Monday 1 December 2008

မြန်မာအမျိုးသမီး လူမှုစောင့်ရှောက်ရေးအဖွဲ့ (SAW) ဖဲကြိုးနီဆု ရရှိ


၂၀၀၄ ခုနှစ်ကတည်းက စတင်ပြီး ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးပါဝင်တဲ့ အဖွဲ့ပေါင်းစုံကနေ အိပ်ခ်ျအိုင်ဗွီ/
အေအိုင် ဒီအက်စ် ရောဂါဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ အင်ဂျီအို လူမှုအဖွဲ့အစည်း
တွေကို ချီးမြှင့်နေ တဲ့ ဖဲကြိုးနီဆုကို ဒီနှစ်အတွက် အဖွဲ့ပေါင်း (၂၅) ဖွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီအထဲမှာ
ထိုင်း-မြန်မာနယ်စပ်က Social Action for Women အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေး မြန်မာအဖွဲ့အစည်းလည်း ပါဝင်ပါ တယ်။ ဒီဆုကို လက်ခံရရှိတာဟာ မြန်မာပြည်က ရောဂါဝေဒနာရှင်
တွေမှာ အကူအညီမဲ့နေတာကို နိုင်ငံတကာ ကသိအောင် ဖော်ထုတ်ပေးလိုက်တာ ဖြစ်တယ်လို့ အဖွဲ့
ကို ဦးစီးတည်ထောင်သူတဦးဖြစ်တဲ့ ဒေါ်အေးအေးမာ က ပြောပြပါတယ်။

အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင်များကို ကူညီစောင့်ရှောက်ပေးနေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများကို ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ပေးအပ်သော ၂၀၀၈ ခုနှစ် ဖဲကြိုးနီဆုပေးပွဲတွင် အမျိုးသမီးများ လူမှုစောင့်ရှောက်ရေးအဖွဲ့ SAW မှ ဒေါ်အေးအေးမာ မိန့်ခွန်းပြောကြားနေပုံ (Photo: RFA)

ဒေါ်အေးအေးမာ ။ ။ ဒီဆုကိုပေးခြင်းက မြန်မာနိုင်ငံမှာ အခုဆိုရင် အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်နဲ့ပတ် သက်ပြီးတော့ ပိုများလာတယ်၊ ကုသမှုတွေ ပိုပြီးတော့ လိုအပ်နေတယ်ဆိုတဲ့အကြောင်း မကြာခင်က
MSF က ထုတ်ပြန်တဲ့ စာရင်းဇယားအရလည်း သိရတယ်။ အဲတော့ ဒီလိုမျိုးပေးခြင်းဟာ မြန်မာနိုင်ငံမှာ ပိုပြီးတော့ ဝေ ဒနာသည်တွေများနေတယ် ဆိုတာကိုလည်း မီးမောင်းထိုးပြရာလည်းရောက်တယ်။ ဒီလို ပေးခြင်းအားဖြင့် မြန် မာနိုင်ငံမှာ ဝေဒနာရှင်တွေဟာ အကူအညီမဲ့နေတယ်ဆိုတာကိုလည်း ပြသရာ ရောက်တယ်လို့ ကျမအနေနဲ့ ယူ ဆပါတယ်။

ဒီဆုကို ပူးတွဲလက်ခံရရှိတဲ့ ထိုင်းအင်ဂျီအို အမျိုးသမီးအဖွဲ့အစည်း Empower အဖွဲ့နဲ့ အမျိုးသမီးများအ
တွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ (SAW) ကိုဂုဏ်ပြုတဲ့အနေန့ ကျင်းပတဲ့ အခမ်းအနားတခုကို ထိုင်း
နိုင်ငံဘန် ကောက်မြို့က လူစည်ကားတဲ့ ပန်းခြံတခုမှာ ဒီကနေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ တနေ
ကုန် ကျင်းပခဲ့ပါ တယ်။ ဒီအခမ်းအနားမှာ အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့ကိုယ်စား ဒေါ်အေးအေးမာနဲ့ စကားပြောခွင့်ရပါတယ်။ သူတို့အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး
ဒေါ်အေးအေးမာက အာရ်အက်ဖ်အေကို အခုလို ရှင်းပြပါတယ်။


ဒေါ်အေးအေးမာ ။ ။ ကျမတို့ စောက်ရှောက်ထားတဲ့ အမျိုးသမီးတွေ၊ ကလေးတွေဆိုတာ သူတို့ဘယ်
က ရောဂါရလာလဲဆိုရင် မြန်မာပြည်အတွင်းပိုင်းကနေ ရောဂါတွေ ရလာကြတယ်။ တချို့ကလေး
တွေဆိုရင်ရောဂါဖြစ်တယ်။ ဒါပေမယ့် မြန်မာပြည်ထဲမှာ သွေးစစ်တာတွေ ကုသတာတွေ မရှိဘူး။
ဆေးပေးတာတွေ မရှိဘူးပေါ့နော်။ အဲလိုမျိုးတွေကြောင့် ဒီထိုင်းနိုင်ငံဖက်ကို ကူးပြီးလာပြတယ်။ လာ
ပြမှ ဒီဖက်မှာရှိတဲ့ မယ်တော်ဆေးခန်းတို့ MSF တို့ရောက်တော့မှ ဒီရောဂါတွေကူးစက်နေမှန်းသိရ
တယ်။ အဲဒီအခါမှာ သူတို့အတွက် ဆေးဝါးလိုအပ်တယ်။ ဒီအေအာရ်ဗွီဆေး လိုအပ်တဲ့အခါကျတော့
လစဉ်ပုံမှန် မြန်မာပြည်ထဲမှာလည်း ၀ယ်မတိုက်နိုင်ဘူး။ ဒီကိုလည်းမကြာခဏလာဖို့ လမ်းစရိတ်မရှိ
ဘူး။ ကုသဖို့လည်း စရိတ်မရှိဘူး။ အဲဒီအခါမှာ ဒီကလေးတွေကို တချို့ကလေးတွေဆိုရင် မိဘတွေရှိ
တယ်။
ဒါပေမယ့် အဲဒီကလေးတွေကို ထားပစ်ခဲ့ရတယ်။ အဲလိုကလေးမျိုးတွေကို ကျမတို့ စောင့်ရှောက်ထား
ရတယ်။

ဒီအခမ်းအနားကို ထိုင်းနိုင်ငံက အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါဝေဒနာရှင် အများအပြား
တက်ရောက်ခဲ့ကြပြီး ပျော်ပွဲရွှင်ပွဲတွေလည်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။
သတင်း - အာရ်အက်ဖ်အေ (၃၀-၁၁-၀၈)

2 comments:

ဒူကဘာ said...

Congratulation ပါ အမ အေးမာ၊ အဖွဲသားများလဲ ဂုဏ်ယူပါတယ် အခု ဆုအတွက်ပေါ့။

နော်မန် said...

ဖဲကြိုးနီ ဆု အတွက် ဂုဏ်ယူပါတယ် မအေးမာ ။

၈၈ ရဲ့ နော်မန်