Tuesday, 2 June 2009

တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစည်းကြိုး hair bands များအကြောင်း

ဈေးကွက်တွေမှာ ဈေးပေါပေါနဲ့ရောင်းချနေတဲ့ တရုတ်နိုင်ငံထုတ် စားသောက်ကုန်များ၊ ဆေးဝါးများသာ မက လူသုံးကုန် အသုံးအဆောင်ပစ္စည်းတွေကိုပါ သတိထားသုံးစွဲရမယ့် အခြေအနေတွေရှိပါတယ်။

ဈေးပေါတယ်၊ သက်သာတယ်၊ သုံးရတာလွယ်ကူ အဆင်ပြေတယ်ဆိုတာလောက်ကိုကြည့်ပြီး ဘေး အန္တရာယ်ကျရောက်နိုင်တာ သုံးစွဲရ သင့်တော် မသင့်တော်ကိုပါ ထည့်တွက်စဉ်းစားပြီးမှ ၀ယ်ယူသုံးစွဲ သင့်ပါတယ်။ ဘေးဒုက္ခရောက်မှသာ မရှူနိုင်မကယ်နိုင်ဖြစ်ပြီး အချိန်လွန် ဆုံးရှုံးရတာတွေ မဖြစ်စေချင် ပါ။

ငွေကြေးအမြတ်အကျိုးစီးပွားကိုသာကြည့်ပြီး ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ထုတ်လုပ် ရောင်းချကြတဲ့ ၀ိသမလောဘသားများကြောင့်ရော၊ မိမိကိုယ်ကျိုးစီးပွားရေး တိုးတက်ဖို့သာ ကြည့်ပြီး ဖြန့်ချိရောင်းချကြတဲ့ အတ္တသမား စီးပွားရေးရှင်ကြီးများကြောင့်ရော၊ လာဘ်လာဘယူပြီး ပေါ့ပေါ့ဆဆနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ခွင့်ပြုပေးကြတဲ့ မသမာသူများကြောင့်ရော ပထမဦးဆုံးခံကြရတဲ့သူတွေကတော့ ၀ယ်ယူစားသောက်သုံးစွဲကြတဲ့ ပြည်သူများသာ ဖြစ်ပါတယ်။

ယခုဖေါ်ပြတဲ့ ဆံပင်ခေါင်းစည်းကြိုးက တရုတ်ပြည်ကနေ ထုတ်လုပ်တာပါ။ ဒီ ဆံပင်ခေါင်းစည်းကြိုးဟာ ဈေးပေါပေါနဲ့ ရောင်းချသလို ၀ယ်ယူသုံးစွဲကြသူ အမျိုးသမီးထုဟာလည်း အရောင်အသွေးလှလှပပနဲ့မို့ ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် ဒီဆံပင်ခေါင်းစည်းကြိုးကို သေသေချာချာ သတိပြုမိသူကတော့ အတော့်ကို ရှားပါလိမ့်မယ်။ အောက်ဖေါ်ပြပါပုံတွေ ကြည့်ရအောင်...



တွေ့တဲ့အတိုင်းပဲ။ ဒီဆံပင်ခေါင်းစည်းကြိုးတွေကို အရောင်လှလှ ချည်မျှင်လေးတွေနဲ့ ပတ်ထားတာကို ဖြေကြည့်လိုက်တဲ့အခါမှာ အတွင်းမှာ ကွန်ဒုံ (Comdom) တွေကို ထည့်သွင်းထားတာ တွေ့ရပါတယ်။

ဘယ်လောက်အန္တရာယ်ကြီးမားလှလဲဆိုတာ တွက်ဆကြည့်ပါ။ ဒီ ဆံပင်စည်းကြိုးထဲမှာသုံးတဲ့ ကွန်ဒုံ တွေဟာ အသစ်စက်စက်တွေ မဟုတ်ဖူးလို့ သိရပါတယ်။ သုံးစွဲပြီးသား ကွန်ဒုံတွေဖြစ်လို့ ရောဂါပိုးတွေ ကပ်တွယ်နေနိုင်ပါတယ်။ ကိုယ်ခံစွမ်းအားကျဆင်းစေတဲ့ အေအိုင်ဒီအက်စ်ရောဂါလို အခြားသော လိင် ပိုင်းဆိုင်ရာရောဂါတွေ ကူးစက်နိုင်ပါတယ်။

တစ်ခါတစ်ရံကြရင် အမျိုးသမီးတွေဟာ ဒီဆံပင်စည်းကြိုးကို သုံးစွဲတဲ့နေရာမှာ ဆံပင်စည်းနေတုန်း လက်နှစ်ဘက်မအားတဲ့အခါမှာ ဒီဆံပင်စည်းကြိုးလေးတွေကို ပါးစပ်မှာ ခဏကိုက်ထားကြတာမျိုး လုပ် လေ့ရှိပါတယ်။ ဈေးပေါပေါနဲ့ရတဲ့ပစ္စည်းတစ်ခုကြောင့် အင်မတန်တန်ဖိုးကြီးလှတဲ့ မိမိဘ၀အသက် ထိ ခိုက်မှာကို တွေးမိရင်တော့ဗျာ။

ကျွန်တော်တို့ မြန်မာပြည်မှာ ဒီလို ဆံပင်ခေါင်းစည်းကြိုးလေးတွေ တရုတ်ပြည်ကနေ ဘယ်လောက်များ များရောက်နေလို့ သုံးစွဲထားကြပြီလည်း မပြောတတ်တော့ပါဖူး။ ကိုယ်ကျိုးရှာ စီးပွားရေးသမားတွေနဲ့ ထုတ်ကုန်ပစ္စည်းများ စားသောက်ကုန်ပစ္စည်းများကို စေ့စပ်သေချာစွာ စစ်ဆေးလေ့မရှိကြတဲ့ ရောင်းချ ခွင့်ပြုကြတဲ့ သက်ဆိုင်ရာများကိုသာ ပထမဦးဆုံးတာဝန်ရှိသူများလို့ ပြောကြားရပါလိမ့်မယ်။

ရောဂါကူးစက် သေကြေပျက်စီးကြမှသာ ကမန်းကတန်းနဲ့စစ်ဆေးမှုတွေလုပ်ပြ၊ ပိတ်ပင်တားဆီးမှုတွေ လုပ်ပြနဲ့ အမြင်ကောင်းအောင် အကြားကောင်းအောင် လုပ်ပြနေတတ်တဲ့ နအဖ ကျန်းမာရေးဝန်ကြီးတို့ လို တာဝန်မဲ့သူတွေကိုတော့ လိမ်ညာနေတဲ့ သတင်းစာတွေထဲမှာတွေ့ရလို့ အော့နှလုံးနာမိပါတယ်။ သ တင်းအမှန် မထုတ်တတ်တဲ့ နအဖပြန်ကြားရေးဝန်ကြီးလည်း လိမ်ညာတတ်လွန်းလို့ နောင်ဘ၀မှာ ပါး စပ် မပါသော သတ္တ၀ါဖြစ်မှာ မြင်ယောင်ပါသေးတယ်။

(နစ်နေမန်း)

0 comments: