VOA အသံလွှင့်ဌာနက စနေနေ့တိုင်းအပတ်စဉ် ထုတ်လွှင့်နေကြဖြစ်တဲ့ “ကိုယ့်ယုံကြည်ရာ ကဏ္ဍ” မှာ “အခက်အခဲရှိနေတဲ့ ခလေးတွေ၊ အမျိုးသမီးတွေကို ကူညီဖြေရှင်းပေးပြီး လူ့အဖွဲ့အစည်းကို တိုးတက်အောင်လုပ်နိုင်မယ့် လူတွေဖြစ် လာလိမ့်မယ်” လို့  ယုံကြည်တဲ့ Social Action for Women (SAW) အဖွဲ့ဝင် မအေးအေးမော်ရဲ့ ယုံကြည်ရာကို ပြန် လည် ဖန်တီးတင်ဆက်ထားတာ ဖြစ်ပါတယ်။
အလွမ်း
4 years ago
5 comments:
မမော်ရေ... ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ်လုပ်ကိုင်ရင်း ယုံကြည်မှုတွေပြည့်ဝလာတဲ့အတွက်ဝမ်းသာ ဂုဏ်ယူပါတယ်..မမော်တို့ရဲ့ စေတနာမှန်ကန်မှုတွေကြောင့် ဒီ့ထက်ပိုပြီးလည်း အောင်မြင်လာမယ်ဆိုတာ ယုံကြည်ထားပါတယ်...
သာဓုခေါ်ပါတယ်မအေးအေးမော်...
ကျွန်တော်တို့လုပ်ပေးနိုင်တဲ့ လူတွေက လုပ်ပေးကြမှ အင်အားမဲ့နေတွေ၊အကူအညီမဲ့တွေရဲ့ဘဝတွေ လုံခြုံမှု၊ပြည့်စုံမှုတွေရကြမှာပါ။အသံအကျယ်ကြီးနဲ့ အော်ပြောနေတာထက် အသံတိတ်တိတ်လေးတွေနဲ့ တကယ်လုပ်ပေးနေရတာကို ကြိုက်တယ်။ လက်တွေ့ပရဟိတကို သဘောကျတယ်။
လဲနေသူထူပေးပါ၊အားငယ်သူအားပေးပါ ဆိုသလိုပါပဲ။
စိတ်ထားမြတ်တဲ့ သူမို့ ဂုဏ်ယူပါတယ်ခင်ဗျာ။
သုခီအတ္တာနံ ပရိဟရန္တု
နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ပါစေ။ လာဖတ်သွားပါတယ်။ မအေးအေးမော်ဆိုတာ မအေးမာသူငယ်ချင်း မမော်လားမသိ။ ဟုတ်ရင်တော့ မိတ်ဟောင်းဆွေဟောင်းတယောက် ဖြစ်တဲ့ ကျွန်မ မငယ်က သတိရလျက် ဆစ်ဒနီမှ နှုတ်ခွန်းဆက်သပါတယ်နော်။
ဟုတ်ပါတယ် မငယ်
မငယ်က မခင်ဌေ့းကြူ မဟုတ်လား
မမော်ရေ
ဂုဏ်ယူပါတယ်၊ အားပေးနေပါတယ်။ ကျမကတော့ အများအတွက် နိုင်သလောက်ပဲ ပံ့ပိုးနိုင်တော့တယ်။ စာသင်ခန်းထဲ ပြန်ရောက်နေလို့ ကိုယ်တိုင်ကိုယ်ကျ လုပ်ဖို့ အခြေအနေမပေးဘူး။ ဟိုတုန်းက တော်လှန်ရေးသည် ငါတို့ကျောင်း ငါတို့ တက္ကသိုလ် အခုတော့ ရောက်တဲ့အရပ်ဟာ ငါတို့ကျောင်းငါတို့ တက္ကသိုလ် လုပ်ပြီး ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ ကျောင်းသားဘ၀ကို ဖြတ်သန်းဆဲပဲ။ သေ့လောထမှာ အတူရှိခဲ့စဉ်က ကျွန်မတို့ မောင်နှမအတွက် အမော်ရဲ့ ကြင်နာတဲ့ စိုးရိမ်ပေးမှု၊ ကူညီအားပေးခဲ့မှုတွေအတွက် ကျေးဇူးတင်ဆဲပဲ။ အခုတော့ ညီမလည်း ကလေးအမေ လူကြီးဖြစ်နေပြီ။
Post a Comment