အကျဉ်းချုပ်
ဒီခြောက်ခြားဖွယ် သတင်းဆိုးကြီးဟာ တရုတ်ပြည်ကန်တုံမြို့လေးကနေ ဆက်တိုက်ဆိုသလို ထွက်ပေါ် လာတာဖြစ်ပြီး ဇတ်တူသားကလေးငယ်ကို စွတ်ပြုတ်လုပ်သောက်ခြင်းဟာ ဆေးဖက်ဝင်တဲ့အတွက် ခန္ဓာကိုယ်သန်စွမ်းမှု အားကောင်းခြင်းနဲ့ ကာမစိတ်ကို ရွှင်လန်းနိုးထစေနိုင်တယ်လို့ ဆိုပါတယ်။ ဒီအ တွက် ကျသင့်ငွေ ပမာဏဟာ အနီးစပ်ဆုံး တရုတ်ငွေ ၄၀၀၀ ကုန်ကျမှာ ဖြစ်တယ်။ စက်ရုံတာဝန်ခံ တယောက်ကို တွေ့ဆုံမေးမြန်းကြည့်တော့ သူက လက်တွေ့ စမ်းသပ်ကြည့်ပြီး ထိရောက်မှုရှိတဲ့အတွက် ဖောက်သည်ဖြစ်နေတဲ့ အကြောင်းကိုပြောပြပါတယ်။ အဖိုးတန် ဆေးဖက်ဝင် အပင်ငယ်တွေရောထည့် ပြီး ကလေးပေါက်စကို ကြက်သားနဲ့အတူ ရှစ်နာရီကြာအောင် ချက်ရပါတယ်။
အသက် အရွယ်အားဖြင့် ၆၂ နှစ် ဖြစ်နေပြီး နောက်ထပ်ယူထားတဲ့ ၁၉ နှစ် အရွယ် မိန်းကလေးနဲ့ နေ့စဉ် ဆိုသလို ကာမဆက်ဆံနိုင်ကြောင်း သူရဲ့ကိုယ်တွေ့ အမြင်ကိုပြောပြတယ်။ ရက်သတ္တတပတ်ကြာ စောင့်ဆိုင်းပြီးတဲ့နောက် သတင်းထောက်ကို စားသောက်ဆိုင်ခေါ်သွားပြီး ဆိုင်တာဝန်ခံကို ၀က်နံရိုး စွပ် ပြုပ် (ဒေသအခေါ် လူသား စွပ်ပြုတ်) ခုနေခါ ရပြီလားလို့ စုံစမ်းမေးမြန်းကြည့်တယ်။ ဒီအချိန်မှာပဲ သမီး နှစ်ယောက်ရှိတဲ့ စုံတွဲတတွဲဟာ ဒီတတိယမြောက် ကလေးကလည်း မိန်းကလေး ဆိုတာသေချာတဲ့ အ တွက် ငါးလသားအရွယ် ကလေးငယ်ကို ကိုယ်ဝန်ဖျက်ချလိုက်ကြတယ်။ လူလားမြောက်ခါနီး ကလေး ငယ် တယောက်ကို အဆုံးစီရင်ပြီး ယွမ်ငွေ နှစ်ထောင်နဲ့ အလဲအလှယ် လုပ်လိုက်ကြတယ်။ ဒီလင် မ ယားဟာ အသက်မဲ့နေတဲ့ သူတို့ရဲ့သွေးချင်းကို မရောင်းချင်ကြပေမဲ့လို့ ငွေအတော်များများနဲ့ လက်ခံ ရောင်းစားလိုက်ကြတယ်။
အဆိုပါ သတင်းထောက်ရဲ့ သုံးသပ်ချက်အရတော့ အခုလို ပြဿနာတွေ တရုတ်ပြည်မှာ ဖြစ်ပေါ်လာ တာက ကျန်းမာသန်စွမ်းမှုကို အာရုံစိုက်တာလွန်ကဲခြင်း ဒါမှမဟုတ် တရုတ်ပြည်ရဲ့ မိသားစု တစုမှာ ကလေး တယောက်သာ ယူပိုင်ခွင့်ရှိတယ်ဆိုတဲ့ မူဝါဒရဲ့အကျိုးဆက်တွေကြောင့် သားယောက်ကျား လေးကိုသာလိုချင်တဲ့ ဆင်းရဲတဲ့ မိသားစုတွေမှာ သမီးမိန်းကလေးကို ရောင်းစားတဲ့ နောက်ဆက်တွဲ ရ လဒ်တွေပဲဖြစ်တယ်။
....
(အီးမေးဖေါ်ဝပ်သတင်း)
အလွမ်း
4 years ago
0 comments:
Post a Comment