Thursday 20 August 2009

ဖြစ်ကြောင်းရယ်တဲ့မှစုံလင် ဖုတ်ဖရနယ်တခွင်(၂၀၀၈ နိုဝင်ဘာလမှ ၂၀၀၉ ဇူလိုင်လထိ)

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက် ဖုတ်ဖရားမြို့နယ်က မြန်မာပြည်သား အလုပ်သမား ၇၀၀၀၀ ကျော်ခန့်ဟာ ထိုင်းနဲ့ မုံလူမျိုးအလုပ်ရှင်များထံမှာ နေထိုင်လုပ်ကိုင်စားသောက်လျက် ရှိပါ တယ်။

(ဓါတ်ပုံများကို http://four-8km.blogspot.com/ မှ ကူးယူပါသည်)

အလုပ်သမားအများစုဟာ ပဲခူတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေက ဖြစ်ကြပြီး မြန်မာပြည်ရှိ အခြား သောနေရာဒေသအသီးသီးကလည်း လာရောက်လုပ်ကိုင် လျက် ရှိပါတယ်။

၎င်းတို့ဟာ မြန်မာပြည်တွင် စားဝတ်နေရေးကြပ်တည်းမှု၊ အလုပ်အကိုင်းရှားပါးမှု၊ နေ့စဉ် အလုပ်ရှိပေ မယ့် ရသမျှလုပ်အားခနှင့် လက်ရှိကုန်ဈေးနှုန်း မမျှတမှုတို့ ကြောင့် ယခုလို ထိုင်းနိုင်ငံမှာ လာရောက် လုပ်ကိုင်နေရခြင်း ဖြစ်ပါတယ်။

(တန်ဆောင်တိုင်ရာသီအစ ဖုတ်ဖရားမြို့နယ်က ထိုင်းနှင့် မြန်မာငြိမ်းချမ်းပျော်ရွှင်ခြင်းညများ)

ထိုင်းအစိုးရဲ့ တရားဝင်သတ်မှတ်ထားတဲ့ လုပ်အားခဈေးနှုန်းမှာ နေ့စားတရက် (၁၅၀) ဘတ်နဲ့ အချိန်ပို တနာရီ ၂၈ ဘတ်လို့ ဆိုပေမဲ့ သူတို့ဟာ အလုပ်ချိန် တနေ့ ကို ၈ နာရီထက် ပိုလုပ်ကိုင်နေရပြီး လုပ်ခကိုတော့ တရက်ကို ဘတ် ၅၀ နဲ့ ၁၀၀ ကြားသာ ရရှိပါတယ်။

ဖုတ်ဖမြို့နယ်ဟာ ၁၅ နှစ်အောက် ကလေးအလုပ်သမား အများဆုံးရှိတဲ့ဒေသ လည်းဖြစ်ပါတယ်။ ကလေးများဟာ လူကြီးများနဲ့ တန်းတူအလုပ်လုပ်ရသော်လည်း လုပ်အားခကို တနေ့ဘတ် ၃၀ မှ ၄၀ ခန့်အထိသာ ရရှိကြပါတယ်။ အမျိုးသမီးများ ဆိုရင်လည်း အမျိုးသားများထက် လုပ်ခကို ၁၀ ဘတ် ဒါမှမဟုတ် ၅ ဘတ်လျှော့ ပေးတာကို ခံနေရပါတယ်။

အလုပ်ရှင်တွေက သူတို့ပိုင်တဲ့ မြေကွက်တွေ လယ်ကွက်တွေမှာ မြန်မာအလုပ်သမားတွေကို (သူတို့ ရဲ့လုပ်ငန်းများအတွက်)နေထိုင်ခိုင်းပြီးတော့ နေ့စဉ်လုပ်အားခထဲ မှ နေထိုင်စရိတ်ကို ဖြတ်ယူပါတယ်။ တနှစ်သက်တမ်းရှိ အလုပ်သမားလက်မှတ်အတွက် ကုန်ကျငွေကို အလုပ်ရှင်တွေက စိုက်မပေးချင် ကြပါ။ အလုပ်ကြပ်လို့ခေါ် တဲ့ သူတို့ကိုယ်စား အုပ်ချုပ်ပေးသူ တဦးနှစ်ဦးခန့်ကိုသာ အလုပ်သမားလက် မှတ် လုပ်ပေးပါတယ်။

လုပ်ငန်းခွင်ထဲမှာလည်း ကျန်းမာရေးစောင့်ရှောက်မှု မရှိတဲ့အပြင် လုပ်ငန်းခွင်ထဲမှာ ထိခိုက်မှုဖြစ်တဲ့ အခါတွေမှာ အသက်ဆုံးရှုံးသွားတဲ့တိုင်အောင် လျော်ကြေးငွေကို မရရှိကြပါ။

၂၀၀၈ ခုနှစ် နိုဝင်ဘာမှာတော့ မိမိတို့အိမ်၊ ခြံဝန်းများထဲတွင် မြန်မာအလုပ်သမား ကိုငှါးရမ်းနေ ထိုင်ခွင့်ပြုသော ထိုင်းအိမ်ရှင်တဦးလျှင် ဘတ် ၆၀၀၀၀ စီဒဏ်ရိုက် ခြင်း နဲ့ မြန်မာအလုပ်သမားများ ငှားရမ်းနေထိုင်တဲ့ နေအိမ်တွေနဲ့ ဆောက်လုပ် နေထိုင်သော တဲအိမ်တွေကို ထိုင်းအာဏာပိုင်တွေက အပြီးဖျက်သိမ်းစေခဲ့ပါတယ်။

၂၀၀၉ ဇန်န၀ါရီ ၅ ရက်နေ့မှာ ဖုတ်ဖရားမြို့နယ်အတွင်းက မြန်မာအလုပ်သမား များနေထိုင်ရာ ကုလားဝန်းနဲ့ မန်ကျည်းဝန်းတို့ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ ရဲ တပ်ဖွဲ့တို့က ရှောင်တခင် ၀င်ရောက်ဖမ်းဆီးခဲ့ပါတယ်။ မြန်မာအလုပ်သမား ၃၀၀ ခန့် ရှိသည့်အနက်မှ ၄ ဦးသာဖမ်းမိခဲတယ်၊ ကျန်တဲ့ အလုပ်သမားများမှာ ထွက် ပြေးလွတ်မြောက်ခဲ့ကြပါတယ်။ အဖမ်းခံခဲ့ရတဲ့ အလုပ်သမား ၄ ဦးကိုလည်း ဘတ် ၂၀၀၀ ပေးမှ ပြန်လွတ်ပေးမယ်လို့ သိရပါတယ်။

ခုလို အဖမ်းခံနေရတဲ့ အလုပ်သမားတွေဟာဆိုရင် လစဉ်ကျေးရွာ လူကြီးများကို လ စဉ်ကြေး (သို့) လိုင်းကြေးပေးထားရပါတယ်၊ ဒါပေမဲ့ ယခုလိုလာရောက် ဖမ်းဆီးတဲ့ အခါကြတော့ ပိုက်ဆံယူထားတဲ့ ကျေးရွာလူကြီးတွေက ၀င်ရောက်ကာကွယ်ပေး ခြင်း မရှိပါ။

ထို့အတူ ၄၄ ကီလိုမီတာကျေးရွာက အလုပ်ရှင် ဖိပန်းရိုင်း ရဲ့ မြေနေရာမှာ တဲအိမ် ကလေးတွေ ဆောက်လုပ်နေထိုင်နေကြတဲ့ ၀ါးတောရပ်ကွက်ကိုလည်း ထိုင်းအာ ဏာပိုင်တွေက ၂၀၀၉ ဇန်န၀ါရီလ ၁၃ ရက်နေ့မှ ဇန်န၀ါရီလ ၁၅ ရက်နေ့အတွင်း အပြီးဖျက်သိမ်းရန် လာရောက် သတိပေးခဲ့ပါတယ်။

အလုပ်ရှင်များကတော့ လက်မှတ်ရှိသူများ အိမ်ဖျက်စရာမလိုကြောင်းနဲ့ လက်မှတ် မရှိသူများ အနေနဲ့လည်း လောလောဆယ် အိမ်မဖျက်သေးပဲ ၁၅ ရက်နေ့မှာ ထိုင်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေက အာဏာပိုင်တွေကို ပြောဆိုပေးမယ်ဆိုတဲ့အ တွက် စိတ်မပူဖို့ ပြောပါတယ်။

ဒါပေမဲ့ ၂၀၀၉ ဇန်န၀ါရီလ ၁၄ ရက်နေ့မှာတော့ ထိုင်းနယ်ခြားစောင့်တပ်က ၀င် ရောက် ဖမ်းဆီး၊နေအိမ်တွေကိုဖျက်စီးပစ်ခဲ့လို့ အလုပ်သမား ၂၀၀ ကျော်တို့မှာ နီး စပ်ရာတောအုပ်တွေထဲကို ထွက်ပြေးခဲ့ရပါတယ်။

၁၅ ရက်နေ့မှာလည်းဆက်ပြီးတော့ ထိုင်းအာဏာပိုင်တွေဟာ အင်အား ၁၀၀ ကျော် ခန့် ကား ၁၀ စီးနဲ့ ပျက်စီးနေတဲ့ အဆိုပါ ၀ါးတောရပ်ကွက်ကို ကြည့်ရှုစစ် ဆေးခဲ့ပြီး မြန်မာအလုပ်သမားတွေ နေထိုင်လျှက်ရှိတဲ့ ပြောင်ကြီးဝန်း၊ ပြောင်လေး ၀န်း၊ ကြက်မတွန်ဝန်း၊ ဦးပေစိအိမ်အစု စတဲ့နေရာတွေကို တောနင်းကာ ပိုက် စိတ်တိုက် လိုက်လံရှာဖွေဖမ်းဆီး ခဲ့ပါတယ်။

မဲဆောက်အခြေစိုက် မြန်မာနဲ့ ထိုင်းအဖွဲ့အစည်းအချို့ကတော့ ၂၀၀၉ ဇန်န၀ါရီလ ၁၆ ရက်နေ့မှစပြီး တောတောင်တွေထဲ ထွက်ပြေးပုန်းအောင်းပြီး စားဝတ်နေရေး ခက်ခဲနေတဲ့ မြန်မာအလုပ်သမားတွေကို အစားအစာ၊ အ၀တ်အထည်နှင့် ခြုံစောင် အချို့ကို သွားရောက်ပို့ပေး ခဲ့ပါတယ်။

အလားတူ ဖုတ်ဖရာမြို့နယ် ဝှေ့နုကလယ် ကျေးရွာအုပ်စုမှာလည်း ၂၀၀၉ ဇန်န၀ါရီ ၂၁ ရက် ညပိုင်းမှာ ဗွီဒီယိုကြည့်နေသော နေရာသို့ ထိုင်အာဏာပိုင်တို့က ၀င် ရောက်ဖမ်း ဆီးခဲ့ပါတယ်။ ဒီဖမ်းဆီးမှုမှာတော့ လက်မှတ်မရှိသူ မြန်မာအလုပ် သမား ၄၀ ခန့်ကို ဆယ်ဘီးကားနဲ့ ခေါ်ဆောင်သွားပါတယ်။ အာဏာပိုင်တွေမှာ အရံကား တွေနဲ့ ဆိုင်ကယ်တွေလည်း ပါလာပါတယ်၊ လက်မှတ်မရှိသူအချို့မှာ ထွက်ပြေး လွတ်မြောက် သွားပါတယ်။

ဒါ့အပြင် ၄၄ ကီလိုမီတာကျေးရွာတွင်းက ကျွန်းတောရပ်ကွက်မှ `ဒို့မိတ်ဆွေ´ အမည်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား စာသင်ကျောင်းကိုလည်း ၂၀၀၉ မတ်လ ၃ ရက်နေ့က ထိုင်းနယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင် ၁၀ ဦးက၀င်ရောက်ဖျက်စီးခဲ့လို့ ဒီကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ၁၆၀ ခန့်တို့မှာ မိဘများနဲ့အတူ ထွက်ပြေးခဲရပါတယ်။ အဆိုပါကျောင်းမှာလည်း ဆက်လက်ရပ်တည်ခွင့် မရတော့ လို့ ၄၂ ကီလိုမီတာဘက်ကို ရွှေ့ပြောင်းခဲ့ရပါတယ်။

