Tuesday 27 January 2009

ကိုယ်ဝန်ဖျက်ချမှုအတွက် ရန်ပုံငွေပြန်ပေးဖို့ အိုဘားမား အမိန့်ထုတ်

ကိုယ်ဝန်ဖျက်ချတာနဲ့ဆိုင်တဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို လုပ် ကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို အမေရိကန်က ရန်ပုံငွေ ထောက်ပံ့လို့မရအောင် တားမြစ်ပိတ်ပင်ထားတာကို အမေရိကန် သမ္မတ ဘရက်အိုဘားမားက ပယ်ဖျက်လိုက်ပါပြီ။

ကန့်သတ်ထားတာကို ပယ်ဖျက်တဲ့အကြောင်း သူ့ရဲ့သမ္မတ သက် တမ်း သုံးရက်မြောက်ဖြစ်တဲ့ သောကြာနေ့မှာ သမ္မတ အိုဘားမား က လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
ပိတ်ပင်ထားတာအရဆိုရင် နိုင်ငံခြားတိုင်းပြည်တွေမှာ အခြေစိုက်ပြီး ကိုယ်ဝန်ဖျက်ချတာနဲ့ဆိုင်တဲ့ သတင်း အချက်အလက်တွေ၊ အကြံပေးလမ်းညွှန်တာတွေ ဒါမှမဟုတ် လွှဲပြောင်းပေးတာတွေစတဲ့ ၀န် ဆောင်မှုပေးတဲ့ အဖွဲ့အစည်းတွေကို အမေရိကန်က ရန်ပုံငွေမထောက်ပံ့ဖို့ တားမြစ်ထားပါတယ်။

နိုင်ငံတကာက မိသားစုစီမံကိန်းဆိုင်ရာ အထောက်အပံ့ကိစ္စကို နိုင်ငံရေးအရ အကွဲကွဲ အပြားပြားဖြစ် စေတဲ့ ကိစ္စတရပ်အဖြစ် ကာလရှည်ကြာ အသုံးပြုလာခဲ့ကြတယ်လို့ သောကြာနေ့ကထုတ်ပြန်တဲ့ ကြေ ညာချက်မှာ သမ္မတအိုဘားမားက ပြောထားပါတယ်။ သူ့အခေါ်အရဆိုရင် ဟောင်းနွမ်းပြီး ဘာမှ အကျိုးမရှိတဲ့ ငြင်းခုန် ဆွေးနွေးတာတွေကို ဆက်မလုပ်ချင်တော့ဘူးလို့ ဆိုပါတယ်။
တားမြစ်ပိတ်ပင်ချက်ကို ၁၉၈၄ ခုနှစ်မှာ သမ္မတ ရော်နယ်လ်ဒ်ရေဂင်က စတင်ပြဌာန်းခဲ့တာဖြစ်ပါတယ်။ ဒီမိုကရက် အစိုးရတွေတက်လာရင် ပယ်ဖျက်ပစ်ပြီး ရီပတ်ဘလီကန်အစိုးရတွေ တက်လာရင် ပြန်ပြ ဌာန်းကြပါတယ်။

Reference: VOA News - 24th January, 2009

0 comments: