မတ်လ ၂၄ ရက်နေ့က SAW အဖွဲ့ရဲ့ Children’s Crisis Center မှ ကလေးငယ်များဟာ သူတို့နေတဲ့ အိမ် ဂေဟာကို ဆေးရောင်စုံခြယ်ကာ အလှဆင်ခဲ့ကြတယ်။
ဒီလှုပ်ရှားမှု လုပ်ရတဲ့ ရည်ရွယ်ချက်တွေကတော့ ကလေးတွေရဲ့ ပျော်ရွှင်မှုနဲ့ စိတ်ကူးယဉ် ဖန်တီးချက် များ အားကောင်းလာစေဖို့၊ လွတ်လပ်စွာ ရွေးချယ် ဖန်တီးနိုင်စေဖို့နဲ့ တဦးချင်း အားကောင်းချက်တွေ ကို စုပေါင်းဖန်တီးပြီးမှ ရလာတဲ့ ရလဒ်တွေအပေါ် နားလည်ခံစားနိုင်စေဖို့ စတဲ့ အချက်တွေ ဖြစ်ပါတယ်။
အိမ်ကို ဆေးရောင်စုံခြယ်တဲ့ လှုပ်ရှားမှုမှာ SAW အဖွဲ့နဲ့ လာရောက်ပူးပေါင်းပါဝင်လှုပ်ရှားကူညီတဲ့ အဖွဲ့ ကတော့ Children On The Edge ဖြစ်ပါတယ်။
အလွမ်း
4 years ago
9 comments:
ပျော်စရာကြီး... လက်ရာတွေလည်း ကောင်းတယ်ဗျို့။ အားရမိတယ်။
ကလေးလေးတွေရဲ့ ကိုယ်ပိုင် အရောင်ေ ရွးခြယ်မူလေးတွေနဲ့ သူတို့အိမ်လေးကို အားကြိုးမာန်တက် ဆေးခြယ်နေတာ ကြည့်ပြီး ကြည်နူးလိုက်တာ..
ဆေးရောင်စုံ အိမ်လေးမှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ
ဟဟ
ကလေးတွေက တော်လိုက်တာ၊၊
ကျွန်တော်တောင် ပန်းချီဆို ၀လုံး ကို လှအောင် ၀ိုင်းတတ် ဘူး၊၊
ဟီး...
ဆရာကောင်း တပည့်လေးတွေ အားကိုယ်းပါတရ်ဗျာ၊၊
ပျော်စရာ ပန်းချီပြိုင်ပွဲလေးကို စိတ်ကူးနဲ့ ၀င်ပြိုင်သွားပါတယ်နော့် ကလေးတွေ တိုးတက်အောင်မြင်ပါစေ
လေးစားလျက်
တောင်ပေါ်သား
ကလေးတွေ မိမိတို့ စိတ်ကူးလေးတွေနဲ့ လွတ်လွတ်လပ်လပ် စိတ်ကြိုက် အလှခြယ်နေကြတာ ကြည်နူးစရာပါ။ အခုလို သူတို့စိတ်ကူးလေးတွေ လွတ်လပ်ခွင့်ရတာကပဲ မင်္ဂလာတစ်ပါးပါပဲ။
သူတို့လေးတွေရဲ့ ဘ၀လေးတွေကိုလဲ ကိုယ်စီကိုယ်စီ စိတ်ကြိုက် ဆေးရောင်စုံလေးတွေ ရေးချယ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Wow Great Job... Saw အဖွဲ့အစည်းအကြောင်း အကျဉ်ချုပ်လေး ဖတ်ချင်တယ်။။။
အစီအစဉ်လေးကကောင်းလိုက်တာ
အနာဂတ်ရဲ့ သားကောင်ေးလးတွေအတွက်
စိတ်ကူးဖန်တီးမှု က အရမ်းလိုအပ်တာကို..
လေးစား ဂုဏ်ပြုပါတယ်
^_^
lovely!
တော်တော်စိတ်ဝင်စားဝရာကောင်းတယ်.. ကလေးတွေ အနာဂါတ်မှာ ပျော်စရာ ဖန်တီးပေးရုံမကဘူး.... သူတို့ဖန်တီးထားတဲ့ အရာလေးတွေ သူ့တို့မျက်စိရှေ့မှာ အကောင်အထည်ဖော်လာတာတွေ့ရင် အနာဂတ်ဆိုတာ စိတ်ကူးရင် မိလာမှာပါ
Post a Comment