မဲဆောက်မြို့ ထိုင်းနယ်ခြားစောင့်တပ် အမှတ်(၃၄) မှာ လေထီးခုန်လေ့ကျင့်ကွင်းဖွင့်ပွဲကို ၂၀၀၉ ဇွန်လ ၂၂ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ကွင်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ်တာဝန်ရှိသူများ အပြင် ထိုင်းအစိုး ရကျောင်းပေါင်းစုံမှ ကျောင်းသားများနဲ့ မြန်မာရွှေ့ပြောင်းကျောင်းများမှ ကျောင်းသားများကိုလည်း ဖိတ်ကြားပြီး တက်ရောက်စေခဲ့ပါတယ်။ အခမ်းအနားကို တက်ရောက်တဲ့ မြန်မာရွှေ့ပြောင်းကျောင်း တွေကတော့ SAW ကျောင်း၊ CDC ကျောင်း၊ ဆာသူးလေကျောင်း၊ BHSOH ကျောင်း၊ ခွဲက ဘောင်ကျောင်း တို့ ဖြစ်ပါတယ်။
လေးထီးခုန်လေ့ကျင့်ကွင်းဖွင့်ပွဲမှာ ထိုင်းနယ်ခြားစောင့်တပ်စစ်သည်များမှ လေထီးခုန်သရုပ်ပြခြင်းများ ပြသခဲ့ပြီး တက်ရောက်လာတဲ့ ကျောင်းသားများထဲမှ လေထီးခုန်ဝါသနာပါသူများကိုပါ ခုန်ချပြသခွင့် ပေးပါတယ်။
0 comments:
Post a Comment