Sunday 21 December 2008

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ အခမ်းအနားတွင် SAW အဖွဲ့မှ သမီးငယ်လေးများသွားရောက် တင်ဆက်ကပြခဲ့ကြ

၁၈ ရက် ဒီဇင်ဘာလ ၂၀၀၈ ခုနှစ်မှာ ကျရောက်တဲ့ လေးကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း အလုပ်သမားများ အထိမ်းအမှတ်နေ့ကို ယနေ့ မဲဆောက်မြို့တွင်ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို မဲဆောက်မြို့ရှိ အလုပ်သမားအခွင့်အရေး ကာကွယ်ရေးဌာနမှ ဦးဆောင်ပြုလုပ်ခဲ့ပြီး ရွှေ့ပြောင်းအလုပ် သမားများအရေးလှုပ်ရှားနေသောအဖွဲ့အစည်းများ လူမှုရေးအဖွဲ့ အစည်းများနှင့် မဲဆောက်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမားများတက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားအစီအစဉ်များကို ကျပန်းစကား ပြောပြိုင်ပွဲများ ပဟေဠိအမေးအဖြေများ အထိမ်းအမှတ်နေ့နှင့် ပတ်သက်ပြီး စပ်ဆိုထားတဲ့ တေးသီချင်း သီဆိုမှုများ အကများဖြင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။

(SAW)

0 comments: