မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားတွေကို လုပ်အားမတန်မဆခိုင်းစေပြီး ရိုက်နှက်ခြင်း နှိပ်စက် ညှင်းပမ်းခြင်း လူ့အခွင့်ရေးချိုးဖောက်ခြင်းတွေကိုလုပ်တဲ့ (Greater Versatine Garment) အထည် ချုပ်စက်ရုံပိုင်ရှင်သူဋ္ဌေး မစ္စတာကူးမားနဲ့ အပေါင်းပါ (၁၂) ဦးတို့ကို မလေးအာဏာပိုင်တွေက ဒီနေ့မှာ ဖမ်းဆီးပြီး သူတိုအမှုကိုစတင်စစ်ဆေးနေပါပြီး နှိပ်စက်ညှင်းပမ်းခံရတဲ့ မြန်မာအမျိုးသမီး (၁၄) ဦး အပါအ၀င် မြန်မာအလုပ်သမားတွေကို အကူအညီပေးနေတဲ့ မြန်မာအလုပ်သမား အခွင့်အရေးကာ ကွယ်စောင့်ရှောက်မှု ကော်မတီရဲ့ အတွင်းရေးမှူး ကိုရဲမင်းထွန်း ပြောပြတာကတော့ …
“မစ္စတာကူမားနဲ့ သူ့ရဲ့လူ (၁၂) ယောက်ကို ရဲက ခေါ်ပြီးတော့ စတိတ်မန့် ယူနေပြီ၊ အဲဒါ သူတို့ကို ဒီနေ့ဖမ်းလိုက်ပြီပေါ့နော် စစ်နေတယ်ပေါ့ ဒီကစကားပြောနဲ့ စတိတ်မန့်ယူတယ်။ စတိတ်မန့်ယူတယ် ဆိုတာ ခေါ်စစ်တာပေါ့ ခေါ်စစ်ပြီးတော့ ဒီနေ့ဖမ်းလိုက်ပြီဆိုပြီးတော့ သုံးနာရီခွဲလောက်က ကျနော့်ကို ဖုန်းဆက်တယ်ခင်ဗျ။”
တကယ်တော့ ဒီအမှုဟာမကြာသေးခင်ကဖြစ်ပျက်ခဲ့ပြီး အမူနဲ့ပတ်သက်ပြီး ပြန်မာအလုပ်သမားတွေ ကိုအကူအညီပေးနေတဲ့ မြန်မာအလုပ်သမား အခွင့်အရေးကာကွယ်စောင့် ရှောက်ရေးကော်မတီနဲ့ အ တူ မလေးရှားဘားကောင်စီရဲ့လက်အောက်ခံ ဥပဒေရေးရာဌာနက အမှုလိုက်ပေးခဲ့သလို မလေး ရှားက တန်နာဂန်နိတ အမျိုးသမီးအန်ဂျီအိုအဖွဲ့က အမှုဖွင့်တိုင်ကြားပေးခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာအလုပ်သမားအဖွဲ့ကတော့ အမှုအကြောင်းကို သိသူမျက်မြင်သက်သေတွေအဖြစ် အမှုဖွင့်တဲ့ ကိစ္စမှာ ကူညီပေးခဲ့ရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုတွေဟာ ပထမအဆင့် သာဖြစ် ကြောင်းကိုလည်းဆက်ပြောသွားပါတယ်။
“သူတို့အရေးယူမှုတွေကတော့ ဒါ ပဏာမအဆင့်ပဲရှိသေးတယ်။ ဒီဥစ္စာက အခု သူ့ကိုခေါ်စစ်တာ ခုန မိန်းခလေးတွေကို ကာမအိနြေ္ဒပျက်စီးအောင် ရှာတာဖွေတာ ကိုင်တာတွေကိစ္စရယ် နောက်ပြီးတော့ ညှဉ်းပန်းနှိပ်စက်တဲ့ကိစ္စနောက်ပြီးတော့ အဲဒါက ဒီနေ့၊ သူတို့ ကျနော်တို့ရုံးမှာ လာရိုက်သွားတယ်၊ ပြန် ပေးဆွဲသွားတယ်ဆိုတဲ့ အမှုကလည်းရှိနေသေးတယ် အဲဒီဟာ ကျနော်တို့က ဒိပြင်နယ်မြေတခုမှာ ဖွင့် ထားတာ အဲဒီဟာ ဒီည သို့မဟုတ် မနက်ဖြန်မနက်မှာ သူ့ရဲ့ အမှုဆိုင်ရောက်လာလိမ့်မယ် ရောက်လာ လို့ရှိရင် သူတို့လုပ်တဲ့ သဘောကတော့ဗျာ သူတို့ ဒီနေ့ ဒီပြဿနာတွေကိုရှင်းတယ်၊ ဒီက စကား နဲ့ပြောရင် ဘေရသွားမယ်ပေါ့ အာမခံရသွားရင်လည်း နောက်ထပ် ပြန်ပေးဆွဲမှု နောက် ကျနော် တို့ ရုံးမှာ လာရိုက်သွားတဲ့အမှု အဲဒီအမှုတွေဟာ တခါထပ်လာမယ် သူ့ကေ့စ်က (၁၃)မှုလောက်ရှိ တယ် ခင်ဗျ။”
တကယ်တော့ ဒီအမှုနဲ့ပတ်သက်ပြီး တရားဝင်ဆက်သွယ်ဆောင်ရွက်ခြင်းမရှိပဲ မလေးရှားမြန်မာ သံရုံး ကတော့ နှုတ်ဆိတ်နေပါတယ်။ မလေးရှားက အမျိုးသမီးအဖွဲ့တွေ လူ့အခွင့်ရေး ရှေ့နေတွေကြောင့် အောင်မြင်မှုတွေရတဲ့အကြောင်းကိုလည်းဆက်ပြောသွားပါတယ်။
“အဖြစ်အပျက်တွေအပေါ်မှာတော့ ကျနော်တို့ မြန်မာနိုင်ငံသားတွေအတွက် ၀မ်းနည်းတယ် ဖြစ်ပြီးခဲ့ တဲ့ အဖြစ်အပျက်တွေပေါ့။ ကိုယ့်နိုင်ငံက တရားဝင်ထွက်ခွာလာပေမယ့်လည်းအကူအညီတွေ မရတဲ့ အတွက် ခုလို ဒုက္ခတွေရောက်တယ်။ ကျနော်တို့ နိုင်ငံသက်ဆိုင်ရာအာဏာပိုင်က အကူညီမပေးတဲ့ အတွက် သူတို့တွေဟာ မျက်နှာငယ်စွာနဲ့ သူများ ဥပဒေမဲ့ နှိပ်စက်တာတွေကို တကြိမ်တည်းမဟုတ် ဘူးဗျာ ကျနော်တို့လက်ထဲကို ရောက်ပြီးမှတောင်မှ လာနှိပ်စက်သေးတယ်ဆိုတော့ အဲဒါ တရားအင်မ တန်မှလွန်တယ်။ အခုလို ကျနော်တို့ကို မလေးရှား အင်န်ဂျီအိုတွေက အကူအညီပေးပြီးတော့ အခုလို အမှုမှန်ပေါ်ပေါက်လာတဲ့အတွက်တော့ ကျနော်တို့လူမျိုးအတွက် ကျနော်တို့ အရမ်းကိုအားရမိတယ် ဗျာ နောက်ပြီးတော့ ကျနော်တို့ မြန်မာလူမျိုးတွေကို မတရားနှိပ်စက်နေတဲ့လူတွေကို ဒါကို အတုယူစေ ချင်တယ်။ ကျနော်တို့ ဒီသတင်းတွေကိုလည်း လိုကယ်မီဒီယာတွေမှာ ဖြန့်မှာပါ ခင်ဗျ။”
တကယ်တော့ မြန်မာအလုပ်သမားတွေကို နှိပ်စက်ညှင်းပမ်းတဲ့ သူဋ္ဌေးတွေကို အခုလို အရေးယူ လို့ရအောင်ကြိုးစာတယ်ဆိုတာ လွယ်ကူတာတော့မဟုတ်ပါဘူး။ မြန်မာအလုပ်သမားရေး ဆောင်ရွက် နေသူတွေဟာ ၂၀၀၈ ခုနှစ်တုန်းကလည်း အမျိုးသမီး ၃ ဦးကို ကျင်စက်နဲ့တို့ပြီး အလုပ်ခိုင်းစေတဲ့ အမှု ကိုလည်း တရားစွဲနိုင်အောင် လုပ်ခဲ့ဘူးပါတယ်။ အမှုငယ်တွေအတော်များများကို လုပ်နိုင်တာတွေ ရှိပေမဲ့ ဒီအမှုဟာ သူတို့အတွက် ဒုတိယအောင်မြင်မှုလို့ပြောနိုင်ပါတယ်။ အခုမလေးကအလုပ်သမား တွေဟာ တရားဝင်ပတ်စပို့စ်တွေနဲ့လာပြီး သက်တမ်းတွေမကုန်သေးတာတောင်မှ သူများနိုင်ငံတွင်းမှာ ဥပဒေမဲ့စွာ နှိပ်စက်ညှင်းပမ်းခံနေရတာဖြစ်ပါတယ်။
(ဗွီအိုအေ) မှ..
အလွမ်း
4 years ago
0 comments:
Post a Comment