Thursday, 28 May 2009

လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးဆွေးနွေးပွဲကျင်းပ

ဒီကနေ့ ထိုင်းမြန်မာနယ်စပ် မဲဆောက် မြို့မှာ ထိုင်းနိုင်ငံက သတ်မှတ်ပြဋ္ဌာန်း ထားတဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ကာ ကွယ်ခြင်းဥပဒေ BE-2551 (2008) အရ တားဆီးကာကွယ်နိုင်မည့် နည်းလမ်းများ အကြံဥာဏ်များကို Foundation For Women (FFW) နဲ့ Social Action For Women(SAW) အဖွဲ့တို့က ပူးပေါင်းဆွေးနွေးပွဲတရပ်ကို ကျင်းပ ခဲ့ပါတယ်။ ဆွေးနွေးပွဲကို ထိုင်းမြန်မာနယ်စပ် အခြေစိုက် ထိုင်းလူမှုရေးအဖွဲ့အစည်းများ မြန်မာလူမှုရေး အဖွဲ့အစည်းများ တက်ရောက်ကြပါတယ်။ ဆွေးနွေးပွဲမှာ လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ သက်ဆိုင်တဲ့ နည်းလမ်းများ အကြံဥာဏ်များ အတွေ့အကြုံများကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။

0 comments: