက နေရာအနှံ့အပြားမှာ ပါ ပဲ။ သက်ရှင်ကျန်ရစ်တဲ့ ကလေးတချို့ကတော့ ရ၀မ်ဒါနိုင်ငံကိုပြန်လာပြီး အိမ်ထောင် ဦးစီးတာဝန်ယူ နေရလေရဲ့။ ဒီမှာက အိမ်တွေအများကြီးရှိနေပေမယ့်လို့ လူကြီးဆိုလို့ တယောက်မှ မရှိဘူးလေ။
အဓမ္မ ပြုကျင့်မှုတွေ
စစ်တွင်းကာလမှာ မိန်းကလေး အတော်များများဟာ လက်နက်ကိုင် အဖွဲ့အစည်း ပေါင်းစုံက ပြည်သူ့ စစ်နဲ့ စစ်သားတွေရဲ့ အဓမ္မပြုကျင့်မှုကို ခံခဲ့ရတယ်။ ယုံကြည်နိုင်စရာမရှိလောက်အောင်ကို နီရီယာ ဆို သူလေးကတော့ အဓမ္မပြုကျင့်ခံရလို့ ရလာတဲ့ ကိုယ်ဝန်ကိုတောင်မှ ပြုစုပျိုးထောင်ဖို့ရာအတွက် စိတ်ကူး နိုင်သေးတယ်။
အိမ်ထောင့် ၀န်ထမ်း
အိမ်ထောင်စု အားလုံးရဲ့ လေးပုံသုံးပုံကို ဦးဆောင်တာဝန်ယူ နေသူတွေဟာ မိန်းကလးအများစုပါ။ ဒီ အိမ်ထောင်စုတွေရဲ့ ၀န်ထုပ်ကြီးကို တာဝန်ယူနေသူဟာ အလွန်ဆုံးရှိလှမှ ၁၁ နှစ် အရွယ် မိန်းကလေးတွေဖြစ်ပြီး အိမ်ထောင်စုတစုမှာ မရှိဘူး ဆိုရင်ပဲ ကလေးက ရှစ်ယောက်လောက်ရှိမယ်။ ငွေရှာရခြင်းရဲ့ အဓိကအကြောင်းကလည်း အခြေခံလိုအပ်ချက်ဖြစ်တဲ့ အစားအ စာနဲ့အ၀တ်အထည် ရရှိဖို့လေ၊ ရံဖန်ရံခါ ကျတော့လည်း တောင်းရမ်းရတာပေါ့။ ရေခပ်၊ ထမင်းချက်နဲ့ သန့်ရှင်းရေး တာဝန်တွေကို ဒီလိုပဲ ခွဲဝေ ယူကြရတာပေါ့။ ၁၇ နှစ် အရွယ် ဟာဘာဆာ ဆိုရင် မိသားစု ငါးယောက်ကို တာဝန်ယူ နေရတယ်။ ဒုက္ခသည်စခန်းမှာ အဓမ္မ ပြုကျင့်ခံရလို့ ရရှိလာတဲ့ ၂ နှစ် အရွယ် သားလေး၊ ညီအစ်မ ၂ ယောက်နဲ့ ၀မ်းကွဲမောင်နှမ နှစ်ယောက်ကိုပါ တာဝန်ယူရတဲ့အတွက် ကလေး တွေကို ကျောင်းထားဖို့ကတော့ အလွန် တရာမှကို ခက်ခဲလွန်းလှပါတယ်။
ပခုံးပြောင်း တာဝန်
တချို့ ကလေး မိဘတွေကျတော့လည်း ပိုင်ဆိုင်မှုဆိုတာ ဗလာနတ္ထိပါပဲ။ တကယ်လို့များ ရှိခဲ့ရင်တောင် မှ အိမ်နီးနားချင်းနဲ့ ဆွေမျိုးသားချင်းတွေရဲ့ ပိုင်ဆိုင်မှုပါ။ ဒီလို ကလေးတွေကျတော့ ရှိရင်းစွဲ အိမ်ဟောင်း ကိုပြင်ဖို့နဲ့ အိမ်အသစ်ဆောက်ဖို့ ကလွဲပြီး ဘာလုပ်ရမှာလဲ။ ရွာအပြင်ဘက်မှာရှိတဲ့ တချို့ အိမ်တွေဆိုရင် ပလပ်စတစ် အခင်းနဲ့ပဲပေါ့။
