Thursday, 19 March 2009

" အောင်ပိုင်ဦး ငြိမ်နေသည် "


ကြည့်လို့အဆင်မပြေဖြစ်ပါက ဤနေရာကို နှိပ်လိုက်ပါ

မောင်အောင်ပိုင်ဦး စပြီးရောက်တာက ၂၀၀၅ ခုနှစ် ဧပြီလထဲမှာပါ။ ရောက်လာတဲ့ အချိန်မှာ သူ
ငှက်ဖျားရောဂါဖြစ်နေတယ်။ ခဏခဏ တက်တယ်။ အဲဒီတုန်းက ၅ နှစ်သား အရွယ်ပါ။

ခုအချိန်ထိ စကားမပြောတတ်သေးဘူး။ အမြင်အာရုံ၊ အကြားအာရုံတွေ အားနည်းနေတော့ သူစိတ်
ဝင်စားတဲ့ အရာတွေကို အနီးကပ်သေချာကြည့်တယ်။ ပွတ်သပ်ကြည့်တယ်။ သူ့မျက်နှာမှာ အမြဲပြုံး
နေတာတွေ့ရတယ်။ တခါတလေလည်း တယောက်တည်း သဘောကျပြီး ရယ်နေတတ်တယ်။

သူ့ကို လူတယောက်က အမြဲစောင့်ကြည့်နေရတယ်။ ခြံတခါးပွင့်နေရင် အပြင်ကို ထွက်ထွက်သွား
တတ်တယ်။ အရင်ကဆို သူ့မစင်တွေ ပြန်ပြန်စားတတ်လို့လေ။ ခုတော့ အဲဒီ အကျင့်မလုပ်တော့ပါ
ဘူး။ ခုချိန်ထိ အစာကို သူ့ဟာသူမစားသေးဘူး ခွံ့ကျွေးနေရတုန်းပဲ။

သူဟာ ခုဆိုရင် အသက် ၉ နှစ်ပြည့်နေပါပြီ SAW မိဘမဲ့ကလေးများဂေဟာမှာပဲ ကျန်းမာ ပျော်ရွှင်စွာ
နဲ့ပဲ နေထိုင်နေပါတယ်။ မောင်အောင်ပိုင်ဦး အမြန်ဆုံး စကားပြောလာအောင် ညီအကိုမောင်နှမများ
ဝိုင်းဝန်း ဆုတောင်းပေကြပါ။

13 comments:

Dream said...

အောင်ပိုင်ဦးလေး. ကျန်းမာချမ်းသာပြီး.. စောဂေဟာ
မှာ ပျော်ရွှင်စွာနဲ့ နေနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...
လူငယ်ကလေးတွေနဲ့လည်း ပျော်ရွှင်စွာ စကားဖောင်ဖွဲ့နိုင်ပါစေ.. လို့ဆုတောင်းပေးပါတယ်

မဆုမွန် said...

အောင်ပိုင်ဦးလေး ကျမ်းမာပါစေ သားကောင်းရတနာလေး ဖြစ်ပါစေ...

Han Thit Nyeim said...

သူ့ကို ဆိုလို့လွယ်မယ့် ခေတ်ပေါ်သီချင်းလေးတွေ ဖွင့်ပြပါလားဗျို့။ အဲဒါတွေ လိုက်ဆိုရင်းနဲ့ အသံထွက်ချင်ထွက်လာမှာ ပေါ့ဗျ။

ကျွန်တော်က သီချင်းကြိုက်တဲ့သူဆိုတော့... ဒီလိုပဲ အကြံပေးကြည့်တာ။

ဂျူနို said...

ငှက်ဖျား ဆေးတွေကြောင့်လည်း အမြင်အာရုံ အကြားအာရုံ ထိခိုက်တာတွေ ရှိတတ်တယ်ဆိုပါတယ်။

ထူးခြားတဲ့ သူ့ အပြုမူတွေ အတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

logopedics speech and language therapy ကျွမ်းကျင်သူများနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အယ်ဇီ

မမသီရိ said...

အဓိက ကတော့ ကလေး ကို စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု နဲ့ နွေးထွေး မှု ရစေဘို့ ပါပဲ
သူ့ရဲ့ အသံအိုး ဆိုင်ရာ အော်ဂင်တွေ က ပုံမှန်ပဲ ဆိုရင်တော့ အယ်ဇီပြော သလိုလု့ကြည့်ရမယ် ထင်တယ်နော်

အောင်ပိုင်ဦလေး အမြန်ဆုံး စကားပြောနိုင်ပါစေ

တောင်ပေါ်သား said...

ညီငယ်ရေ ဘ၀မှာ တိုင်းပြည်အတွက် အကျိုးရှိတဲ့ တထောင့်တနေရာက ပါဝင်နိုင်ပါစေလို့ ကျနော် ဆုတောင်းပေးပါတယ်


လေးစားလျက်
တောင်ပေါ်သား

တားမြစ် ထားသော... said...

အောင်ပိုင်ဦးလေး ပီယဝါစာ ချစ်ဖွယ်သောစကားများ အမြန်ပြောနိုင်ပါစေသား...
SAW ရဲ့ ကြိုးစားအားထုတ်မှုကိုလည်း နှစ်သက်ဂုဏ်ယူမိပါကြောင်း။

သုခမိန်(E-Journal)

ကိုရင်နော်ခင်လေးငယ် said...

ရင်မှ လှိုက်လှိုက်လှဲလှဲ
တောင်းဆုချွေပေးခဲ့မိပါတယ်...
အောင်ပိုင်ဦးလေး....
အမြန်ဆုံး တီတီတာတာ စကားလေးတွေ
ပြောနိုင်ပါစေ.......

လေးစားခြင်းများစွာဖြင့်...

နှင်းပွင့်ဖြူ said...

အောင်ပိုင်ဦးရေ ငြိမ်မနေနဲ့ ....
ဦးဦးဟန်သစ်ငြိမ် ပြောသလို သီချင်းအကျယ်ကြီး အော်ဆိုလိုက်း)

ပိုင်ဖြိုးကို said...

အောင်ပိုင်ဦးလေး အမြန်ဆုံးကျန်းမာပြီး၊ သူငယ်ချင်းတွေနဲ့ စကားတတွတ်တွတ်ပြောနိုင်ပါစေဗျာ။
:)

Anonymous said...

ကလေးဘ၀ကသနားစရာဘဲ၊ ဦးနှောဏ်နဲ့ အာရုံကြောကိုထိခိုက်သွားတာဘဲလို့ထင်တယ်၊ အောင်ပိုင်ဦးလေးတစ်ယောက် နေကောင်းဖို့ ဘုရားသခင်ထံမှာ ဆုတောင်းပေးပါ့မယ်၊

Co2zeиith said...

ညီလေး အမြန်ဆုံး ကျမ်းမာ ရွှင်လန်းနိုင်ပါစေကွာ၊၊
အစ်ကို ရောက်တာနောက်ကျရင် ဆော်ရီးကွာ၊၊
ဘော်ဒါတစ်ယောက် Accident ဖြစ်နေလို့ နောက်ကျသွားတာပါ ညီလေးရာ၊၊

ဟန်လင်းထွန်း said...

သနားစရာပဲ။ စကားမြန်မြန်ပြောနိုင်ပါစေ။