Tuesday 13 January 2009

ဖိုးစီစီ ကျောင်းသွားသည်


ဖိုးစီစီ ဟာ SAW ဂေဟာကို ၂၀၀၅ ခုနှစ်မှာ ရောက်လာပါတယ်။ စရောက်တော့ ၄ လသားအရွယ် လေးပဲရှိပါသေးတယ်။ မိခင်ကျန်းမာရေးအခြေအနေအရ ကိုယ်ဝန် ၇ လ မပြည့်ပဲ ခွဲမွေးခြင်းခံခဲ့ရတယ်။ မိခင်လည်း မွေးပြီးပြီးချင်းဆုံးပါးသွားခဲ့တယ်။ ၂ နှစ်သားလောက်ထိကို ချွဲကြပ်တဲ့ရောဂါဆွဲနေခဲ့တယ်။ အသက် ၃နှစ်အရွယ်ကတည်းက ထမင်းစား တော့လည်း ကိုယ့်ဟာကိုယ်စားတတ်ပါတယ်။ အခု အသက် လေးနှစ်ပြည့်တော့ မူကြိုကျောင်းစတက်ပါတယ်။ ကျောင်းမရောက်မချင်းကတော့ လူကြီးတယောက် တယောက်ကို တွယ်ကပ်ပြီး အီနေတော့တာပါပဲ။ ကျောင်းထဲရောက်သွားပြီဆိုရင် ပျော်နေပါ တော့တယ်။

Pho Si Si goes to school
Pho Si Si arrived to SAW's safe House in 2005. He was just four months old when he was referred. He was born premature and delivered by caesarian birth. His mother died after his birth. He had difficult breathing when he was too young. He is able to do things himself like eating and cleaning. Now, he goes to school as he turns to four. Before he went to school, he attached the adult. He is happy at the preschool and obeys the school rules.

9 comments:

Nyein Chan Aung said...

I came to see Pho Se Se scholling video. Wishing Saw Group to be more successful and can achieve more works.

အိမ်လွမ်းသူ said...

ဖိုးစီစီလေးကို လာကြည့်သွားပါတယ်..။ အခုလို မှတ်တမ်းတင်ဗွီဒီယိုလေးတွေ ရိုက်ကူးတင်ပြပေးတာ ကြည့်ရှုခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခြားကလေးလေးတွေ အကြောင်းလည်း ကြည့်ချင်ပါသေးတယ်။

မိုးခါး said...

ကြည်နူးမိပါတယ်း)) ဆထက်ထမ်းပိုး အောင်မြင်မှုတွေရပါစေး)

ယောနသံစင်ရော် said...

ဖိုးစီစီလေးကို ကြည့်ရတာအပြစ်ကင်းစင်လိုက်တာ.။ ဖိုးစီစီကလေး ဘဝတလျှောက် ကျန်းမာရွှင်လန်းစွာ အများအကျိုးသယ်ပိုးနိုင်တဲ့ ပညာတတ်ကြီးတယောက် ဖြစ်ပါစေလို့.. အန်တီကဆုတောင်းပေးလိုက်ပါတယ်။

ကဗျာမလေး said...

connection ကြောင့်လား ဘာကြောင့်လဲမသိဘူး ကြည့်လို့မရဘူးဖြစ်တယ် ... စိတ်မကောင်းဘူး :(

တောင်ပေါ်သား said...

ဖိုးစီလေးကို လာကြည့်သွားတယ် မနေ့ညကတည်းက လာတာ မမြင်ရလို့ ဒီနေ့ ထပ်လာတယ်။ ညီငယ်လေးဖိုးစီနဲ့တကွ အားလုံးတိုင်းပြည်အတွက် ရဲဝင့်စွာ ထမ်းဆောင်နိုင်တဲ့ သားကောင်းသမီး ရတနာတွေ ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ် ။ SAW ကိုလဲ အရမ်းချီးကျူးမိပါတယ်

မမသီရိ said...

ှSAW ရဲ့ လုပ်ငန်းလေးတွေ ကို..
လေးစား ဂုဏ်ပြု တယ်..
ကိုယ်တှို လုပ်နေတာတွေ နဲ့ လဲ ဆက်စပ်မှု ရှိတော့..
မကြာ မကြာ ..လာလည် ဖြစ်မှာ ပါ...

poemflower said...

ကြည်နှူးပျော်ရွင်မိပါတယ် ဒီထက်မက အောင်မြင်တိုးတက်ပါစေလို့ အများကြီးဆုတောင်းပါတယ်.

Anonymous said...

ဖိုးစီစီလေးနဲ့ ကလေးတွေကိုကြည့်ရတာ ရင်ထဲမှာ အမည်မဖော်ပြနိုင်တဲ့ ပိတီဖြစ်မိတယ်၊
အဖြူေ၇ာင်ပန်းပွင့်လေးတွေ နေခြည်နုနုအောက်မှာ လန်းဆန်း ဝေဖြာနိုင်အောင် ကျိုးစားပေးနေတဲ့ ဥယာဉ်မှူးsawအဖွဲ့ ကို လေးစားလျှက်ပါ