အထောက်အပံ့
ဆွေမျိုးသားချင်းနဲ့ အိမ်နီးချင်းတွေရဲ့ အကူအညီ ကိုရပေမယ့်လည်း ဒီကလေးတွေအတွက် တခြား လို အပ်ချက်တွေကတော့ ရှိနေအုံးမှာပဲ။ သူတို့အတွက် အခြေခံလိုအပ်ချက်တွေက အစားအစာ၊ နေရာထိုင် ခင်းအပြင် ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ ကြည့်ရှုစောက်ရှောက်မှုတွေပဲပေါ့။ UNICEF အနေနဲ့ ဒီက လေးတွေရဲ့ နေရာထိုင်ခင်းအတွက် ပြန်လည်ပြုပြင် တည်ဆောက်ဖို့ရာ ကြိုးစားထာက်ပံ့ပေးပေမယ့် စိတ်ဒဏ်ရာရနေတဲ့ ကလေးတွေအတွက် အဓိကလိုအပ်ချက်က မိဘအသိုင်းဝိုင်းရဲ့ ဖေးမ ကူညီစောက် ရှောက်မှုပဲ။ ဘာရက်ကဘားဟိုး ဖောင်ဒေးရှင်းက ဒီလိုအပ်ချက်ကို ဖြည့်စည်းဖို့ရာ ကြိုးပမ်းနေလေရဲ့။
အိမ်ထောင့် တာဝန်ကို ပခုံးပြောင်း တာဝန်ယူနေရတဲ့
ရ၀မ်ဒါ နိုင်ငံမှ ကလေးတွေနဲ့တွေဆုံမေးမြန်းခန်း
စစ်ပွဲကြားမှ ငြိမ်းချမ်းရေးသံစဉ်များ
ကြမ်းတမ်းတဲ့ ခေတ်ကါလကိုဖြတ်သန်းခဲ့သူ တယောက်အနေနဲ့ကတော့ ပင်ပန်းဆင်းရဲမှုနဲ့ ကျန်းမာရေး ဆုတ်ယုတ်မှုတွေချည်းပါပဲ။ မိသားစုနဲ့ ဆွေမျိုးသားချင်းတွေက ချမ်းသာကြွယ်ဝမှုအကြောင်း မေးမြန်း လာတော့လည်း တမလွန်ခြေလှမ်းနေတဲ့ကြားကပဲ ဆုံးမစကားပြေဖြစ်ခဲ့တယ်။ ချမ်းသာကြွယ်ဝမှုဆို တာ ကိုယ့်မိခင်တိုင်းပြည်အတွင်းမှာသာရှိပြီး ငြိမ်းချမ်းရေးကို မေတ္တာတရားနဲ့ သာတည်ဆောက်ယူရ မှာဖြစ်ပြီး လူမျိုးစုမခွဲခြားဖို့၊ တူဆီလူမျိုးပဲဖြစ်ဖြစ် ဒါမှမဟုတ် ဟူတူ (mtwa) လူမျိုးစုပဲဖြစ်နေပါစေ၊ တ ကယ်တန်းကျတော့ အားလုံးဟာ ရ၀မ်ဒါလူမျိုးတွေပါပဲ။
တိုင်းပြည်အတွက် တခုခုလုပ်၊ အမုန်းမပွားပဲ မေတ္တာထားဖို့ လူမျိုးစုကြားသတ်ဖြတ်မှုတွေ အဆုံးသတ် ဖို့နဲ့ ဒါမှလည်း ဘက်ပေါင်းစုံက နာကျင်ခံစားနေရတာတွေ ပြေလျော့သွားမှာဖြစ်တယ်။ တဦးပေါ်တဦး မေတ္တာမထားတာကိုပဲ စိတ်မချမ်းမြေ့ဖွယ် ခံစားနေရတယ်။ ကျနော်တို့ အာဖရိကသားတွေလိုချင်တဲ့ ငြိမ်းချမ်းရေးက ဘာလ။ ဘူရမ်ဒါ လား၊ ရ၀မ်ဒါနဲ့ အူဂမ်ဒါ လား ဒါမှမဟုတ် အာဖရိက တခုလုံးလား။ ကျနော်တို့ အာဖရိကသားတွေ စစ်ကြောင့်အတော့်ကို ပင်ပန်းနွမ်းနယ်နေကြရပြီ။ ငြိမ်းချမ်းရေးကိုလိုချင် တယ်။
