တောင်ကိုရီးယား သွားဘက်ဆိုင်ရာ ဆရာဝန် Mrs Bo ဦးဆောင်တဲ့ ခံတွင်းနှင့် သွားကျန်းမာရေးအဖွဲ့ ဟာ ၂၀၀၉ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့ အထိ SAW ကျောင်းမှ ကျောင်းသူကျောင်း သားများကို ခံတွင်းနှင့်သွားကျန်းမာရေး ပညာပေးဟောပြောမှုများ ကျောင်းသူကျောင်းသားများရဲ့ ခံ တွင်းနှင့် သွားများကို စစ်ဆေးခြင်း ကုသပေးခြင်းများကို လုပ်ဆောင်ပေးခဲ့ပါတယ်။ ခံတွင်းနှင့် သွား ကျန်းမာရေးလုပ်ဆောင်နေတဲ့အဖွဲ့ကို School Dental Health Program လို့ နံမည်ပေးထားပါတယ်။ မဲဆောက်ဒေသမှာရှိတဲ့ မြန်မာရွှေ့ပြောင်းကျောင်းတွေကို ၂၀၀၈ ခုနှစ်က စတင်ပြီး တာဝန်ယူ လုပ် ဆောင်ပေးခဲ့ပါတယ်။ အခုဆိုရင် မြန်မာရွှေ့ပြောင်းကျောင်းပေါင်း ၃၀ မှ ကျောင်းသူကျောင်းသားများ အတွက် ခံတွင်းနှင့် သွားကျန်းမာရေး ပညာပေးလုပ်ငန်း ကုသပေးခြင်းများကို လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါ တယ်။
0 comments:
Post a Comment