(၄၄-ကီလိုမီတာကျေးရွာ ၀ါးတောဝန်းရှိတဲအိမ်များ ဖျက်သိမ်းခဲ့ရစဉ်က မြင်ကွင်းပုံနှင့် တောထဲတွင်ပုန်းအောင်းနေရပုံ(ဓါတ်ပုံ-JACBA)(ဧပြီ ၅ ရက်)
၂၀၀၉ ဧပြီလ ၅ ရက်နေ့ ထိုင်းအာဏာပိုင်တွေ ၀င်ရောက်ဖမ်းဆီးမှုမှာတော့ နေထိုင်ခွင့်လက်မှတ်မရှိသူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ လက်မှတ် မရှိ တဲ့အလုပ်သမားတွေက တောထဲမှာပုန်အောင် နေထိုင်နေကြပါတယ်။

ပဲခူးတိုင် ဝေါမြို့နယ်မှ အသက် ၁၅ နှစ်အရွယ် မအေး ကတော့
`သမီးတို့က ရာသီပင်စိုက်ပါတယ်၊ သမီးရောက်တာ ၂ နှစ်လောက်ရှိပါပြီ၊ တနေ့ကို ဘတ် ၈၀ ရပါတယ် လုပ်လိုက်စားလိုက်နဲ့ အိမ်ကိုလည်း ပိုက်ဆံ ပြန်မပို့နိုင်ပါဘူး´ လို့ ပြောပါတယ်။

စေတနာရှင် ၀င်ထမ်းတဦး ရဲ့ပြောပြချက်အရ ဘတ်မရှိတဲ့အိမ်တွေကို ဖျက်သိမ်းဖို့ မဖျက်သိမ်းရင် မီးဝင်ရှို့မယ်လို့ ရွာလူကြီးများကို နယ်ခြားစောင့်တပ်က ပြောကြား သွားပါတယ်လို့ သိရပါတယ်။

ထို့အတူ ၂၀၀၉ ဇွန်လ ၄ ရက်နေ့ ထိုင်းနယ်ခြားစောင့်တပ်ဟာ အင်အားတရာ ကျော်ခန့်ဖြင့် ၄၄ကီလိုမီတာ ကျေးရွာရှိမြန်မာပြည်သားများ နေထိုင်တဲ့ဝန်းတွေကို နံနက် ၃ နာရီခန့်မှ နံနက် ၈ နာရီအထိဝင်ရောက် ဖမ်းဆီးတာတွေလုပ်ခဲ့ပါတယ်။ အဆိုပါဖမ်းဆီးမူမှာ အသက် ၇၀ ၀န်းကျင်လူကြီးများ၊ ကိုယ်ဝန်ဆောင်များ၊ လ သားအရွယ်ကလေးငယ်များနဲ့ ၄၄ကီလိုမီတာ ရွာကျောင်းရှိ ကျောင်းသားကျောင်း သူ ၁၂၀ ကျော်အပါအ၀င် စုစုပေါင်း အယောက် ၄၀၀ ကျော်ကိုဖမ်းဆီးသွားတဲ့ အပြင် အိမ်နဲ့ အ၀တ်အစားအသုံးအဆောင်တွေကိုပါ မီးရှို့ဖျက်ဆီး ခဲ့ပါတယ်။

ဒီတကြိမ် ဖမ်းဆီးမှုမှာ ၄၄ ကီလိုမီတာရွာက နှာခေါင်ချွန်ခြံဝန်းထဲတွင် နေထိုင်တဲ့ ကိုမော်ဒယ် အသက်(၃၀)နဲ့ မဇင်မာအသက် (၂၃) တို့ရဲ့ သားဖြစ်သူလသားအရွယ် မောင်တိုးတိုးဟာ ၂၀၀၉ ဇွန်လ ၇ ရက်နေ့မှာ သေဆုံးသွားခဲ့ရပါတယ်။ မိခင်ဖြစ်သူ မဇင်မာ ပြောပြတာကတော့ …


ဓါတ်ပုံ ... DARE
Friday, June 5, 2009 ထိုင်းစစ်တပ်မှ မြန်မာအလုပ်သမား ၃၀၀ ခန့် ဖမ်းဆီး လူနေအိမ် များမီးရှို့


“ကျမတို့ကို ဇွန်လ ၄ ရက်နေ့ကဖမ်းပါတယ်၊ ၅ ရက်နေ့မှာ မြန်မာပြည်ဘက်က သုံညဂိတ်ကို ထိုင်းစစ်တပ်က သွားပို့ပါတယ်။ ဂိတ်ကိုရောက်တော့ လူတဦးကို ထိုင်းဘတ်ငွေ ၁၀၀၀ တောင်းပါတယ်။ ကျမတို့ကတော့ ဘတ် ၂၀၀ ကို တောင်းပန် ပြီးပေးခဲ့ရပါတယ်။ ငွေမပါတဲ့ လူတွေကိုတော့ ပါသမျှပစ္စည်းတွေကို ဈေးဖြတ်ပြီးယူ ထားလိုက်ပါတယ်။ ဘာမှမပါတဲ့ သူတွေဆိုရင်တော့ ဆဲဆိုကြိမ်းမောင်းကြပါတယ်။ ကျမတို့ မဲဆောက်ကို ပြန်ကူးလာပြီး ၄၄ ကီလို ကိုပြန်ခဲ့ပါတယ် ကလေးကတော့ တလမ်းလုံး ဖျားပြီးသတိလစ်နေတယ်။ ရောက်ရောက်ချင်း ကျန်းမာရေးဌာနကို ပြတော့ ဆရာဝန်က ကလေးဆုံးနေပြီလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကလည်း ဖုတ်ဖရားမြို့နယ် ၄၈ ကီလိုမီတာရှိ ၀ါးတော ကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် လူများကိုဝင်ရောက် ဖမ်းဆီးခဲ့ တဲ့အတွက်၊ တောထဲကို ထွက်ပြေးတိမ်းရှောင်နေသော မြန်မာအလုပ်သမား ၂၀၀ ကျော်ကို စားစရာတွေသွာပြီး ထောက်ပံကူညီခဲ့ ရကြောင်းကို ကိုမိုးကြိုးမှ ပြောပြ ခဲ့ပါတယ်”။

တဆက်တည်းမှာပဲ ၄၄ကီလိုမီတာကျေးရွာမှာ နေထိုင်သည့်အလုပ်သမား လက် မှတ် မရှိသော မြန်မာအလုပ်သမား ၂၅၀ ခန့်ကိုထိုင်းနယ်ခြားစောင့်တပ်က ၂၀၀၉ ဇူလိုင်လ ၁၅ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ ကျောင်းနေအရွယ် ကလေးငယ်တွေနဲ့ ကလေးအလုပ်သမားအချို့ မိဘများနှင့်အတူ အဖမ်းခံရတဲ့အထဲပါသွား ခဲ့ပါတယ်။ ဒါ့အပြင် …….
မြန်မာစိုက်ပျိုးရေးလုပ်သားတွေ စုပေါင်းနေထိုင်ရာ ခြံဝန်းတွေဖြစ်တဲ့ အကြတ်၊ ဦး ပေစိ၊ ထွန်းလုံရှိန်၊ ၀က်သိုး၊ ကားဖြူ စတဲ့ခြံဝန်း ၅ ခုကို ၂၀၀၉ ဇူလိုင်လ ၂၆ ရက် နံနက် စောစော ၃ နာရီခန့်မှာ ထိုင်းနယ်ခြားစောင့်တပ်မှ တဲအိမ်များထဲသို့ ၀င် ရောက်ပြီး လက်ကိုင်ဖုန်း၊ ပိုက်ဆံ၊ ကြက်၊ ဘဲ နဲ့ အိမ်သုံးပစ္စည်းတွေကို သိမ်းတဲ့ အပြင် ကွက်ပန်းရိုင်းဝန်းမှ တဲအိမ် ၈ လုံးကိုလည်း မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ ကလေးငယ် ၄၄ ခန့်နဲ့လူကြီး စုစုပေါင်း ၁၅၀ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ အဖမ်းခံရသူအားလုံးကို လမ်မကြီးပေါ်မှာထိုင်ခိုင်ပြီး လက်မှတ်စစ်ပြီး လက်မှတ်မရှိ သူတွေကိုတော့ ဖုတ်ဖရရဲစခန်း (သိုမဟုတ်) မဲဆောက်အချုပ်ကို မပို့သေးပဲ ၄၄ ကီ လိုမီတာရွာထိပ်ရှိ ပုလိပ်ရုံးတွင် ခဏထားပြီး တယောက်ကို ဘတ် ၅၀၀ ဖြင့်လာ ရောက်ရွေးယူရန် ကြေငြာနေတယ်လို့ သိရပါတယ်။



ထိုကဲ့သို့ မီးရှို့ဖျက်ဆီးမှုမှာ စုစုပေါင်းငါးကြိမ်ရှိသွားပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက လူ့အခွင့်အရေးအဖွဲ့တွေကို တိုင်ကြားခဲ့ပေမဲ့ သက်သေထွက်ဆို သော မြန်မာအလုပ်သမားများက နယ်ခြားစောင့်အမည်ကို သေချာစွာမပြောနိုင်ခဲ့ သဖြင့် အရေးယူနိုင်ခဲ့ခြင်း မရှိခဲ့ပါ။

မြန်မာပြည်သား အလုပ်သမားတွေကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှ စတင်ခဲ့တဲ့ ထိုင်း အာဏာပိုင်တွေရဲ့အဖမ်းအဆီးဟာဆိုရင် ယခုနှစ် ၂၀၀၉ ခုနှစ် ဇူလိုင်လ အထိ စုစုပေါင်း ၉၀၀ နီးပါးရှိသွားပြီးဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျောင်းတွေဟာဆိုရင်လည်း ၃ ကျောင်းထက်မနည်း ဖျက်ဆီးခံခဲ့ရပါတယ်။

ဒါ့အပြင် ဒီအဖမ်းအဆီးတွေထဲမှာပဲ လသားအရွယ်ကလေးငယ် တဦးသေဆုံးသွား ခဲ့သလို ၊ မြန်မာအလုပ်သမားတွေရဲ့ တဲအိမ်တွေ အ၀တ်အစားအသုံးအဆောင်တွေ ဆိုရင်လည်း ထိုင်းအာဏာပိုင်များရဲ့ အလားတူမီးရှို့ဖျက်ဆီးခြင်း ကိုခံခဲ့ရပါတယ်။

အဆိုပါ အဖမ်းအဆီးတွေကြောင့် တောတွေတောင်တွေထဲ ထွက်ပြေးတိမ်းရှောင် နေရသူ တွေကလည်း လူဦးရေ ၁၀၀၀ ထက်မနည်းရှိနေဆဲပါ။ အုန်ဖန် နဲ့ ဖုတ် ဖရား မြို့နှစ်မြို့ရှိမြန်မာ အလုပ်သမားဦးရေဟာ ၁၂၀၀၀၀ ရဲ့အထက်မှာ ရှိပါတယ်။

ထိုအထဲက အလုပ်သမားလက်မှတ် ရှိသူဦးရေဟာ ၃၀၀၀ ထက်မပိုပါဘူး။ လက် မှတ်မရှိတဲ့ အများစုဟာဆိုရင်လဲ၊ လက်လုပ်လက် စားနေ့တွေသာ များပါတယ်။ ဒါကြောင့် ဘတ် ၅၀၀၀ လောက်ကုန်မယ့် အလုပ်သမားလက်မှတ်ကို သူတို့ အနေ နဲ့ (ရှိရင်ကောင်းမှန်းသိပေမယ့်) လက်တွေ့လုပ်ဖို့ခက်ခဲတာတော့အမှန်ပါ။

လုပ်ငန်းရှင်များ အနေနဲ့လည်း အလုပ်လုပ်ခွင့်လက်မှတ် (ဘတ်) ကို လုပ်ပေးရန် ခက်ခဲနေကြသကဲ့သို့ ဘတ်မရှိသဖြင့် အလုပ်သမားများမှာလည်း လုပ်ငန်းခွင်ဝင် ရောက်ဖို့ ခက်ခဲနေကြပါတယ်။

တင်ဆက်သူ ... (စိုင်းသြောင်ယှစ်)
(အချက်အလက်များကို JACBA မြန်မာပြည်သားမှ ရယူပါသည်)

0 comments: