Saturday 20 December 2008

အမေ့ကို … ပြန်ပေး



ဘ၀မှာ
ငိုရင် ချော့စေချင်တဲ့ အရွယ်ကစလို့
ကျနော် ကြားချင်တာ
အမေ့ရဲ့ သားချော့တေး။

ဘ၀မှာ
လပြည့်ဝန်းကို ကြည့်တတ်ကာစ
ကျနော်စားချင်တာ
အမေခွံ့ကျွေးမယ့်
ထမင်းဆီဆမ်း … ။

ဘ၀မှာ
ခုလို အရိုးခိုက်အောင် အေးတဲ့ဆောင်း
ကျနော် ခိုအောင်းချင်တာက …
အမေ့ ရင်ခွင်။

ခေတ်တွေ စနစ်တွေအကြောင်း
ကျနော် ဘယ်သိမလဲ မေမေ
ကျနော်သိနေတာ …
ကျနော့်မှာ အမေရှိခဲ့တယ်၊
ကျနော် သိချင်တာ …
ကျနော့်အမေဘယ်မှာလဲ၊
ကျနော် နေချင်တာ
အမေ့ရဲ့ မိသားစု အိမ်ကလေး၊
တကယ်လို့များ
ဘ၀ကို ပြန်ရွေးခွင့်ရခဲ့ရင် …။ ။

(SAW)

16 comments:

Anonymous said...

တကယ်လို့များ ဘ၀ကိုပြန်ရွေးခွင့်ရခဲ့ရင် ကျနော် ကမေ့မေ့ရင်ခွင်ထဲ ကလေးတယောက်လို နိုးတ၀က်အိမ်မက်ဆိုးတွေထဲ ကယောင်ကတမ်းနဲ့ ညနက်နက်တွေထဲ ရှာဖွေနေမိတယ် ၊ မေ့မေ့ရယ်ကိုပါ........
ခံစားရတယ်ဗျာ၊ အားလုံးရဲ့ခံစားချက်တွေနဲ့ထပ်တူနေမယ့်ကဗျာလေးတပုဒ်ပါ

GreenGirl said...

ထပ်တူခံစားရပါတယ် :(

ဒီဇင်ဘာနှင်း said...

ကဗျာလေးကအရမ်းကောင်းပါတယ်။ တကယ်လို့များ ရွေးခွင့်ရရင် အမေ့ရင်ခွင်မှာ အမြဲတမ်းခိုလှုံခွင့်ရနိုင်မယ့် အရွယ်ကို အမြဲတမ်းလိုချင်မိပါတယ်။

မဆုမွန် said...

တကယ်လို့များ ဘ၀ကိုပြန်ရွေးလို့ရရင်..
။။။တကယ်လို့များ ဘ၀တွေကို ပြန်ရွေးလို့ရရင်..

Dream said...

ကဗျာကောင်းလေးတခုပါ.. ဖတ်ပြီး ရင်ထဲ နင့်သွားတယ်...

အမေအမေ... အမေ့ကိုသတိရတယ်

Kaung Kin Ko said...

အမေ့ ကို တမ်းတထားတဲ့ ကဗျာလေး ဖတ်ပြီးအမေကို လွမ်းသွားတယ်ဗျာ။

မောင်ထင် said...

မျက်ရည်တောင်ကျမိတယ်ဗျာ။အမေ့ကိုလွမ်းလို့ 

Unknown said...

တော်တော်လေးကို ကောင်းတဲ့ ကဗျာလေးဗျာ....
ရင်ထဲမှာ တစ်မျိုးကြီးခံစား၇တယ်

တောင်ပေါ်သား said...

အမေ ကဗျာလေးကို လာခံစားသွားပါတယ် တနေ့နေ့ပေါ့ ကျနော်တို့ ချစ်သော မိသားစုတွေနဲ့ ပြန်လည် ဆုံတွေ့ရမှာပါ

Than Yaw Zin said...

အမေ့ကိုလွမ်းတယ်... အမေမျက်နှာကို ကြည့်ပြီး စကားတွေတဝကြီးပြောချင်တယ်..

အိမ်လွမ်းသူ said...

ကဗျာဖတ်လေးဖတ်ပြီး ခံစားသွားရပါတယ်..။

အိပ်မက်နိဒါန်း said...

အမေ့ကိုအရမ်းသတိရနေတဲ့အချိန်မှာ ဒီကဗျာလေးကို ဖတ်ရင်းနဲ့မျက်ရည်ကျမိတယ်..

ပန်းခရေ said...

ကဗျာလေးက ရိုးရိုးလေးနဲ့အရမ်းကို လေးနက်တယ် ကဗျာကို နှစ်သက်မိပါတယ်

lovelessguiter said...

အမေ့ရင်ခွင်မှာ
အမေချော့တဲ့
သားချော့တေးကိုနားထောင်ရင်း
ထမင်းဆီဆမ်းကို
အမေ့ အိမ်လေးမှာ
ပြန်စားချင်လှတယ်
လွမ်းသွားတယ်ဗျာ..။
တကယ်....

မိုးသား said...

အမေ အကြောင်းရေးတဲ့ကဗျာတွေဆို
ကျွန်တော် အရမ်းဖီးလ်ဖြစ်တယ်...
ဒီကဗျာလေးကျတော့ အမိမဲ့သား ရေနည်းငါး ဆိုတဲ့ စကားလေးကို ပြန်ပြီး အမှတ်ရမိတယ်။
ကောင်းတယ်အစ်ကို..
လေးစားပါတယ်။
ပြီးတော့ ကျွန်တော်လည်း အမေ့ကို လွမ်းတယ်။

တောင်ပေါ်သား said...

ကဗျာလေးကို ဖတ်ပြီး ထပ်တူ ခံစားရပါတယ်