Saturday 24 January 2009

နိုင်ငံတကာ ကလေးများနေ့ ပျော်ပွဲရွှင်ပွဲ အခမ်းအနား



နိုင်ငံတကာ ကလေးများနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲ အခမ်းအနားတရပ်ကို ထိုင်း - မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမားကလေးငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့ ဆာသူးလေအထက် တန်းကျောင်းမှာ ဇန်န၀ါရီလ ၂၄ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။ Committee for Protection and Promotion of Child Rights (CPPCR), Burmese Migrant Workers Education Committee (BMWEC), SAW, Burmese Migrant Teachers Association(BMTA) အစရှိတဲ့ အဖွဲ့များမှ ဦးစီးကျင်းပခဲ့ပြီး ထိုအခမ်း အနားကို နယ်စပ်တလျှောက်ရှိ မြန်မာရွှေ့ပြောင်းကျောင်း(၆၀)ကျော်အနက် မြန်မာရွှေ့ပြောင်း အလုပ်သမားကလေးငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့ကျောင်း (၃၃) ကျောင်းမှ ကျောင်းသူ၊ ကျောင်းသားဦးရေ စုစုပေါင်း (၂၅၀၀)ကျော် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ အခမ်းအနားပြုလုပ် ရတဲ့ ရည်ရွယ်ချက်ကတော့
ရွှေ့ပြောင်း ကလေးများ၏ပညာရေး အနာဂတ်မှာ ဖွံ့ဖြိုးတိုးတက်အောင်၊ ကျောင်းပေါင်းစုံမှ ကလေးများ တွေ့ဆုံခြင်းအားဖြင့် ချစ်ခင်ရင်းနှီးမှု တိုးပွားလာစေရန် ရည်ရွယ်ပါတယ်။ ကလေးများ၏ ကာယ၊ ဉာဏ မြင့်မားလာစေရန်အတွက်လည်း ကျောင်းပေါင်း စုံအားကစားပြိုင်ပွဲများ ဖြစ်တဲ့ ဘော်လုံး၊ ခြင်းလုံးခတ်၊ ဘော်လီဘောနှင့် ကြက်တောင်ရိုက် ပြိုင်ပွဲတို့ကိုလည်း ကလေးများနေ့ အကြိုအစီအစဉ်အနေနှင့်လည်း ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။ Social Action For Women (SAW) ကဖွင့်ထားတဲ့ SAW အထက်တန်း ကျောင်းက ကလေးများလည်း ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆု (၃)ဆုနှင့် နှစ်သိမ့်ဆုများ ရရှိခဲ့ပါတယ်။ ဇန်န၀ါရီလ၂၄ရက်နေ့မှာ ကျောင်း (၄)ကျောင်းမှ ပြခန်းများပြုလုပ်ပြီး မိမိတို့ထုတ်လုပ်တဲ့လက်မှုပစ္စည်းများ ဖန်တီးမှုများကို တက်ရောက် လာတဲ့ ပရိသတ်များနဲ့ ကျောင်းပေါင်းစုံက ကလေးများကိုပြသခဲ့ပါတယ်။ SAW အထက်တန်း ကျောင်း ကပြုလုပ်တဲ့ ဖန်တီးမှုတွေကတော့ ကျောက်စီပန်းချီနဲ့ SAW မှ ပရိုဂရမ်တခုချင်းစီ၏ လှုပ်ရှားမှုဓါတ်ပုံ တို့ဖြစ်ပါတယ်။

International Children Day celebration

International Children Day celebration was held in January 24th, 2009 at the Hsa Thwe Lay High School in Thailand Burma border town, Mae Sot. It was organized by Committee for Protection and Promotion of Child Rights (CPPCR), Burmese Migrant Workers Education Committee (BMWEC), SAW, Burmese Migrant Teachers Association (BMTA) and over 2500 students from 33 migrant schools participated. There are over 60 migrant schools. It's objectives for organizing the celebration is to improve the education of children in the future and to develop mutual relationship between the children from different migrant schools. To improve mental and physical development, the football, cane-ball, volleyball and badminton contest were made before the Children Day. SAW's High School students also took part in those contests and won the third prize on Htote-Si-Toe (games of catching and running by two groups). In the celebration day, four schools exhibited the handiworks of their students at the celebration. SAW's High school students' exhibition is the stone art paintings and the activities photos of each of SAW's programs.

0 comments: