Tuesday, 30 June 2009

ကလေးအခွင့်အရေး ကာကွယ်ခြင်း ကလေးအခွင့်အရေး၊ ကလေးကုန်ကူးခြင်းနှင့် သက်ဆိုင်သော ပညာပေး သင်တန်း

ကလေးအခွင့်အရေးနဲ့ ကလေးများကို ကားကွယ်စောင့်ရှောက်မှု ပညာပေးသင်တန်းတခုကို SAW အဖွဲ့ နှင့် FFW အဖွဲ့တို့ ပူးပေါင်းပြီး ၂၀၀၉ ဇွန်လ ၂၈ ရက်မှ ၂၉ ရက်နေ့ အထိ မဲဆောက်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါသင်တန်းကို SAW မှ ကျောင်းဆရာ ဆရာမများ၊ ဂေဟာတာဝန်ခံဝန်ထမ်းများ စုစုပေါင်း ၃၀ ဦး တက်ရောက်ခဲ့ပါတယ်။ သင်တန်းကို HREIB အဖွဲ့မှ ဒါရိုက်တာ ဦးအောင်မျိုးမင်း နှင့် BURMA ACT မှ တာဝန်ခံ ဆရာမ နန်းမူတို့က သင်ကြားပို့ချသွားပါတယ်။

ကလေးအခွင့်အရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာများကို ဆရာမ နန်းမူ မှ သင်ကြားပို့ချပေးခဲ့ပြီး က လေးကာကွယ်ခြင်း နဲ့ ကလေးကုန်ကူးသန်းရောင်းဝယ်မှုနဲ့ သက်ဆိုင်တဲ့ အချက်အလက်များကို ဆရာ ဦးအောင်မျိုးမင်းမှ သင်ကြားသွားခဲ့တယ်။

မဲဆောက်ဒေသတွင်းမှာ ကလေးကူသန်းရောင်းဝယ်မှုတိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေက တော့ SAW အဖွဲ့ ပြန်လည်ပြုစုပျိုးထောင်ပေးရေး၊ Burma ACT အဖွဲ့ ပညာပေးလုပ်ငန်းနဲ့ ဥပဒေ ကြောင်းအရ ကူညီလုပ်ဆောင်ပေးတဲ့ အဖွဲ့တွေဖြစ်တဲ့ World Vision, LLC, BLC, FFW စတဲ့ အဖွဲ့တွေပဲ ဖြစ်ပါတယ်။

0 comments: