Friday 16 January 2009

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖွတ်ဖမြို့နယ် ၄၄ ကီလိုကျေးရွာ၊ ၀ါးတောအုပ်စုက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအာဏာပိုင်တွေက မောင်းထုတ်

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖွတ်ဖမြို့နယ်၊ ၄၄ကီလိုကျေးရွာက အိမ်ခြေ (၉၀)နီးပါးရှိတဲ့ ရွှေ့ပြောင်းအလုပ် သမားတွေ နေထိုင်တဲ့ ၀ါးတဲအစုကို ထိုင်းအာဏာပိုင်တွေက ကား(၁၀)စီးနဲ့ ရောက်လာပြီး နေရာမရွှေ့ ပေးရင် မီးရှို့ဖျက်ဆီးမယ်ဆိုတာကြောင့် ဖျက်ပေးလိုက်ရပြီး ရွာသား( ၂၀၀) ကျော်က နီးစပ်ရာတော တောင်နဲ့ ကျွန်းတောတွေမှာ ပုန်းအောင်းနေရပါတယ်။ ရာသီဥတုကလည်းဆိုး ချမ်းအေးလှတဲ့အချိန်မှာ အခုလို အိမ်ယာမရှိဘဲ ပုန်းအောင်းနေရတာက အတော်ကိုခက်ခဲပါတယ်။
၁၄ ရက်နေ့က အိမ်တွေဖျက်ဖို့ လာပြောတယ်။ (၁၅) ရက်နေ့မှာတော့ စစ်ကားတွေနဲ့လာဝိုင်းပြီး ဖျက် ထားတဲ့ သက်ကယ်လေးတွေ ယူသွားကြတယ်။ အနီးနားမှာ အကောင်းဆုံးမိတ်ဆွေဆိုတဲ့ The Best Friend ဆိုတဲ့ ကျောင်းလေးရှိတယ်။ ဒီ ကျောင်းလေးက အရင်က ၀ါးတောအစုမှာ တည်ထားတာပါ။ အခုဝါးတောရဲ့ အရှေ့ကျွန်းတောမှာ ဖွင့်ထားခဲ့တယ်။ အခုဆိုရင် ကျောင်းလေးကို အာဏာပိုင်တွေက ဓာတ်ပုံရိုက်သွားပြီး ဖျက်တာမျိုးတွေတော့ မလုပ်သေးပါဘူး။ ကျောင်းသားမိဘတွေ ကျောင်းသားလေး တွေ တောထဲမှာပုန်းနေရတာတွေ လုပ်နေရတော့ ကျောင်းကဖွင့်လို့မရဘဲ အလိုလိုပျက်သွားတဲ့ သ ဘောဖြစ်နေပါတယ်။ စာသင်ကျောင်းလေးကို လာတက်တဲ့ ကျောင်းသား (၁၄၀) ကျော်ရှိပါတယ်။

အဲဒီ ကျောင်းလေးကိုတော့ အနီးနားက ၀ါးတော၊ ကျွန်းတော၊ ငှက်ပျောတောစတဲ့ အစုလေးတွေက ကလေးတွေ လာတက်ပါတယ်။ ၀ါးတောအ စုလေးဟာ ၄၄ကီလိုမှာ စံပြနေရာလေးတစ်ခုဖြစ်ပြီး အစိုးရ မဟုတ်တဲ့အဖွဲ့တွေက သောက်ရေနဲ့ အိမ်သာကိစ္စတွေ ကျန်းမာရေးကိစ္စတွေ ဘာသာရေးအသင်းအဖွဲ့ တွေ လာရောက်အကူအညီပေး၊ လုပ်ကိုင်ပေးနေတဲ့ နေရာလေးတစ်ခုလည်း ဖြစ်ပါတယ်။ ရပ်ရွာရဲ့ အမြင်အရတော့ ရွာတခုအဖြစ် ဖြစ်လာမှာကို မလိုလားတာကြောင့်လို့ တွေးထင်ကြတယ်။ နယ်ခြား စောင့်တပ်တွေနဲ့ နီးစပ်သူတွေအပြောအရ ထိုင်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအတွက် လက်မှတ်မရှိသူ တွေကို ဖမ်းဆီးတာလို့လည်းပြောကြပါတယ်။

ကျမတို့ SAW အဖွဲ့ သူတို့နေရာလေးကို ဂျပန်က ဘုန်းတော်ကြီးတွေက ကျောင်းအင်္ကျီတွေ အလှူ လုပ်ချင်တယ်ပေးလာလို့ အခက်အခဲရှိတဲ့ ကျောင်းတွေကိုပေးရင်းနဲ့ ရောက်ဖြစ်တယ်။ ပြီးတော့ ကျမတို့ အလှူရတဲ့စောင်တွေကို အဲဒီစာသင်ကျောင်းက ကလေးတွေကို ကျမတို့အဖွဲ့ဝင်တွေသွားဝေပေးဖြစ် တယ်။ ပုံထဲတွေမှာ သူတို့ရဲ့ လူနေမှုဘ၀တွေကို ဖော်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံသားတွေဟာ အမြဲ တမ်းပဲ အဖမ်းခံနေ တရားမ၀င် ခိုးဝှက်နေထိုင်ရတာတောင် လူနေမှုကလည်း မြန်မာနိုင်ငံထက် သာလို့ လာကြတယ်လို့ ပြောကြတယ်။ ထိုင်းနိုင်ငံမှာ တအုပ်လုံးလုပ် တာတောင် အနိုင်နိုင်စားရတယ်။ ဒါကို သာတယ်လို့ ပြောတာပါ။ လူလုံးမလှတဲ့ မြန်မာတွေဘ၀ကို မြင်ကြည့်ကြပါ။ ပြီးရင် ငါတို့လူမျိုးတွေ မြန်မာပြည်ထဲမှာကော ပြည်ပနိုင်ငံတွေမှာကော ဘာတွေ ဖြစ်နေကြရလဲဆိုတဲ့ အတွေးလေးတွေ တွေး ရင်း ကိုယ့်လူထုကို အကူအညီပေးကြပါ။ မျိုးချစ်စိတ်လေး မွေးနိုင်ကြပါစေလို့ တိုက်တွန်းပါရစေ…

Thai authorities expelled the Burmese migrants at the Wah Taw quarter, 44 km, Phot pha, Tak Province, Thailand

Thai authorities ordered migrants to move from their home in Wah Taw quarter, 44 km, Phot Pha, Tak provinice in Thailand. The authorites threatened the migrants that they will burn their house if they do not move themselves. There are about 90 households which had to move and over 200 settlers are hidden in the near jungle. The weather is very bad here now and it is very difficult for the migrant refugee to live without shelter.

The authorities ordered to move the house on January 14th. The next day, they came and picked the pile of roof. There is a school named 'The Best Friend' and the authorities took picture of it but said nothing about destroying the school. The students and the parents were hiding in the school building and the school was not opened in those days. Over 140 students around this community attend to this school. The Wah Taw quarter was a model village in the 44 km and it got the supports from the NGOs and religious group for the toilets and clean-drinking water. This quarter was forced to move as the surrounding Thai communities do not want it to become a real village. Others say that the illegal migrant were arrested due to the Thai national security.

0 comments: