ဒီတွေ့ဆုံပွဲရဲ့ အဓိက ရည်ရွယ်ချက်တွေကတော့ မြန်မာရွှေ့ပြောင်းကျောင်းတွေကို ထိုင်းအစိုးရရဲ့ တာ ၀န်ယူမှုအောက်မှာထားရှိရေးဖြစ်ပါတယ်။ ရွှေ့ပြောင်းပညာရေးနဲ့ပတ်သက်တဲ့ မူကြမ်းတခုကိုလည်း ရေး ဆွဲပြီး ထိုင်းအစိုးရကရကို အတည်ပြုပေးဖို့ တင်ပြထားပါတယ်။ ဒီမူကြမ်းထဲမှာ နိုင်ငံတော်အဆင့် ကော်မတီဝင်ပုဂ္ဂိုလ်များနဲ့ ကော်မတီတခုကို ဖွဲ့စည်းမှာဖြစ်ပြီး အဲဒီမှတဆင့် ရွှေ့ပြောင်းကျောင်းတွေရှိတဲ့ ဒေသတွေက ဒေသဆိုင်ရာပညာရေးမှူးရုံးက ဒေသဆိုင်ရာရွှေ့ပြောင်းပညာရေးကော်မတီကို ဖွဲ့စည်း သွားမှာဖြစ်ပါတယ်။
မြန်မာရွှေ့ပြောင်းကျောင်းတွေအနေနဲ့ တည်ထောင်ခွင့်လျှောက်ထားရပါမယ်။ ရွှေ့ပြောင်းကျောင်းသား များရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ကျောင်းရဲ့ တည်ရှိနေတဲ့ အချက်အလက်အားလုံးကို တင်ပြပြီး ကျောင်းတည်ထောင်သူဟာ နိုင်ငံသားဖြစ်ရမယ် အဖွဲ့အစည်းဆိုရင်လည်း တရားဝင်မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းဖြစ်ရမယ် စတဲ့ အချက်တွေပါဝင်ပါတယ်။
ဒီမူကြမ်းကို အစိုးရက အတည်ပြုပြီးတာနဲ့ ရက်ပေါင်း(၉၀) အတွင်း ဒေသဆိုင်ရာရွှေ့ပြောင်းပညာရေး မှူးရုံးကို အချက်အလက်များ စာရင်းပေးသွင်း မှတ်ပုံတင်ရမှာဖြစ်ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်သူများကတော့ တပ်ခ်ခရိုင် ဧရိယာ (၂) ပညာရေး ဥက္ကဋ္ဌ၊ ရနောင်း ပညာရေးဌာန၊ ဘန်ကောက်ဗဟိုပညာရေးဌာန၊ ချင်း မိုင် ဧရိယာ(၆)ဒုပညာရေးမှူး၊ စမွတ်စခွန်းခရိုင် ဒု ပညာရေးမှူး၊ အခြေခံပညာ အချက်အလက်ကောက် ယူရေးအဖွဲ့၊ ထိုင်းနိုင်ငံဆိုင်ရာ ILO ကိုယ်စာလှယ်၊ ဘန်ကောက် IRC ၊ VSO ရပ်ဝေမြေခြား စေတနာ့ ၀န်ထမ်းများအဖွဲ့၊ မြန်မာရွှေ့ပြောင်းကျောင်းများမှ ကျောင်းအုပ်များ ကိုယ်စားလှယ်များ စုစု ပေါင်း ၁၆၀ ဦး တက်ရောက်ခဲ့ကြပါတယ်။ တွေ့ဆုံပွဲကို ဇွန်လ ၂၃ ရက်မှ ၂၄ ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ပါတယ်။
....
0 comments:
Post a Comment