ကျနော်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေးကဘာလ။ ကျနော်တို့ အာဖရိကသားတွေ ညီညွတ်မယ်ဆိုရင် ကျနော်တို့တိုင်းပြည်က တည်ငြိမ်အေးချမ်းသွားမှာပဲလေ။ ညီညွတ်ရေးကိုသာ တည်ဆောက်နိုင်မယ်ဆို ရင် ဖွံ့ဖြိုးမှုတွေက ဆီးကြိုနေမှာ အမှန်ပဲ။ အိုး… အဖေနဲ့ အမေ တို့ရေ… လူမျိုးစု အချင်းချင်းကြား မုန်း တီးမည့် ခွဲခြားဆက်ဆံမှုကို သင်မပေးပါနဲ့။ ဒါတွေက အဆိပ်တွေ၊ အဆိပ်တွေက ကျနော်တို့အတွက် မ လိုအပ်သလို အသုံးလည်း မပြုချင်ဘူး။ ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ဒါတွေပဲ ကျနော်တို့ လို ချင်တာ။
နီရီယာရဲ့ ဘဝ
ရိက္ခာအတွက် စိုက်ခင်းကိုအသွား စစ်သားတယောက်က သူ့ဇနီးအဖြစ် ပေါင်းသင်းမယ်ပြောပြီး အဓမ္မ ပြုကျင့်တော့တာပဲ။ ဒီတုန်းက ကျမ အသက်က ငယ်ငယ်လေးရယ်။ အသံထွက်ရင် သေနတ်နဲ့ပစ်မယ် ခြိမ်းခြောက်လို့ ကျမလည်းသူလိုချင်တာ အကုန်ပေးမယ်လို့ ပြောလိုက်မိတယ်။ ဒီမှာတင် သူက ကျမ ကို အတင်းအဓမ္မ ဆက်ဆံတော့တာပဲ။ ဒုက္ခသည်စခန်းကို ကျမတို့ ပြန်ရောက်တော့လည်း ကြောက် လွန်းလို့ ကျမ ဘာမှကို ပြန်မပြောရဘူး။ ဂိုမာ ကိုပြန်ရောက်တော့ မာပန်ဒါနို မိသားစုနဲ့ ကျမတို့သွား နေကြတယ်။ သိပ်မကြာပါဘူး မာပန်ဒါနို က ခေါ်ပြီး ကျမရဲ့ခန္ဓာကိုယ် ပြောင်းလဲနေကြောင်းမှတ် ချက်ချ ပါတော့တယ်။ စစ်သားတယောက်နဲ့ အိပ်ခဲ့ လားဆိုပြီး ကျမကို မေးမြန်းတော့တာပဲ။ ဒါနဲ့ ကျမလည်း ဟုတ်တယ်လို့လည်းဆိုရာ ကျမရဲ့ ကိုယ်ဝန်ကို ဖျက်မချပစ်ဖို့ ပြောပါလေရော။
ဟာဘာဆာရဲ့ ဘ၀ (အပိုင်း ၁)
ကလေးကငှက်ဖျားဖြစ်ပြီး ၀မ်းလျောနေတာနဲ့ ဒီနေဲ့တော့ ကျောင်းမသွားဖြစ်တော့ဘူး။ သူလေးက လည်း အမြဲတမ်းလို ကျန်းမာရေးမကောင်းတော့ ကျမကလည်းကျောင်းသွားချင် မောင်လေးနဲ့ ညီမလေး တွေကလည်း ကလေးမထိန်းတတ်ဆိုတော့ အတော့်ကိုကသိကအောက်နိုင်တာပဲ။ အစိုးရနဲ့ အိမ်နီးချင်း တွေရဲ့ အကူအညီ အနည်းကျဉ်းရပေမယ့်လို့ အဆင်ပြေလှတယ်လို့တော့ မရှိပါဘူး။
(မေး) “မိသားစုထဲမှာ အကြီးဆုံးဆိုတော့ ဘာတွေကိုပူပန်နေရလဲ”
“ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်မလဲ။ အသက်ကလည်းငယ်သေးတော့ ဘာမှကို မစီမံတတ် ဘူး ဖြစ်နေတယ်။ ရွေးချယ်လို့လည်း မရတော့ ဒီလိုပဲ ကြံဖန်ပြီး လုပ်ရတော့တာပေါ့”။
(မေး) “မိဘ တွေသက်ရှိထင်ရှားရှိနေချိန်က အကြောင်းအရာတွေကော အမှတ်ရသေးလား”
“ဘုရားသခင်ထံ ဆုတောင်းရုံကလွဲလို့ ဘာတတ်နိုင်မှာလဲ။ ဒီဘ၀ ဒီမျှပဲ ရှိပါစေတော့”
ဟာဘာဆာ ရဲ့ ဘ၀ (အပိုင်း၂)
(မေး) “ဘ၀ မှာ ဘာတွေ အများဆုံးနဲ့စ်နာ ဆုံးရှုံးခဲ့သလဲ”
“အများကြီးရှိလှမယ်လို့တော့ မထင်ပါဘူး။ အခုနေအခါမှာတော့ ဒီကလေးက ကျမ ဘ၀ထဲ ရောက်နေပြီ လေ။ ဒါပေမယ့် တခြားလူတွေ ကျမလိုအဖြစ်ဆိုးမျိုး မကြုံရပါစေနဲ့လို့တော့ ဆုတောင်းပေးပါတယ်။ တ ချိန်လုံး တောင်းရမ်းနေရတဲ့ ဘ၀ထက် တယောက်ယောက်ကများ ကူညီခဲ့ရင် ငွေကြေးအနည်းငယ်နဲ့ အိမ်တလုံးတော့ ဆောက်ချင်ပါရဲ့”။
(မေး) “မိသားစု က ငါးယောက်တောင် ဆိုတော့ အလုပ် တာဝန်ကို ဘယ်လို ခွဲဝေကြသလဲ”
“ထမင်းချက်၊ ရေခပ်၊ သန့်ရှင်းရေး အလှည့်ကျ တာဝန်ယူကြရတာပေါ့။ အငယ်ဆုံးလေးကတော့ ကျမ တို့ အလုပ်တွေကို လိုက်နှောက်ယှက်ပေါ့။ နောက် အငယ်လေးက သိပ်မလုပ်နိုင်တော့ သူ့ကို တာဝန် နည်းနည်းပဲ ပေးရတာပေါ့။ စနေ၊ တနင်္ဂနွေ အားလပ်ရက်မှာတော့ နေရာအနှံ့က ဘုရားရှိခိုးကျောင်းကို သွားပြီး ကျမတို့ ညီအစ်မတွေသီချင်းဆိုကြ ကကြခုန်ကြပေါ့၊ အဲဒီကနေ ငွေစလေးအနည်းအကျဉ်း တော့ရပါရဲ့ ဥပမာပြောရရင် မင်္ဂလာဆောင် လိုဟာမျိုးပေါ့”။
(ဆက်လက်ဖေါ်ပြသွာပါမယ်)
မန်ဇူး(ဘာသာပြန်သည်)
အလွမ်း
4 years ago
0 comments:
Post a Comment