Friday 12 December 2008

နိုင်ငံတကာ ကလေးကူးသန်းရောင်းဝယ်မှုဆန့်ကျင်ရေးနေ့ အထိမ်းအမှတ်ပွဲ ထိုင်းမြန်မာနယ်စပ်တွင် ပြုလုပ်

(SAW အဖွဲ့မှ နိုင်ငံတကာ ကလေးကူသန်းရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကျင်းပ)

ဒီဇင်ဘာ၁၂ရက်နေ မှာကျရောက်တဲ့ နိုင်ငံတကာ ကလေးကူးသန်းရောင်းဝယ်မှုဆန့်ကျင်ရေးနေ့အဖြစ် ထိုင်းနိုင်ငံမဲဆောက်မြို့ မှာ ရွေပြောင်းအလုပ်သမားတွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေက ထောင်ဂဏန်းရှိတဲ့ မြန်မာကလေးငယ်များစီးတန်းလမ်းလျှောက်ပြီး လှုံဆော်ပွဲများပြုလုပ်ပါတယ်။ လူအ ခွင့်ရေးလှုပ်ရှားသူတွေကတော့ တနှစ်ထက်တနှစ် ကလေးကူးသန်းရောင်းဝယ်မှုနှုန်းတွေ များပြားလာ တယ်လို့ပြောကြပါတယ်။ အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ကလည်း ကလေးသူငယ် တွေနဲ့ ပတ်သက်ပြီးအသိပညာပေး လှုံ့ဆော်တဲ့ပညာပေးဆွေးနွေးပွဲလေးတခုကို ၁၂ရက်နေ့ ညနေပိုင်း မှာ ပြုလုပ်ခဲ့ပါတယ်။

ကမ္ဘာကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲရဲ့ လွန်ခဲ့နှစ်တွေကထုတ်ပြန်တဲ့ အစီရင်ခံစာအရ နှစ်စဉ်နှစ် တိုင်းကလေး ၁သန်း ၂သိန်းခန့်ဟာ လူကုန်ကူးခံနေရတယ်လို့ဆိုပါတယ်။ အရှေတောင်အာရှမှာ ဆိုရင် လည်း အမျိုးသမီးနဲ့ ကလေးသူငယ်ပေါင်း ၂သိန်း ၂သောင်း ၅ထောင်ခန့်ဟာ လူကုန်ကူခံနေရတယ်လို့ ဆိုပါတယ်။
အခုလက်ရှိမှာတော့ မြန်မာ၊ ထိုင်း၊လာအို၊ ဗီယက်နမ်၊ တရုပ် နယ်စပ်ဖြစ်တဲ့ မဲခေါင်မြစ်ဝှမ်းဒေသဟာ ကလေးကူးသန်းရောင်ဝယ်မှု အများဆုံးဖြစ်နေတဲ့ နေရာတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့လူကူး သန်းရောင်းဝယ်မှုကိုတားဆီးတဲ့ ကုလသမဂ္ဂရဲ့ပါလာမိုစာချုပ်ကို ၂၀၀၄ခုနှစ် မတ်လ၂၀ မှာလက်မှတ် ရေး ထိုးထားသလို ၂၀၀၅ခုနှစ်မှာတော့ လူကုန်ကူးသန်းရောင်းဝယ်ခြင်း တားဆီးတဲ့ဥပဒေကို အတည် ပြဌာန်းခဲ့ပါတယ်။ ဥပဒေထဲမှာ လူကူးသန်းရောင်းဝယ်မှုက အထူအလေးပေး တားဆီးနှိမ်နင်းသွားမယ် ဆိုတဲ့အကြောင်းဖော်ပြထားပေမဲ့လည်း အမျိုးသမီးနဲ့ကလေး ကူးသန်းရောင်းဝယ်မှုတွေကတော့ မြန်မာ နိုင်ငံမှာ အများအပြားဖြစ်နေတယ်ဆိုတာကိုတော့ လူအခွင့်ရေးအဖွဲ့တွေက ပြောဆိုဝေဖန်နေဆဲဖြစ်ပါ တယ်။

0 comments: